ပုရွက်ဆိတ်များ၏ အံ့ဩဖွယ် သဘာဝ အင်ဂျင်နီယာ အတတ်ပညာ

Knowledge Nature

ပုရွက်ဆိတ် ​တောင်ပို့တွေမှာ သန်းနဲ့ချီတဲ့ ပုရွက်ဆိတ်တွေနေထိုင်နိုင်ပြီး မြေအောက်၂၅ ပေ လောက်ထိ ရောက်ရှိ တည်​ဆောက် ထားကြတာကို တွေ့ရပါတယ်။

သင့်အနေနဲ့ ပုရွက်ဆိတ်တောင်ပို့ကို ကြည့်လိုက်လျှင် မြေစာပုံတစ်ခုအနေဖြင့်သာ တွေ့ရပါလိမ့်မယ်။

ဒါပေမဲ့ အနည်းငယ် တူးကြည့်မယ်ဆိုရင် မြေအောက် ပုရွက်ဆိတ်မြို့တော်ရဲ့ ဗိသုကာမြောက် ဆောက်လုပ်ရေး ဆိုင်ရာ အံ့ဖွယ်တွေကို သင်မြင်​​တွေ့ရပါလိမ့်မယ်။

နောက်ဆုံး ဆယ်စုနှစ်ပေါင်းများစွာ ဒီမြေအောက် ကွန်ယက်များဟာ ပုရွက်ဆိတ် သန်းပေါင်းများစွာကို နေနိုင်ပြီး ၂၅ ပေ (၇.၆ မီတာ) အ နက်ထိ တည်ဆောက် ထားကြပါတယ်။

ထို့ကြောင့် Caltech မှ သိပ္ပံပညာရှင်တွေက အနည်းငယ် အံ့သြဖွယ်ကောင်းတဲ့ ပုရွက်ဆိတ်တွေရဲ့ နေထိုင်မှုပုံစံကို ပိုမို နား လည်စေရန်နှင့်ပုရွက်ဆိတ်များရဲ့ တည်ဆောက်ပုံ အပြုအမူတွေကိုလည်း လေ့လာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကျွနိုပ်တို့ဟာ ဒီသေးငယ်တဲ့ ပုရွက်ဆိတ်လေးတွေရဲ့ ကျွမ်းကျင်စွာ တည်ဆောက်မှုကို လေ့လာပြီး သတ္တု တွင်း၊ မြေ အောက်ရထားများ သို့မဟုတ် မြေအောက်စိုက်ပျိုးရေးအတွက် အသုံးဝင်မယ့်အရာတွေကို တည်ဆောက်ဖို့ ကျွနိုပ်တို့ရဲ့ မြေအောက် တူးဖော်ဆောက်လုပ်ရေး ဆိုင်ရာ စွမ်းရည်တွေကို မြှင့်တင်နိုင်ပါတယ်။

လူနှင့် ပုရွက်ဆိတ်များနေထိုင်ရာ မြေအောက် ဖွဲ့စည်းမှုကို နှိုင်းယှဉ်ထားစဉ် Credit: Charles F. Badland

Caltech အဖွဲ့မှ Jose Andrade ဦးဆောင်သော George W. Housner ၏ မြို့ပြ နှင့် စက်မှုအင်ဂျင်နီယာပါမောက္ခဟာ ပုရွက်ဆိတ်များ၏ အပြုအမူများကို အနီးကပ်လေ့လာစောင့်ကြည့်ခဲ့ပါတယ်။

Caltech မှဇီဝဗေဒနှင့်လက်ထောက်ပါမောက္ခ Joe Parker ဟာ အဖွဲ့နဲ့ပူးပေါင်းပြီး ပုရွက်ဆိတ်တွေကို မြေကြီးထဲ့ထားတဲ့ ခွက်သေးသေးလေးတွေမှာ X-ray ပုံဖော်စက်တစ်ခုဆီထဲ့၍ လေ့လာခဲ့ကြတယ်။

အဖွဲ့ဟာ ခွက်အတွင်း ပုရွက်ဆိတ်တွေအတွင်းပိုင်း လှိုင်ခေါင်းတွေ ဖန်တီးလဲ ဆိုတာကို 3D scan ဖတ်ပြီး သူတို့ရဲ့ ဆောက်လုပ်ရေးဆိုင်ရာတွေကို တုပဖန်တီးပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် Jose Andrade နဲ့ သူ့အဖွဲ့ဟာ ပုရွက်ဆိတ်တွေရဲ့ လုပ်ဆောင်ပုံတစ်ချို့အတိုင်း လိုက်နာခဲ့တယ်ဆိုတာ သဘောပေါက်ခဲ့ကြပါတယ်။

(၁) ဒါဟာ အလုပ်ဖြစ်ပါတယ်၊ ပုရွက်ဆိတ်တွေက ခွက်အတွင်း သူတို့ရဲ့ လှိုင်ခေါင်းတွေကို တူးခဲ့အခါ အပိုအလုပ်တွေကို အတတ်နိုင်ဆုံး အ နည်းဆုံး ဖြစ်အောင် ဖြောင့်ဖြောင့်တန်းတန်းတူးကြပါတယ်။

Jose Andrade က” ဒီ ဖြောင့်ဖြောင့်တန်းတန်းသွားတဲ့လမ်း​ကြောင်းက အမှတ် နှစ်ခုကြားမှာ အတိုဆုံးလမ်းကြောင်းဖြစ်တယ် ဟုဆိုပါတယ်။

ပုရွက်ဆိတ်တွေဟာ ခွက်ရဲ့ ဘေးဘက်နံရံတွေကို အခွင့်ကောင်းယူပြီး ဒါတွေဟာ သူတို့လမ်းကြောင်းဖောက်လုပ်တဲ့နေရာမှာ အရမ်းထိရောက်မှုရှိတယ်ဆိုတာကို ပြသနေပါတယ်။”

(၂) ပုရွက်ဆိတ်တွေဟာ ရူပဗေဒနိယာမသဘောတရားတွေအတိုင်း သူတို့ရဲ့ လှိုက်ခေါင်းတွေကို အတက်နိုင်ဆုံးလိုအပ်တာထက်ပိုမမြင့်စေဘဲ မတ်စောက်စွာ တူးကြပါတယ်၊ ဒီလိုမှမဟုတ်ရင် ဥမင်လှိုက်ခေါင်းတွေပြိုကျပြီး ပုရွက်ဆိတ်တွေကို သေစေပါလိမ့်မယ်။

အဖွဲ့ရဲ့ ​နောက်ဆုံး​​ လေ့လာ တွေ့ရှိချက်များ အရ ပုရွက်ဆိတ်တွေရဲ့ မြေအောက်တူးနည်းများဟာ လူသားများအား အကျိုး ပြု နိုင်စေတာကို တွေ့ရှိရပါတယ်။

(၃) ပုရွက်ဆိတ်တွေ မြေဆီလွှာတွေကို ဖယ်ရှားလိုက်ပြီး လှိုင်ခေါင်း အတွင်းမှာ ပြိုကျမှု မဖြစ်အောင် အင်အား ကွင်းဆက်တွေကို သဘာဝ အတိုင်းပြန်လည် စီမံကြတာတွေ့ရပါတယ်။

ဆိုလိုသည်မှာ သူတို့အလုပ်လုပ်နေတဲ့အချိန်မှာ သူတို့ပတ်ပတ်လည်မှာ ပိုးအိမ်သေးသေးလေး ဖန်တီးပြီး ဥမင်လှိုင်ခေါင်းနံရံတွေကို အား ဖြည့်ပေးကြပါတယ်။

ဒါဟာ ပုရွက်ဆိတ်တွေ အလုပ်လုပ်နေတဲ့အခါ လှိုင်ခေါင်းတွေရဲ့ ဖိအားကို သက်သာစေပြီး ပုရွက်ဆိတ်များ မြေဆီလွှာကို အန္တရာယ်ကင်းကင်း လွယ်လွယ်ကူကူ ဖယ်ရှားဖို့ ပိုမိုလွယ်ကူစေပါတယ်။

Image: CALTECH

“ပုရွက်ဆိတ်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာတည်ရှိနေတဲ့ ဒီအဆောက်အအုံတွေကို ဘယ်လိုတည်ဆောက်ခဲ့တယ်ဆိုတာ အင်ဂျင်နီယာပညာ နဲ့ ပုရွက်ဆိတ်ဂေဟစနစ်က ပဟေဋိဆန်တယ်” ဟု Joe Parker ကဆိုပါတယ်။

ကျွနိုပ်တို့တွေ့ရတဲ့ပုံစံအတိုင်းဘဲ ပုရွက်ဆိတ်တွေ မြေဆီလွှာရွယ်စေ့ တွေကို ဖယ်ရှားလိုက်ပြီး သူတို့ အောက်ကိုဆက်တူးတဲ့အခါ ပြိုကျမှုမဖြစ်အောင် ဒီလုံးပတ်အင်အား ကွင်းဆက်ကနေ ထိန်းပေးပြီး အကျိုးဖြစ်စေတာကိုတွေ့ရပါတယ်။

လေ့လာမှု​တွေရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးတွေ့ရှိချက်တွေထဲက တစ်ခုကတော့ ပုရွက်ဆိတ်တွေဟာ သူတို့ရဲ့လုပ်ငန်းလုပ်စဥ်တွေကို သတိတောင်မထားကြပါဘူး၊ဒါဟာ သူတို့အတွက်သဘာဝလုပ်ရိုးလုပ်စဥ်ဘဲ ဖြစ်ပါတယ်။

အနာဂတ်မှာစက်ရုပ်ပုရွက်ဆိတ်တွေကလူသားတွေအတွက်ဥမင်လိုဏ်ခေါင်းတွေတည်ဆောက်နိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။

အခုခေတ်မှာ​တော့ လူသားတွေဟာ မြောက်မြားစွာသော ဥမင်လှိုင်ခေါင်း ပုံစံဆန်းတွေကို ပုရွက်ဆိတ်တွေရဲ့ နည်းလမ်း အတိုင်း တည် ဆောက်နေကြပြီဘဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.