တူရကီ-ဆီးရီးယားငလျင်ကို ၃ ရက်ကြိုတင်၍ တိကျစွာခန့်မှန်း နိုင်ခဲ့သည့် ဖြစ်စဉ်

Article Science

ငလျင်တွေကို ကြိုတင်ခန့်မှန်းဖို့ ဆိုတာ နည်းပညာ အရ အလွန်ကို ခက်ခဲတဲ့ အလုပ်တခု ဖြစ်ပြီး တိကျစွာ ခန့်မှန်းနိုင်ဖို့ လုံးဝ ကို မလွယ်ကူခဲ့တာပါ။

သုတေသီများဟာ ငလျင်တွေကို ခန့်မှန်းနိုင်ဖို့ နည်းပညာ အမျိုးမျိုးကိုတော့ စမ်းသပ်နေပါတယ်။

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ငလျင်ကြီး တခုမှာတော့ ပညာရှင်တယောက်ဟာ ကြိုတင် သိနေခဲ့ပါတယ်။

နယ်သာလန်အခြေစိုက် Solar System Geometry Survey (SSGEOS) မှ သုတေသီ Frank Hoogerbeets က သူ့ရဲ့တွစ်တာမှာ

မကြာမီ တူရကီတောင်ပိုင်း၊ ဂျော်ဒန်၊ ဆီးရီးယား၊ လက်ဘနွန်တွေမှာ ပြင်းအား ရစ်ချ်တာစကေး ၇ ကျော်တဲ့ ငလျင်လှုပ်ခတ်တော့မည်ဟု ပို့စ်တင်ပြီး သုံးရက် အကြာမှာ သဘာဝဘေးအန္တရာယ်က တူရကီနှင့် ဆီးရီးယားတို့ကို ကျရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

သုတေသီ Frank Hoogerbeets က ဖေဖော်ဝါရီ ၆ ရက်နေ့တုန်းက တူရကီနှင့် ဆီးရီးယားတို့ကို လှုပ်ခတ်ခဲ့သည့် ငလျင်မတိုင်မီ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ကြိုတင် ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

တူရကီနိုင်ငံ တောင်ပိုင်းနှင့် ဆီးရီးယား မြောက်ပိုင်းတို့မှာ ကြီးမားတဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၅၀၀၀ ကျော် အနိစ္စရောက်ခဲ့ရပြီး အခြေခံ အဆောက်အအုံများ ပျက်ဆီးသွားပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းအများအ​​ပြား လုပ်ဆောင်လျှက် ရှိပါတယ်။

Illustration

ရစ်ခ်ျတာစကေး ၇ ဒသမ ၈ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် တူရကီနှင့် ဆီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ အဆောက်အအုံအများအပြား ပြိုကျခဲ့တာဖြစ်ပါတယ်။

ဆီးရီးယား တနိုင်ငံတည်းမှာပဲ အနည်းဆုံး လူ ၂၃၀ ကျော် အနိစ္စရောက်ခဲ့ရပြီး ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဆိုက်ပရပ်စ်နှင့် လက်ဘနွန်တို့မှာလည်း ပြင်းအား ၇.၇ ရှိတဲ့ နောက်ထပ် ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။

နံနက်အစောပိုင်းတွင် ငလျင်လှုပ်ခတ်ပြီး နာရီ အနည်းငယ် အကြာတွင် တူရကီ အရှေ့တောင်ပိုင်းမှာ ရစ်ခ်ျတာစကေး ၇ ဒသမ ၅ ရှိတဲ့ နောက်ထပ်ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

SSGEOS ဝဘ်ဆိုက်ရဲ့ ပြောကြားချက်အရ ၎င်းတို့ရဲ့ ရည်ရွယ်ချက်မှာ “ငလျင်လှုပ်ခတ်မှုနှင့် ဆက်စပ်နေသော ကောင်းကင် အရာဝတ္တုများကြား ဂျီသြမေတြီကို စောင့်ကြည့်ခြင်း” ဖြစ်တယ်ဟု ဆိုပါတယ်။

SSGEOS စောင့်ကြည့်ရေး လှုပ်ရှားမှုများက “နေအဖွဲ့အစည်းအတွင်း ပိုမို ကြီးမားတဲ့ ငလျင်များကို ဖြစ်စေနိုင်တယ်” ဟူ သော အထောက်အထားများအပေါ် အခြေခံထားတယ်ဟု ဆိုပါတယ်။

Hoogerbeets က ကြီးမားတဲ့ ငလျင်လှုပ်ခတ်မှုတွေဟာ ဖေဖော်ဝါရီ ၄ ရက်မှ ၆ ရက်အထိ ဒေသတွင်းတွင် ပြင်းအား ၆ အထိ ဖြစ်ပေါ်နိုင်တယ်ဟု ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com