လူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ်ကို တွေးကြည့်တဲ့အခါ ကျွန်ုပ်တို့ရဲ့ စိတ်တွေဟာ မျက်မှောက်ခေတ် လူသားကို မွေးထုတ်ပေးဖို့ သဘာဝအတိုင်း ရွေးချယ်မှု စတင်ယူခဲ့ရတဲ့ နှစ်သန်းပေါင်းများစွာကို ပြန်ရောက်သွားကြပါတယ်။
မကြာသေးမီက သုတေသနပြုချက်များအရ လူသားတွေဟာ ခေတ်မီနည်းပညာတွေနှင့် စက်မှုလုပ်ငန်းတွေ တိုးတက်ပြောင်းလဲလာသော်လည်း၊
“ဆင့်ကဲဖြစ်စဉ်တွေဟာ အမှန်တကယ်နားလည်ဖို့အတွက် ရှေးတုန်းက အမဲလိုက်ခြင်းတွေ စတင်ခဲ့တဲ့ နေ့ရက်တွေကို ပြန်ကြည့်ရမှာဖြစ်တယ်” ဟု Turku တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Virpi Lummaa က Gizmodo သို့ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့သည့်နှစ်ပေါင်း ၁ သောင်းလောက် ကတည်းက ကျွန်ုပ်တို့လူသားတွေရဲ့ ဆင့် ကဲပြောင်းလဲမှုတွေဟာ အရှိန်အဟုန် မြင့်လာကာ ကျွန်ုပ်တို့ရဲ့ မျိုးဗီဇတွေမှာ ဗီဇပြောင်းလဲမှုတွေ ပိုမိုဖန်တီးလာပြီး သဘာဝအလျောက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။
အောက်ဖော်ပြပါအချက်တွေဟာ လူသားတွေ ဆင့်ကဲပြောင်းလဲလာကြောင်း ပြသနေတဲ့ သဲလွန်စအချို့ပဲ ဖြစ်ပါတယ် ။
(၁) နို့ကို ချေဖျက်လာနိုင်တဲ့ ဆင့်ကဲပြောင်းလဲမှုအကြောင်း
သမိုင်းကြောင်းတွေအရ၊ ကျွန်ုပ်တို့ဟာ မိခင်နို့ သောက်သုံးမှုကို ဖြတ်လိုက်တဲ့အခါ လူသားတွေဟာ lactose ချေဖျက်နိုင်စွမ်းကို ထိန်းညှိပေးတဲ့ ဗီဇဟာ ပိတ်သွားပါတယ်။

milk
ဒါပေမယ့် နွား၊ သိုး၊ ဆိတ်တွေကို အိမ်မွေးစပြုလာတဲ့အခါ ၎င်းတို့မှ ရရှိလာတဲ့ နို့ကိုသောက်ရတာက အာဟာရပြည့်ဝတဲ့ အရည်အသွေးဖြစ်လာပြီး နို့ကို ချေဖျက်နိုင်တဲ့ မျိုးရိုးဗီဇ ပြောင်းလဲလာတဲ့ လူတွေဟာ သူတို့ရဲ့ မျိုးဗီဇကို ပိုကောင်းလာအောင် မွေးမြူလာကြပါတယ်။
အဆိုပါ ဗီဇကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅ ထောင်နှင့် ၆ ထောင် အကြား နေထိုင်ခဲ့တဲ့ ဥရောပမြောက်ပိုင်းရှိ လူဦးရေတွေမှာ ၂၀၀၂ ခုနှစ် တုန်းက စတင်တွေ့ရှိခဲ့တာပါ။
နို့ကို ချေဖျက်နိုင်ဖို့ အတွက် မျိုးဗီဇ ပြောင်းလဲမှုကို ဥရောပ မြောက်ပိုင်း သားစဉ်မြေးဆက် ၉၅ ရာခိုင်နှုန်းကျော်က သယ် ဆောင် လာကြတယ်လို့ သိရပါတယ်။
(၂) ဆင့်ကဲပြောင်းလဲလာမှုကြောင့် ကျွန်ုပ်တို့ရဲ့ အံဆုံးသွားတွေ ဆုံးရှုံးလာတဲ့အကြောင်း
ကျွန်ုပ်တို့ရဲ့ဘိုးဘေးတွေဟာ ကျွန်ုပ်တို့ထက် ပိုကြီးတဲ့ မေးရိုးများ ရှိကြပြီး ၎င်းတို့ကို သစ်ဥသစ်ဖု၊ အခွံမာသီးနှင့် အရွက်တွေစတဲ့ ခက်ခဲတဲ့ အစာတွေကို ဝါးဖို့ ကူညီပေးပါတယ်။

tooth
ဒါ့အပြင် အံဆုံးသွားတွေဟာ ကျွန်ုပ်တို့ဘိုးဘေးတွေရဲ့ စားသောက်မှု အလေ့အထကို လိုက်လျော ညီထွေ ဖြစ်စေဖို့ ဆင့်ကဲဖြစ်စဉ်အဖြေဟု ယူဆရပါတယ်။
ယနေ့ခေတ် ကျွန်ုပ်တို့မှာဆိုရင် အစားအစာများကို ဖြတ်တောက်ဖို့အတွက် အသုံးအဆောင်များစွာရှိပါတယ်။
ကျွန်ုပ်တို့ရဲ့အစားအစာတွေဟာ ပိုမိုပျော့ပျောင်းပြီး ဝါးရလွယ်ကူတဲ့အပြင် ကျွန်ုပ်တို့ရဲ့မေးရိုးတွေကလည်း ပိုမို သေးငယ်တဲ့အတွက်ကြောင့် အံဆုံးသွားများ ဝင်ရောက်လာတဲ့အခါ ထိခိုက်မှုများရှိတတ်ပါတယ်။
သုတေသီတွေရဲ့ ခန့်မှန်းချက် တစ်ခုအရ လက်ရှိလူတွေရဲ့ ၃၅ ရာခိုင်နှုန်းဟာ အံဆုံးသွားများ မပေါက်ကြပဲ အချို့ကတော့ လုံးဝ ပျောက်ကွယ် သွားတာဖြစ်နိုင်တယ်ဟု ဆိုကြပါတယ်။
(၃) ကူးစက်ရောဂါတွေကို တွန်းလှန်ဖို့ ဆင့်ကဲ ပြောင်းလဲလာတဲ့ အကြောင်း
၂၀၀၇ ခုနှစ်တုန်းက ဆင့်ကဲဖြစ်စဉ်ရဲ့ လက္ခဏာတွေကို ရှာဖွေနေတဲ့ သုတေသီအဖွဲ့တစ်ဖွဲဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ သောင်းအတွင်း လူသားတွေမှာ ပျံ့နှံ့လာခဲ့တဲ့ မျိုးဗီဇ ၁,၈၀၀ ကို ရှာဖွေတွေ့ရှိခဲ့ပြီး အများစုမှာ ငှက်ဖျားကဲ့သို့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ဖို့ ဆင့်ကဲပြောင်းလဲလာပါတယ်။

DNA
ငှက်ဖျားတိုက်ဖျက်ရေးအတွက် မျိုးရိုးဗီဇအသစ် တစ်ဒါဇင်ကျော်ဟာ အာဖရိက တိုက်သားများ ကြားမှာ လျင်မြန်စွာ ပျံ့နှံ့လျက်ရှိပါတယ်။
မြို့ကြီးတွေမှာ နေထိုင်ခြင်းဟာ ကျွန်ုပ်တို့ကို တီဘီနှင့် နူနာကဲ့သို့သော ကူးစက်ရောဂါတွေကို ပိုမို ခံနိုင်ရည်ရှိစေသည့် မျိုးရိုးဗီဇမျိုးကွဲကို ထုတ်ပေးပါတယ်။
“ဒါဟာ ဆင့်ကဲဖြစ်စဉ်ရဲ့ အံဝင်ခွင်ကျ စံနမူနာတစ်ခုလို့ ထင်ရပါတယ်” ဟု လန်ဒန် သဘာဝသမိုင်းပြတိုက်မှ ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင် ဒေါက်တာ Ian Barnes က ၂၀၁၀ ခုနှစ်တုန်းက ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
(၄) ကျွန်ုပ်တို့ လူသားတွေရဲ့ ဦးနှောက်တွေဟာ ကျုံ့လာတဲ့အကြောင်း
ကျွန်ုပ်တို့လူသားတွေရဲ့ ဦးနှောက်ဟာ အခြားတိရစ္ဆာန်တွေထက် ဉာဏ်ကောင်းစေတယ်ဟု ကျွန်ုပ်တို့ယုံကြည်ကြသော်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ သောင်း အတွင်း အမှန်တကယ်ကျုံ့သွားတာကို တွေ့ရပါတယ်။
လူ့ဦးနှောက်ရဲ့ ပျမ်းမျှထုထည်ဟာ ၁,၅၀၀ ကုဗစင်တီမီတာမှ ၁,၃၅၀ ကုဗစင်တီမီတာသို့ လျော့ကျသွားပြီး ဒီပမာဏဟာ တင်းနစ် ဘောလုံးတစ်လုံးရဲ့ အရွယ်အစားနှင့် ညီမျှပါတယ်။
ထိုကဲ့သို့ ဖြစ်ရခြင်းနှင့်ပတ်သက်ပြီး အမျိုးမျိုးသော ကောက်ချက်ချမှုများစွာရှိပါတယ်။

brain sample
သုတေသီ အဖွဲ့တစ်ဖွဲ့ကတော့ ကျွန်ုပ်တို့ရဲ့ ဦးနှောက်တွေ ကျုံ့သွားခြင်းကြောင့် စွမ်းဆောင်ရည်တွေ နိမ့်ကျ လာတယ်ဟု သံသယရှိကြပါတယ်။
သမိုင်းကြောင်းအရ လူ့အဖွဲ့အစည်းတွေဟာ ပိုမိုကြီးမားပြီး ပိုမိုရှုပ်ထွေးလာတာနှင့်အမျှ ဦးနှောက်အရွယ်အစား ကျဆင်းလာကာ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ ဘေးကင်းရေး ကွန်ရက်ဟာ ဉာဏ်ရည်နှင့် ရှင်သန်မှုကြား ဆက်နွယ်မှုကို ပျက်ပြယ်အောင် ညွှန်ပြနေတယ်ဟု ဆိုပါတယ်။
ဒါပေမယ့် နောက်ထပ် အားတက်စရာ သီအိုရီတစ်ခုကတော့ သေးငယ်တဲ့ ဦးနှောက်တွေက ပိုစွမ်းဆောင်ရည် ရှိတာကြောင့် ကျွန်တော်တို့ရဲ့ ဦးနှောက်တွေ ကျုံ့သွားတာဟာ ကောင်းမွန်တဲ့အချက်ဖြစ်တယ်လို့ ဆိုပါတယ်။
သေးငယ်လာတဲ့ ဦးနှောက်တွေဟာ ကျွန်ုပ်တို့လူသားတွေကို ရန်လိုမှုနည်းတဲ့ သတ္တဝါတွေ ဖြစ်စေတဲ့ အတွက်ကြောင့် ဆင့် ကဲ ဖြစ်စဉ် ဆိုင်ရာ အားသာချက် တစ်ခု ဖြစ်တယ် ဟူသော သီအိုရီတစ်ခုလည်း ရှိပါသေးတယ်။
(၅) ကျွန်ုပ်တို့လူသားအချို့မှာ အပြာရောင် မျက်လုံးတွေ ရှိတဲ့အကြောင်း
မူလက ကျွန်တော်တို့အားလုံးမှာ မျက်လုံးအညိုတွေ ရှိကြသော်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သောင်း ခန့်က ပင်လယ်နက် အနီးမှာ နေထိုင်သူတစ်ဦးဟာ အညိုရောင် မျက်လုံးတွေကနေ အပြာရောင် ပြောင်းသွားတဲ့ မျိုးဗီဇ ပြောင်းလဲမှုကို ဖြစ်ပေါ်ခဲ့ပါတယ်ဟု သိရပါတယ်။

blue eyes
အပြာရောင် မျက်လုံးများ တည်မြဲနေခြင်းရဲ့ အကြောင်းရင်းမှာ လျှို့ဝှက် ဆန်းကြယ်နေသေးသော်လည်း သီအိုရီတစ်ခုအရ ဒါဟာ ပြင်းထန်တဲ့ ဆင့်ကဲဖိအားပေးမှုတွေကြောင့် ဖြစ်တယ် ” ဟု
၂၀၀၆ ခုနှစ်က မျက်လုံးပြာနှင့် ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လေ့လာမှုကို ဦးဆောင်ရေးသားသူ Bruno Laeng က New York Times သို့ ပြောကြားခဲ့ပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အပြာရောင် မျက်လုံးရှိတဲ့ အမျိုးသားတွေဟာ ပုံမှန် အညိုရောင် မျက် လုံး ရှိတဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ပါက ပိုမို ဆွဲဆောင်မှု ရှိကြောင်းလည်း တွေ့ခဲ့ရပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 30/1/2022