မြက်ပင်တွေက ကျွန်ုပ်တို့ကို ယားယံစေရတဲ့ အကြောင်းအရင်း

Knowledge Nature

ဘောလုံးကိုဖမ်းဖို့ မြက်ခင်းပြင်ကို လျှောထိုးကျဖူးရင် မြက်ခင်းပြင်ကနေ rမခံစားနိုင်လောက်တဲ့ ယားယံမှုကို ဖြစ်စေတာကို ကျွန်ုပ်တို့ခံစားဖူးကြမှာပါ။

မြက်တွေဟာ နူးညံ့တဲ့ အသွင်အပြင်ရှိသော်လည်း၊ ၎င်းတို့ရဲ့ အသွားလေးတွေက အပေါ်ယံ အရေပြားကို ပွတ်တိုက်နိုင်ပြီး ပူလောင်ခြင်း သို့မဟုတ် ယားယံခြင်းတို့ကို ဖြစ်စေပါတယ်။

ဒါ့ကြောင့် မြင်ပင်တွေပေါ်သို့ လဲလျောင်းလိုက်မယ်ဆိုရင် သဘာဝတရားကြီးက တခြားနေရာသို့ ပြောင်းရွှေ့အောင် ဖန်တီးပေးထားပုံရပါတယ်။

မြက်ပင်တွေကို ထိတွေ့တဲ့အခါ ကျွန်ုပ်တို့ကို ဘာလို့ဒီလို ဖြစ်စေတာလဲ။ ပြီးတော့ အန္တရာယ်ကင်းတဲ့ ပုံပေါ်တဲ့မြက်တွေက ထိုကဲ့သို့ ယားယံမှု​တွေကို ဘယ်လိုဖန်တီးကြတာလဲ။

ဒီအတွက် ဖြေရှင်းချက်တွေ ရှိပါတယ်။

မြက်ပင်တွေက ပျော့ပျောင်းတဲ့ ပုံပေါက်နေပေမည့် ၎င်းတို့ရဲ့အသွားတွေက ကျွန်ုပ်တို့ရဲ့အပေါ်ယံ အရေပြားပေါ်မှာ သေးငယ်တဲ့ ပွန်းပဲ့မှုကို ဖြစ်စေနိုင်ပါတယ်။

မြက်ပင်ရဲ့အစွန်းတွေက အရေပြားကို ပျက်စီးစေနိုင်သော်လည်း ၎င်းတို့ရဲ့ မျက်နှာပြင်ပေါ်မှာ ကျွန်ုပ်တို့ကို ယားယံစေတဲ့ အခြားအချက်တစ်ခုရှိပါသေးတယ်။

မြက်တွေမှာဆိုရင် မျက်စိဖြင့် မမြင်နိုင်သော်လည်း ပျော့ပျောင်းတဲ့တစ်သျှူးများကို ယားယံစေနိုင်တဲ့ Trichomes ဟုခေါ်သော အမွေးသေးသေးလေးများဖြင့် ဖုံးအုပ်ထားပါတယ်။

Trichomes တွေက တိရစ္ဆာန်တွေကို မြက်နှင့် အခြားအပင်များကို မစားချင်အောင် ကူညီပေးပါတယ်။ (ဘာလို့လဲဆိုတော့ လှုပ်ရှားမှုမရှိတဲ့အခါ အခြားကာကွယ်ရေးနည်းလမ်းရှိခြင်းက အပင်တွေကို အကူအညီဖြစ်စေပါတယ်။)

ယေဘူယျအားဖြင့် အန္တရာယ်မရှိသော်လည်း သေးငယ်တဲ့ဖြတ်တောက်မှုတွေက ကျွန်ုပ်တို့ရဲ့ တစ်သျှူးအတွင်းသို့ ချွေးများစိမ့်ဝင်စေပြီး အနာပေါ်ဆားပတ်သလို နာကျင်ခံစားမှုကိုဖြစ်အောင် ဖန်တီးပေးပါတယ်။

အများအားဖြင့် အန္တရာယ်မရှိသော်လည်း၊ trichomes တွေက တစ်ခါတစ်ရံတော့ ကြောက်မက်ဖွယ်ကောင်းပါတယ်။

ဥပမာအားဖြင့် ဆူးပင်တွေမှာဆိုရင် သေးငယ်တဲ့ hypodermic အပ်များကဲ့သို့ ပြုမူသည့် trichomes ပါရှိပါတယ်။

မြက်ပင်တွေမှာဆိုရင် အပင်ကြီးထွားမှုမှ ဖုံးအုပ်ထားတဲ့ ဝတ်မှုန်တွေရဲ့ ထောက်ပံ့မှုကောင်းကောင်းရှိပါတယ်။

အထူးသဖြင့် ဝတ်မှုန်နှင့် ဓာတ်မတည့်တဲ့သူများအတွက် ၎င်းဟာ trichomes ကြောင့် အရေပြားပျက်စီးသွားတာနဲ့ ယားယံခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

တစ်ခါတစ်ရံ မြက်ပင်တွေဟာ တခြားသတ္တဝါတွေ အတွက် ခိုအောင်း နေထိုင်နိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

ပိုးမွှားများ၊ လှေးများနှင့် အခြားပိုးမွှားများ မြက်ခင်းပြင်ပေါ်တွင် ရှိနေနိုင်ပြီး ၎င်းတို့ အကိုက်ခံရတဲ့ အခါမှာလည်း ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။

ကံကောင်းတာတစ်ခုက ယားယံခြင်းကို ရှောင်ရှားဖို့ ကျွန်ုပ်တို့လုပ်ဆောင်နိုင်တဲ့ အချက်အချို့ရှိပါတယ်။

ပျော်ပွဲစားထွက်ဖို့ မြက်ခင်းပြင်မှာ ထိုင်ရမယ်ဆိုတာ သိရင် ဘောင်းဘီတိုအစား ဘောင်းဘီရှည်ကို ရွေးဝတ်သင့်ပါတယ်။

ဝတ်မှုန်တွေက ကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက် ဖြစ်စေပါက၊ အပြင်ဘက်တွင် အချိန်များစွာ ကြာကြာ နေမိမယ် ဆိုရင် အိမ်ရောက်တာနဲ့ အဝတ်ကို ချက်ချင်းလျှော်ဖွတ်သင့်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.