ပုရွက်ဆိတ်တွေ အသက်ရှူတဲ့ ပုံစံ အကြောင်း

Nature Science

သင့်ရဲ့ ရင်ဘတ်နှင့် ဝမ်းဗိုက်အကြားရှိ ကြွက်သား (ရင်ဝမ်းခြား ကြွက်သား) နှင့် ရင်ဘတ်ကို အသေအချာ ဖိကိုင် ထားပြီး ပါးစပ် နဲ့ လည်ချောင်းကို ဖွင့်ပြီး အသက်ရှူကြည့်ပါ။

သင့်အနေနဲ့ အသက်ရှုမဝဖြစ်ပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ လေ မော်လီကျူးတွေက ကြုံသလို ပျံ့နှံ့သွားပြီး သင့်အဆုတ် အတွင်းထဲကိုတော့ အောက်စီဂျင် တစ်ချို့ ဝင်နေဆဲ ဖြစ်နေပါလိမ့်မယ်။

ဒါပေမယ့် သင့် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို လိုက်ဖြည့်စည်းဖို့တော့ မလုံလောက်ပါဘူး။

အသက်ရှင်ဖို့ ရင်ဝမ်းကြား ကြွက်သားရဲ့ လုပ်ဆောင်ချက် မပါဘဲ သင့်အဆုတ်အတွက် လေကို ရှုတာ ၊ ထုတ်တာ လုပ်ဖို့ အတွက်ဆိုရင် အများ​ကြီး ပိုသေးတဲ့ ခန္ဓာကိုယ် ဖြစ်ဖြစ် လည်ချောင်းတစ်ခုထက် ပိုတာဖြစ်ဖြစ် လိုအပ်ပါလိမ့်မယ်။

ပုရွက်ဆိတ်တွေမှာတော့ နှစ်မျိုးလုံးရှိပါတယ်။

ပုရွက်ဆိတ်မျိုးစိတ်တွေ အပေါ် မူတည်ပြီး ပုရွက်ဆိတ်တွေရဲ့ ခန္ဓာကိုယ် ဘေး တစ်လျှောက်မှာ spiracle လို့ ခေါ်တဲ့ ပြင်ပ အသက်ရှူလမ်း ကြောင်း ဖွင့်ထားတဲ့ သေးငယ်သော အပေါက် ၉ ပေါက် သို့မဟုတ် ၁၀ ပေါက် အစုံလိုက် ပါကြပါတယ်။

spiracle တစ်ခုဆီဟာ သေးငယ်တဲ့ လေပြွန် အကိုင်းအခက် အများအပြား နဲ့ ချိတ်ဆက်ထားပါတယ်။

ပိုးကောင်လေးတွေက အောက်စီဂျင် ကို သွေးကနေ မသယ်ဆောင်ဘဲ သေးငယ်တဲ့ ပြွန်လေးတွေနေတဆင့် သယ်ဆောင်တာကလွဲရင် ကျန်တာက ကျွန်ုပ်တို့အဆုတ်နဲ့ ဆင်တူပါတယ်။

Spiracle အပေါက်လေးများ တည်ရှိပုံ Photo: Courtesy of BBC Science

၎င်းအစား လေပြွန်တွေဟာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့​နေပြီး အကိုင်းတစ်ခုဆီက ဆဲလ်တစ်ခုစီရဲ့ အမြှေးပါးတွေနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ စိုထိုင်းတဲ့နံရံ တစ်ခုမှာ အဆုံးသတ်ပါတယ်။

ဒီစနစ်ဟာ သေးငယ်တဲ့တိရိစ္ဆာန်တွေမှာဘဲ အလုပ်ဖြစ်တာပါ။ ခန္ဓာကိုယ်ဟာ နှစ်စင်တီမီတာထက် ကျော်လွန်လာတာနဲ့ အမျှ လေပြွန်တွေဟာလည်း အောက်စီဂျင်ပိုမို ပျံနှံ့သွားစေဖို့ အလွန်ရှည်လျားလာပါတယ်။

ပိုကြီးတဲ့ အင်းစက် ပိုးမွှားတွေကတော့ လေပြွန်တစ်လျှောက် လေတွေကို စုပ်ထုတ်ဖို့ သူတို့ရဲ့ဝမ်းဗိုက်တွေကို ကွေးပေးခြင်းဖြင့် အသက်ရှူစနစ်ကို အားဖြည့်ပေးရပါတယ်။

သို့ပေမယ့် သေးငယ်တဲ့ ပုရွက်ဆိတ်အရွယ် အင်းစက်ပိုးမွှားလေးတွေ အတွက်တော့ ဒါတွေမပါဘဲ ကောင်းကောင်းစီမံနိုင်ပါတယ်။

တကယ်တော့ ၂၀၀၅ ခုနှစ် ဘာလင် တက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ ဒီအရွယ် ပိုးမွှားလေးတွေဟာ အောက်စီဂျင် အများကြီး ရရှိဖို့ မလို အပ် တာကြောင့် သူတို့ရဲ့ spiracle တွေကို အခါအားလျော်စွာ ပိတ်ဖို့ လိုအပ်တယ် ဟု ဆိုပါတယ်။

သဘာဝ တရားကြီးရဲ့ ဆန်းကြယ်မှုတွေကို ကျွန်တော်တို့ အနေနဲ့ အခုထိ လေ့လာလို့ မကုန်နိုင်သေးပါဘူး။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.