Great white shark လို့ ခေါ်တဲ့ ငါးမန်းဖြူများဟာ လူများကို တိုက်ခိုက်တတ်ကြလို့ အန္တရာယ်ရှိတဲ့ ငါးမန်းအဖြစ် လူသိများပါတယ်။
၎င်းတို့ဟာ အရှည် ပေ ၂၀ လောက်အထိ ကြီးထွားနိုင်ပြီး အလေးချိန် မှာ ၅၂၀ ကီလိုဂရမ်မှ ၁,၁၀၀ ကီလိုဂရမ်လောက်အထိ ရှိပါတယ်။
၂၀၀၈ ခုနှစ်က ဩစတေးလျ သုတေသီ Steve Wroe ဦီးဆောင်တဲ့ အဖွဲ့ဟာ ဒီငါးမန်းရဲ့ ဦးခေါင်းခွံ X-ray ဓာတ်ပုံများကို အသုံးပြုပြီး ကွန်ပျူတာစနစ်ဖြင့် တိုင်းတာခဲ့ရာ ၂၁ ပေအရွယ် ငါးမန်းဖြူတကောင် ကိုက်အားဟာ 4,000 PSI လောက်အထိ ရှိတယ်လို့ သိရပါတယ်။

“ငါးမန်းဖြူတွေဟာ လူတွေကို တိုက်ခိုက်တတ်တဲ့ ဥာဏ်မရှိတဲ့ သတ္တဝါတွေ” “လူသားကြိုက်တဲ့ သတ္တဝါတွေ” စသည်ဖြင့် အမျိုးမျိုး ထင်ကြေးပေးခဲ့ကြပါတယ်။
ဒါပေမယ့် အာရုံကြောဇီဝဗေဒပညာရှင် နှင့် ဘွဲ့လွန် ပါရဂူ သုတေသီ တဦး ဖြစ်တဲ့ Laura Ryan ကတော့ လူတွေကို တိုက်ခိုက်တာ သူတို့ အစာနဲ့ သွားတူနေလို့လို့ ပြောပါတယ်။
ငါးမန်းဖြူ (သိပ္ပံအမည် Carcharodon carcharias) တွေရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၀ ခုနှစ်မှ လူ ၇ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ၂ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
အဆိုပါ ငါးမန်းများဟာ အရှည် ၈.၂ ပေ (၂.၅ မီတာ) လောက် ရှိလာတဲ့ အချိန်မှာ ပင်လယ်ဖျံများကို စတင် စားသောက်ကြပါတယ်။
၎င်းတို့ဟာ သားကောင်ကို ပုံရိပ်နှင့် အခြား အနံ့ကဲ့သို့ အာရုံခံခြင်းများကို အသုံးချပြီး ရှာဖွေကြပါတယ်။

ငါးမန်းဖြူများဟာ အရောင်ကို လူတွေ မျက်လုံးက မြင်ရသလို ကောင်းစွာ အသေးစိတ် မြင်နိုင်စွမ်း မရှိကြပါဘူး။
သုတေသီများဟာ ဖျံများ ရွေ့လျားမှုနှင့် လူများ ရေကူးခြင်းနှင့် လှိုင်းစီးဘုတ်များပေါ်တွင် လှော်ခတ်ခြင်းတို့၏ ပုံရိပ်များကို ငါးမန်း၏ အမြင်လွှာတွင် မြင်ရသည့် ပုံခြင်း နှိုင်းယှဉ်နိုင်ရန် ဗီဒီယို ရိုက်ကူး သုတေသန ပြုလုပ်ခဲ့ပါတယ်။
အဲဒီ့အထဲတွင် အရှည် ၉.၃ ပေ ၊ အကျယ် ၁.၉ ပေ ရှိတဲ့ လှိုင်းစီးဘုတ်ပြား နှင့် အရှည် ၅.၈ ပေ၊ အကျယ် ၁.၆ ပေလောက်ရှိသည့် လှိုင်းစီးဘုတ်ပြား တို့ကို အသုံးပြုခဲ့ပါတယ်။
ဒါပေမယ့် ငါးမန်းများဟာ နှစ်မျိုးစလုံးကို ကိုက်ခဲ့သည့်အတွက် ၎င်းတို့အနေဖြင့် အမြင်အာရုံ ကွဲပြားမှု မရှိဘူး ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
ယခု သုတေသနဟာ ငါးမန်းဖြူများကိုသာ စမ်းသပ်ခဲ့တာ ဖြစ်ပြီး လူကို ရံဖန်ရံခါ တိုက်ခိုက်တတ်သည့် ငါးမန်းများတွင် bull shark နှင့် tiger shark ကဲ့သို့ အခြား ငါးမန်းများလည်း ပါဝင်ပါသေးတယ်။

ငါးမန်းဖြူများဟာ အရွယ်ရောက်ပြီး အရွယ်မှာတောင် လူတွေကို တိုက်ခိုက်တတ်ပေမယ့် အသက်အရွယ်ကြီးရင့်လာသည့်အခါတွင် အမှားအယွင်း နည်းသွားကြောင်း Ryan က ပြောပါတယ်။
နိုင်ငံတကာ သဘာဝထိန်းသိမ်းရေး သမဂ္ဂ (IUCN) ၏ တားမြစ်မှုအရ ငါးမန်းများကို ဖမ်းမိပါက ပြန်လွှတ်ကြပေမယ့် ဩစတေးလျနှင့် တောင်အာဖရိကတွင် ကမ်းခြေကာကွယ်ရေးအတွက် အများအပြား သုတ်သင်ပစ်တဲ့အတွက် ငါးမန်းဖြူများဟာ မျိုးသုဉ်းမည့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။
ဒါဟာ ငါးမန်းတွေ ဘာကြောင့် တိုက်ခိုက်ရသလဲ ဆိုတာကို မသိခြင်းဟာ လူတွေကို စိုးရိမ်ပူပန်စေပြီး ငါးမန်းအရေအတွက်ကို လျော့ကျစေတဲ့ အကြောင်းအရင်း တရပ်ဖြစ်လာတဲ့ အကြောင်းကို Ryan က ပြောပြပါတယ်။
ငါးမန်းများဟာ သမုဒ္ဒရာ၏ ဂေဟစနစ်တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပြီး ၎င်းတို့၏ သားကောင်များ၏ အရေ အ တွက် ကို ထိန်းထားပေးပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။