အမေရိကန် အာကာသ တပ်ဖွဲ့ဟာ GPS III ဂြိုဟ်တုများ အားလုံးကို လွှတ်တင်လို့ မပြီးသေးပေမယ့် ပိုမို အစွမ်းထက်သည့် ဂြိုဟ်တုများကိုတော့ လွှတ်တင်နိုင်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
အာကာသ တပ်ဖွဲ့ အကြောင်းနှင့် ပတ်သက်ပြီး အနည်းငယ် သိရန် “ဟာသမဟုတ်တဲ့ အာကာသ တပ်ဖွဲ့အကြောင်း” ဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။
GPS III Follow-on satellites သို့မဟုတ် အတိုကောက် GPS IIIF လို့ခေါ်တဲ့ GPS III ဂြိုဟ်တု အမျိုးအစားသစ်များဟာ ဂြိုဟ်တု အစုအဖွဲ့များကို ပိုမို တိကျစွာ တိုင်းတာလာစေနိုင်ပြီး ရေဒီယိုလှိုင်း ဖိဖျက် တိုက်ခိုက် ခံရမှုကိုလည်း ကာကွယ်နိုင်မှာပါ။
GPS III ဂြိုဟ်တုများဟာ ယခင် ဂြိုဟ်တုများထက် သိသိသာသာ အဆင့်မြှင့်ထားပြီးဖြစ်ကာ ယခင်ထက် ၃ ဆ ပိုမို တိကျလာပြီး ရေဒီယိုလှိုင်း ဖိဖျက်မှုဒဏ်ကို ၈ ဆ အထိ ခံနိုင်လာပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းတွင် အခြား လမ်းပြဂြိုဟ်တု စနစ်များနှင့် တွဲဖက် အသုံးပြုနိုင်သည့် အရပ်ဖက်သုံး အချက်ပြ signal အသစ် ပါဝင်လာပါတယ်။
အာကာသ တပ်ဖွဲ့ဟာ လက်ရှိတွင် GPS III ဂြိုဟ်တု ၅ လုံးအထိ လွှတ်တင်ထားပြီး နောက်ထပ် ၃ လုံးဟာ အဆင်သင့် ဖြစ်နေပြီ လို့ ကြေ ငြာထားပါတယ်။
ဒီလို ဂြိုဟ်တုတွေကို ကာကွယ်ရေး ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီ Lockheed Martin က ထုတ်လုပ်ပေးတာဖြစ်ပြီး GPS IIIF ဂြိုဟ် တု ၂၂ လုံးအထိ လွှတ်တင်ဖို့ စာချုပ် ချုပ်ဆိုထားပါတယ်။
ထူးခြားချက်ကတော့ အာကာသစနစ် အသစ်များဟာ သတ်မှတ်ထားသည် ဒေသတခုအတွင်းတွင် အကျိုးသက်ရောက်မှုကို အာရုံစိုက်နိုင်သည့် ထိန်းကျောင်းနိုင်သော M-code (စစ်ဘက်သုံးကုဒ်) signal ဖြင့် ဒေသတွင်းဆိုင်ရာ ကာကွယ်ရေး စွမ်းဆောင်ရည်သစ်ကို သက်သေ ပြ နိုင်မှာ ဖြစ်ပါတယ်။

ဂြိုဟ်တုဟာ ရေဒီယိုလှိုင်းဖိဖျက်မှု ဒဏ်ကို အဆပေါင်း ၆၀ လောက် အထိ ပိုမို ခံနိုင်အောင် ထောက်ပံ့ပေးနိုင်ပြီး စစ်သည်များ၏ အရေး ကြီး သည့် အနေအထားများ၊ လမ်းညွှန်စနစ်များ နှင့် စစ်မြေပြင်တွင် အချိန်ကိုက် အချက်အလက်များကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။
အခြား နောက်ထပ် ပါဝင်သည့် လုပ်ဆောင်နိုင်မှုများတွင် တိုင်းတာရာတွင် ဓာတ်ရောင်ခြည်လှိုင်းများကို ပြန့်ကျဲမှု အနည်းဆုံးဖြင့် တိုင်းတာနိုင်သည့် laser retroreflector array ကို တပ်ဆင်ထားတဲ့အတွက် နျူကလီးယား ဖောက်ခွဲမှုများကို ထောက်လှမ်းသည့် စနစ်နှင့် ရှာဖွေကယ်ဆယ်ရေး စနစ်တို့ကို ပိုမို တိကျစေပါတယ်။
တတိယမြောက်ဖြစ်တဲ့ GPS IIIF ဖြင့် စတင်ကာ ဂြိုဟ်တုများကို စစ်ရေးအတွက် အထူး ဒီဇိုင်းထုတ်ထားသည့် Lockheed ကုမ္ပဏီ၏ မော်ကျူလာ ဒီဇိုင်းဖြစ် တည်ဆောက်ထားသည့် LM2100 Combat Bus အာကာသသွားယာဉ်ဖြင့် တည်ဆောက်သွားမှာဖြစ်သည်။
ကုမ္ပဏီမှ ၎င်း၏ အာကာသသွားယာဉ်အသစ်ဟာ အာကာသတပ်ဖွဲ့၏ နောက်ထပ် ဒုံးကျည် ကြိုတင် သတိပေးဂြိုဟ်တုများအတွက်လည်း အသုံးပြုမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒီယာဉ်သစ်ဟာ အကြမ်းပတမ်းခံနိုင်ပြီး ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်ထားတာ၊ စွမ်းအားပိုကောင်းပြီး တွန်းကန်စနစ်ဟာလည်း ပိုမို ကောင်းမွန်ပါတယ်။
LM2100 အသစ်ကြောင့် ကမ္ဘာ့ပတ်လမ်းအတွင်းတွင် တည်ရှိနေသည့် GPS IIIF များကိုပါ အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်။
ကုမ္ပဏီ၏ Augmentation System Port Interface လို့ခေါ်တဲ့ ချိတ်ဆက်မှုစနစ်ဟာ အဓိကအားဖြင့် ဂြိုဟ်တုအတွက် USB ပေါက်အဖြစ် အလုပ် လုပ်ပေးပြီး အာကာသ တပ်ဖွဲ့ဟာ နောက်ထပ် တပ်ဆင်စရာ ရှိသည့် စနစ်များကို စနစ်၏ အပေါက်တွင် ချိတ်ဆက် တပ်ဆင်ကာ အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။