ဟီလီယမ် ဓာတ်ငွေ့ အကြောင်း သိကောင်းစရာ

Knowledge Science

ဟီလီယမ်ဟာ အာကာသထဲမှာ ပေါများသလောက် မီးပုံးပျံများနှင့် အခြားရည်ရွယ်ချက်များအတွက် အသုံးပြုဖို့ သဘာဝဓာတ်ငွေ့မှ ထုတ် ယူရရှိဖို့ မလွယ်ကူလှပါဘူး။

ဟီလီယမ်ကို မိုးပျံပူပေါင်းတစ်ခုထဲထည့်ကာ လွှတ်တင်လိုက်မယ်ဆိုရင် မိုးပျံပူပေါင်းဟာ အမြင့်ပေ 33,000 (10 ကီလိုမီတာ) အောက်သို့ရောက်ရှိသည်အထိ မြင့်တက်လာမှာဖြစ်ပါတယ်။

အဆိုပါ အမြင့်ရောက်ရှိတဲ့အခါ လေထုဖိအားနဲ့ မိုးပျံပူပေါင်းအတွင်းရှိ ဓာတ်ငွေ့ဖိအားဒဏ်ကို မိုးပျံပူပေါင်းအရေပြားက ခံနိုင်ရည်ရှိမှာ မဟုတ်ဘဲ ပေါက်ကွဲ​လာမှာပဲဖြစ်ပါတယ်။

လွင့်ထွက်သွားတဲ့ ဟီလီယမ်တွေဟာ လေထုအတွင်းရှိ အခြားဓာတ်ငွေ့များထက် ပိုမိုပေါ့ပါးသောကြောင့် ရပ်တန့်ဖို့ အကြောင်းမရှိပါဘူး။

ဒါကြောင့် ဆက်လက်လည်ပတ်နေပြီး အာကာသထဲသို့ ယိုစိမ့်နေမှာပဲ ဖြစ်ပါတယ်။

ဒါ​တွေကြောင့် လေထုထဲမှာဆိုရင် ဟီလီယမ်ပမာဏဟာ 0.0005 ရာခိုင်နှုန်းသာ ရှိတာပါ။

ဟီလီယမ်ဟာ အာကာသထဲတွင် ပေါများပြီး တစ်ချို့ကြယ်များအတွင်းမှာဆိုရင် ပေါင်းစပ်တုံ့ပြန်မှုရဲ့ ထုတ်ကုန်တစ်ခုအဖြစ် ထုတ်လုပ်ပေးပါတယ်။

သို့ပေမယ့် ကမ္ဘာပေါ်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ဟီလီယမ်ဟာ မတူညီတဲ့ ဖြစ်စဉ်တစ်ခုမှ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ကမ္ဘာမြေကြီးအတွင်းမှာဆိုရင် ယူရေနီယမ်နှင့် သိုရီယမ်ကဲ့သို့သော ရေဒီယိုသတ္တိကြွဒြပ်စင်များဟာ ပျက်စီးယိုယွင်းပြီး အခြားဒြပ်စင်များ အဖြစ်သို့ ပြောင်းလဲသွားပါတယ်။

အဆိုပါ တုံ့ပြန်မှုများရဲ့ အကျိုးဆက်အနေနဲ့ နျူထရွန် နှစ်ခုနှင့် ပရိုတွန် နှစ်ခုပါ၀င်တဲ့ အမှုန်အမွှားများ ဟုခေါ်သော သေးငယ်တဲ့ အပိုင်းအစများဖြစ်လာပါတယ်။

အဆိုပါအမှုန်တွေဟာ ၎င်းတို့ပတ်ဝန်းကျင်မှ အီလက်ထရွန်များနဲ့​ပေါင်းပြီး ဟီလီယမ်အဖြစ်သို့ ပြောင်းလဲသွားကာ အာကာသထဲသို့ မရောက်မချင်း ၎င်းဟာ အပေါ်ယံလွှာမှတဆင့် တဖြည်းဖြည်း မြင့်တက်လာကာ လေထုထဲသို့ လွှင့်တက်နေမှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့အတွက် ကံကောင်းထောက်မစွာဖြင့် ​ လောင်စာအဖြစ်အသုံးပြုဖို့အတွက် ကမ္ဘာမြေကြီးမှထုတ်ယူရရှိတဲ့ ရေနံနှင့် သဘာဝ ဓာတ် ငွေ့တွေမှာလည်း ဟီလီယမ် ပါ၀င်တာတွေ့ရပါတယ်။

ဒါဟာ ကျွန်ုပ်တို့ကို မိုးပျံပူပေါင်းများ လွှင့်ထုတ်ခြင်းအပြင် ကွန်ပျူတာများအတွက် ဆီလီကွန်ချစ်ပ်များ ထုတ်လုပ်ခြင်းစတဲ့ အမျိုးမျိုးသော အခြားစက်မှုလုပ်ငန်းစဉ်များအတွက် အသုံးပြုနိုင်သည့် ထောက်ပံ့မှုကို ပေးစွမ်းနိုင်ပါတယ်။

သဘာဝဓာတ်ငွေ့ကနေ ဟီလီယမ် ခွဲထုတ်နိုင်ဖို့အတွက် သဘာဝဓာတ်ငွေ့မှာ ဟီလီယမ်ပမာဏ အနည်းဆုံး ထုထည်အားဖြင့် 0.3 ရာခိုင်နှုန်း ရှိဖို့လိုပါတယ်။

ဒါကို ရေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ဟိုက်ဒရိုဂျင်ဆာလဖိုဒ် ကဲ့သို့သော အခြားအညစ်အကြေးများကို စစ်ထုတ်တဲ့ စက်မှုလုပ်ငန်းစဉ်များဖြင့် လုပ်ဆောင်ပါတယ်။

နောက်ဆုံးမှာတော့ Cryogenic processing ဟုခေါ်တဲ့ ဓာတ်ငွေ့ကို အအေးခံပြီး အများစုပါဝင်တဲ့ မီသိန်းကို ဖယ်ရှားကာ အာဂွန်၊ နီယွန်နှင့် ဟိုက်ဒရိုဂျင် ပမာဏအနည်းငယ်ဖြင့် သန့်စင်တဲ့ ဟီလီယမ်ပမာဏ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်အထိ ချန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။

ထို့နောက်မှာတော့ ဟီလီယမ် အကြမ်းကို အအေးခံခြင်း နှင့် စစ်ထုတ်ခြင်း လုပ်ငန်းစဉ်ဖြင့် သန့်စင်ပြီး 99 ရာခိုင်နှုန်းပိုမိုသန့်စင်တဲ့ ဟီလီယမ်ကို ရရှိမှာပဲ ဖြစ်ပါတယ်။

ပြဿနာက ၎င်းတို့မှာ ဟီလီယမ်အလုံအလောက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွင်းများ အများအပြားမရှိသဖြင့် ဟီလီယမ်ထုတ်ယူခြင်းဟာ ထိထိရောက်ရောက်နဲ့ လုပ်ဆောင်ဖို့ ခက်ခဲနေပြီး ဟီလီယမ်အများစုဟာ အမေရိကန်အစိုးရရဲ့ National Helium Reserve အပါအဝင် အရင်း အမြစ်အနည်းငယ်မှ လာခြင်းဖြစ်ပါတယ်။

စက်မှုလုပ်ငန်းအတွက်ဆိုရင်လည်း ဟီလီယမ်လိုအပ်ချက် အလွန်များပြားသဖြင့် လည်ပတ်ဖို့ မလုံလောက်ပါဘူး။

အဆိုပါ ဟီလီယမ်ပြတ်လပ်မှုဟာ ၂၀၁၉ မှာ ၎င်းကိုအသုံးပြုတဲ့ စတိုးဆိုင် ၄၅ ဆိုင်ကိုပိတ်ဖို့ စီစဉ်ထားရတဲ့ Party City ကဲ့သို့သော စီးပွားရေးလုပ်ငန်းများကို များစွာထိခိုက်စေနိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.