F-35 ၏ အိပ်ဇောနော်ဇယ် အလုပ်လုပ်ပုံအကြောင်း

Knowledge Military

F-35 များ၏ Low Observable Axisymmetric Nozzle လို့ခေါ်တဲ့ အိတ်ဇောနော်ဇယ်ကို F-35 များတွင် မတပ်ဆင်ခင် F-16 များတွင် တပ်ဆင်စမ်းသပ်ခဲ့ရာ အဆင့်မြှင့်တင်ထားသော အအေးပေးနည်းပညာများ ထည့်သွင်းထားမှုကြောင့် အိပ်ဇောမှထွက်ရှိလာသည့် ဓာတ်ငွေ့များ၏ အပူကို လျှော့ချနိုင်ကြောင်း ပြသ နိုင်ခဲ့ပါတယ်။

လုပ်ဆောင်ပုံကတော့ ယေဘုယျအားဖြင့် လေယာဉ်၏ လေဝင်ပေါက်မှ ဝင်လာသော လေများကို afterburner နှင့် ပူနေသော အိပ်ဇော ပတ်ဝန်းကျင်တွင် လမ်းကြောင်းပြောင်းကာ ပျံ့နှံ့စေခြင်းဖြင့် အိပ်ဇော တဝိုက်ကို အပူလျှော့ချ ပေးတာဖြစ်ပါတယ်။

နော်ဇယ်၏ပုံစံမှာလည်း ရေဒီယိုလှိုင်းများကိုလမ်းကြောင်းပြောင်းစေပြီး အိတ်ဇောတဝိုက်တွင် radar cross section ကိုလျှော့ချဖို့ အရေးပါစေပါတယ်။

ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်များ သည် များသောအားဖြင့် အပူလှိုင်းရှာပြီး ပစ်ခတ်ရသည့် ဒုံးကျည်များဖြစ်ကြပါတယ်။

ယခုအခါ အပူ လှိုင်း ရှာနည်းပညာများသည် ယခင် ကထက်များစွာ တိုးတက်လာပြီး flare များဖြင့် လှည့်ဖျား ကာကွယ်မှုများကိုပင် သိရှိနိုင်စွမ်းရှိနေကြပြီဖြစ်ပါ တယ်။

အိတ်ဇောမှအပူကိုလျှော့ချခြင်းသည် afterburner ဖွင့်ခြင်း၊ မဖွင့်ခြင်း အပေါ်လည်း မူတည် ပါတယ်။

တကယ်လို့ afterburner ဖွင့်ထားပါက အပူချိန်လျှော့ချရန် ပိုမို ခက်ခဲ နိုင်ပါတယ်။ ဒါပေမယ့် F-35/F-22 များမှာတော့ အပူအာရုံခံ ဝေဟင်မှဝေဟင်ပစ် ဒုံးကျည် များ၏ ပစ်ချခံ ရနိုင်မှုကို အများဆုံးလျှော့ချ ထားပါတယ်။

ဒီနည်းပညာကို F-22 ရဲ့နော်ဇယ်များ မှာ ပိုမို ကောင်း မွန် အောင်တပ်ဆင်ထားပါတယ်။

ဒီလိုနည်းပညာသုံးတဲ့ နော်ဇယ်များကို အမေရိကန် မဟုတ်တဲ့ တခြားနိုင်ငံများမှ လေယာဉ်များတွင် အသုံးပြုခြင်းမရှိသေးပါ။

၂၀၂၀ ဒီဇင်ဘာလက ဖော်ပြခဲ့သော post ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *