လုပ်ငန်းသုံး ခွေးဘီလူးကားမှသည် စခန်းချ အပန်းဖြေယာဉ်သို့

Innovation Travel

ဒီကားကတော့ ပုံမှန် camping လုပ်တဲ့ ကားတွေနဲ့ အများကြီး ကွဲပြားပြီး ကုမ္ပဏီက မဝယ်ရင်တောင် ကျွန်တော်တို့ ဆီမှာ ကိုယ်တိုင် ဖန်တီးနိုင်ပါက လူကြိုက်များတဲ့ ကားတစီး ဖြစ်လာမှာပါ။

Quokka camper လို့ခေါ်တဲ့ စခန်းချ အပန်းဖြေခရီး ထွက်လို့ရအောင် ဖန်တီးထားတဲ့ ဒီကားကို Mishima Daihatsu က ထုတ်လုပ်ထားတဲ့ မြန်မာနိုင်ငံမှာ ခွေးဘီလူးလို့ခေါ်တဲ့ Hijet ကားကို အခြေခံထားတာပါ။

ဒါဟာ ကျွန်တော်တို့ မြင်ဖူးသမျှမှာ အသေးငယ်ဆုံးသော လုပ်ငန်းသုံးကား အခြေခံ လေးဘီးတပ် အပန်ဖြေ စခန်းချနိုင်သည့် ကားမျိုး ဖြစ်လာပြီး အရှည်အားဖြင့် ၁၁ ပေ သာသာ လောက်သာ ရှိပါတယ်။

Image: Courtesy of Mishima Daihatsu

ဘေးဘက်မှာတော့ အခြား Recreational vehicle ခေါ် အပန်းဖြေ ယာဉ်များကဲ့သို့ ပြတင်းပေါက်များကို တပ်ဆင် ပေးထား ပါသေးတယ်။

ဒီလိုပြင်ဆင်ထားသည့်တိုင် ကားဟာ လုပ်ငန်းသုံး ပစ္စည်းသယ်သည့် ကားပုံစံ မပျောက်သေးပေမယ့် သင့်ကို စိတ်ပျက်စေမှာတော့ မဟုတ်ပါဘူး။

ကားပေါ်တွင် လန်းဆန်းနေဖို့ရာ အသုံးပြုသည့် သစ်များကို ဂျပန် ဘုရားကျောင်းများနှင့် ရေပူစမ်း အပန်းဖြေစခန်းများတွင် အသုံးပြုသည့် ဂျပန်ထင်းရှူးပင်မှ အသားဖြင့် ပြုလုပ် ထားပါတယ်။

ထိုသစ်သားဟာ နက်ရှိုင်းပြီး မွေးပျံ့တဲ့ ရနံ့ကို ပေးစွမ်းနိုင်သည့်အပြင် တာရှည်ခံမှုနှင့် ဘက်တီးရီးယား ပိုးသတ်နိုင်သည့် ဂုဏ်သတ္တိများကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အသုံးပြုထားသည့် သစ်ကို Hinoki လို့ခေါ်ပြီး ဂျပန်နိုင်ငံ Shizuoka စီရင်စုတွင် တစိတ်တပိုင်း တည်ရှိတဲ့ ဖူဂျီတောင် ခြေရင်းမှ ရရှိလာတာ ဖြစ်ပါတယ်။

အတွင်းပိုင်းတွင် အရှည်ဆွဲဆန့်လိုက်ပါက အိပ်ယာအဖြစ် အသုံးပြုနိုင်သည့် အတွင်း/အပြင်မှာ ထမင်းစားစားပွဲ အဖြစ်ပါ အသုံးပြုနိုင်သည့် စားပွဲတခု ပါဝင်ပါတယ်။

အပြင်တွင် စားပွဲအဖြစ် အသုံးပြုရာတွင် အားလုံးကို ဖြုတ်လိုက်ပါက သစ်သား သေတ္တာလေးလုံး ထွက်လာပြီး အဆိုပါ သေတ္တာများကို ထိုင်ခုံများနှင့် ခြေနင်းခုံများ အဖြစ် သုံးနိုင်ပါတယ်။

Image: Courtesy of Mishima Daihatsu

အဆိုပါ စားပွဲနှင့်အတူ လိုက်ဖက်စွာ အသုံးတော်ခံနိုင်မယ့် ခုံတန်းရှည် ၂ ခုကိုလည်း ကားအတွင်းမှာ အလျားလိုက် ထည့် သွင်းထားပါတယ်။

အဲဒီ့ရဲ့ အောက်မှာတော့ ပစ္စည်းများကို သိုလှောင်နိုင်ရန် အတွက်လည်း အောက်တွင် ထည့်စရာ သိုလှောင်ခန်းလေးများကို ထည့်သွင်း ဖန်တီးထားတဲ့အတွက် ကျစ်ကျစ်လစ်လစ် ရှိနေစေပါတယ်။

Image: Courtesy of Mishima Daihatsu

ဒါ့အပြင် သစ်ကား ကုတင်၏ အောက်ဘက် ကြမ်းပြင်တွင် မိုက်ခရိုဝေ့ဖ် နှင့် ရေခဲ့သေတ္တာငယ်လေးကိုလည်း တပ်ဆင်ထားသဖြင့် အစားအစာများကို ပြင်ဆင်နိုင်မှာပါ။

ကားတွင် DC လျှပ်စစ် နှင့် USB ပလပ်များ ပါရှိသည့် 100Ah ရှိတဲ့ (100,000 mAh) ရှိတဲ့ ဘတ္တရီ ပါဝင်တဲ့ လျှပ်စစ် စနစ်ကို တပ်ဆင်ထားပါတယ်။

Image: Courtesy of Mishima Daihatsu

ကုမ္ပဏီမှ ဝယ်ယူရင်တော့ 200 Ah ဘတ္တရီ၊ နေရောင်ခြည် အားသွင်းခြင်းနှင့် အင်ဗာတာ၊ အပူပေးနှင့် အအေးပေးစနစ် များ စသည်တို့ကို ထည့်သွင်း အဆင့်မြှင့်နိုင်ပါတယ်။

ဒီကားကို Mishima Daihatsu ကုမ္ပဏီမှ ၂၀၂၂ ဂျပန်နိုင်ငံ အပန်းဖြေ စခန်းချကား ပြပွဲတွင် ပြသခဲ့တာဖြစ်ပြီး နှစ်ဘီးယက် (Two-wheel drive) အတွက် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၂၂,၃၀၀ လောက် ကျသင့်နိုင်ဖွယ် ရှိပါတယ်။

Image: Courtesy of Mishima Daihatsu

မြေပြင် အနေအထား အမျိုးမျိုးမှဦ မောင်းနှင်နိုင်မယ့် လေးဘီးယက် (Four-wheel-drive) ကိုတော့ အမေရိကန် ဒေါ်လာ ၂၃,၆၇၅ လောက် ကျသင့်မှာပါ။

ကုမ္ပဏီအနေဖြင့် အဆင်သင့် ပြုလုပ်ထားတဲ့ ဒီလို အပန်းဖြေ စခန်းချကားကို မိတ်ဆက်လိုက်ပေမယ့် ကျွန်တော်တို့ နိုင်ငံတွင်းမှာတော့ ကိုယ်ပိုင်ဖန်တီးလို့ ရနိုင်မယ့် Quokka camper ကားဒီဇိုင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.