AI အကြော်ဆရာ
ဥာဏ်ရည်တုကို အဆင့် မြှင့်တင် ထားတဲ့ စက်ရုပ်တွေဟာ အမေရိကရဲ့ ဘာဂါ လုပ်သည့် ဝန်ထမ်းတွေကို ကျော်လွန်ပြီး Buffalo Wild Wings ရှိ ဆီနှစ်အကြော် (deep fryer) ဆိုင်တွေအတွက် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
Miso Robotics ဟာ သူ့ရဲ့ ဘာဂါလုပ်တဲ့ စက်ရုပ် Flippy ကို စားသောက်ဆိုင်တွေအတွက် အလုပ်သမားစရိတ်တွေကို လျှော့ချဖို့ လွယ်ကူတဲ့ နည်းလမ်းအဖြစ် ၂၀၁၈ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပါတယ်။

Walmart ပင်လျှင် Flippy ကို သူ့ရဲ့ များစွာသော မီးဖိုချောင်တွေမှာ စမ်းသပ်ခဲ့ပါတယ်။ ထို့နောက် ၂၀၂၀ ခုနှစ်တွင် White Castle ဟာ သူ့ရဲ့ကိုယ်ပိုင် Flippy တွေကို ဝယ်ယူခဲ့ပါတယ်။
ယခုအခါ ကုမ္ပဏီဟာ Flippy Wings သို့မဟုတ် Wingy လို့ခေါ်တဲ့ စက်ရုပ်အသစ်ဖြင့် သူ့ရဲ့ကမ္ဘာ့ စက်ရုပ် လွှမ်းမိုးမှု အစီအစဉ်ရဲ့ နောက်တစ်ဆင့်သို့ တက်လှမ်းလျက်ရှိပါတယ်။
သူ့နာမည်မှာ ဆိုထားတဲ့အတိုင်း စက်ရုပ်ကို ကြက်တောင်ပံကဲ့သို့သော အစားအစာ အပိုင်းအစတွေကို ခွဲခြားသိရှိနိုင်ပြီး deep fryer ထဲသို့ ထည့်ဖို့ AI အမြင်အာရုံကို အသုံးပြုရန် ဒီဇိုင်းထုတ်ထားပါတယ်။
တစ်နည်းဆိုလျှင် ကျွန်တော်တို့ရဲ့ အလုပ်အတွက် ရောက်ရှိလာတဲ့ စက်ရုပ်တွေလို့ ဆိုရမှာဖြစ်ပါတယ်။

Wingy ဆိုတဲ့ စက်ရုပ်၏ အသုံးဝင်မှု
Miso Robotics မှ Wingy ဟာ စားသောက်ဆိုင် လုပ်သားတွေ အပူလောင်ခြင်း ဖြစ်နိုင်ချေကို ဖယ်ရှားခြင်းဖြင့် စားသောက်ဆိုင်တွေကို အမှန်တကယ် ဘေးကင်းစေမှာဖြစ်တယ်လို့ အခိုင်အမာဆိုထားပါတယ်။
အသင်းသားတွေဟာ deep fryer ဆိုင်တွင် အချိန်ကုန်ပိုမိုသက်သာစွာဖြင့် ချက်ပြုတ်နိုင်တယ်လို့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
Flippy Wings ဟာ ပရော်ဖက်ရှင်နယ် စားဖိုမှူးများ ကဲ့သို့ လတ်ဆတ်ပြီး အေးခဲထားတဲ့ ဒါမှမဟုတ် မုန့်နှစ်စိမ်ထားတဲ့ စားသောက်ကုန်တွေကို သန့်သန့်ရှင်းရှင်း၊ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ပမာဏများများ ကြော်နိုင်တယ်လို့ ဥက္ကဌ Mike Bell က ထုတ်ပြန်ချက်တွင် စိတ်အားထက်သန်စွာ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ တမူထူးခြားတဲ့ အမည်ရှိသော်လည်း Miso Robotics ဟာ မီးဖိုချောင်အကူအတွက် များစွာယုံကြည်မှုရလျက်ရှိပါတယ်။
ထိုကဲ့သို့ နည်းပညာဟာ အစားအသောက် ဝန်ဆောင်မှုအလုပ်တွေ အဖြစ်သို့ ကောင်းစွာ အသုံးပြုနိုင်သော်လည်း Wingy ဟာ သူ့ရဲ့ လူသားသခင် တွေကို တိုက်ခိုက်ကာ မျက်နှာပေါ် ဆီပူတွေ လောင်းချဖို့ ဆုံးဖြတ် လိုက်တဲ့နေ့ကိုတော့ ကျွန်တော်တို့ ဘယ်သောအခါမှ မတွေ့ရဖို့ မျှော်လင့်ပါတယ်။
Feature Photo: Courtesy of Futurism
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။