လူ့ခန္ဓာကိုယ်ထဲမှ စိတ်ဝင်စားဖွယ်ရာ သွေး အကြောင်း

Article Knowledge

ပျမ်းမျှ အရွယ်ရောက်ပြီးသူတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာဆိုရင် လည်ပတ်နေတဲ့ သွေး ၁.၂ မှ ၁.၅ ဂါလံ (၄.၅ မှ ၅.၅ လီတာ) ခန့်ရှိကြောင်း ဖလော်ရီဒါ ကင်ဆာဌာန–အော်လန်ဒိုကျန်းမာရေး တက္ကသိုလ်မှ အထူးကုနှင့် ကင်ဆာပညာရှင် ဒေါက်တာ Daniel Landau က ဆိုပါတယ်။

သွေးမရှိရင် ကိုယ်အလေးချိန် 8% မှ 10% လျော့သွားမှာ ဖြစ်ပြီး အသက်ရှင်တော့မှာလည်း မဟုတ်ပါဘူး။

ဥပမာ ပေါင် ၁၂၀ အလေးချိန်ရှိတဲ့ လူတစ်ယောက်မှာ သွေးဟာ ၉.၆ ပေါင်မှ ၁၂ ပေါင် (၄.၄ မှ ၅.၄ ကီလိုဂရမ်)ခန့်အထိရှိပါတယ်။

အသက် 5 နှစ် သို့မဟုတ် 6 နှစ် အရွယ်ရောက်တဲ့အခါ ကလေးတွေဟာ အရွယ်ရောက်ပြီးသူတွေ နှင့် တူညီတဲ့ သွေးပမာဏရာခိုင်နှုန်းကို ရရှိကြပါတယ်။

ဒါပေမယ့် ကလေးတွေက ပိုသေးပြီး သူတို့ရဲ့အရိုးတွေ၊ ကြွက်သားတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေက အရွယ်ရောက်ပြီးသူတွေလောက် အလေးချိန်မများကြပါဘူး။

သို့ပေမယ့် ရာခိုင်နှုန်းနဲ့ကြည့်မယ်ဆိုရင် ကလေးတွေမှာရှိတဲ့ သွေးတွေက သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ကြည့်ရင် အရွယ်ရောက်ပီးသူတွေထက် ရာခိုင်နှုန်းအားဖြင့် ပိုများတယ်လို့ Landau က ဆိုပါတယ်။

မွေးကင်းစကလေးငယ်တွေမှာ ကိုယ်အလေးချိန် ၅ ပေါင်မှ ၈ ပေါင် (၂.၃ မှ ၃.၆ ကီလိုဂရမ်)ကြားရှိပါတယ်။

ဒါ့ကြောင့် ကလေးငယ်လေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာဆိုရင် သွေး ၀.၂ လီတာခန့်သာ ရှိကြောင်း Landau က ဆက်လက်ပြောပါတယ်။

ဒါဟာ ၁၀ ပေါင် (၄.၅ ကီလိုဂရမ်)ရှိတဲ့ ကြောင်တစ်ကောင်မှာရှိတဲ့ သွေးပမာဏနှင့် တူညီပါတယ်ဟု New York ရှိ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ Greg Nelson ကဆိုပါတယ်။

ခွေးလေးတွေမှာဆိုရင် တစ်ကီလိုဂရမ်လျှင် ၈၆ မီလီလီတာခန့်ရှိပြီး ကြောင်လေးမှာဆိုရင်တော့ တစ်ကီလိုဂရမ်လျှင် ၅၅ မီလီလီတာရှိကာ နှိုင်းယှဉ်ပါက ခွေးလေးတွေက သွေးအနည်းငယ် ပိုရှိပါတယ်။

ပေါင် ၈၀ (၃၆) ကီလိုဂရမ်ရှိတဲ့ ခွေးလေးမှာ သွေး ၀.၈ ဂါလံ (၃ လီတာ) ရှိတယ်လို့ Nelson က ဆိုပါတယ်။

အရွယ်ရောက်ပြီးသူတွေ သွေးလှူတဲ့အခါ ကျန်းမာရေးဝန်ထမ်းတွေက ၁ ပိုင့် (လီတာဝက်ခန့်) ထုတ်ယူကြတယ် ဟု Landau က ဆိုပါတယ်။

သွေးဆဲလ်တွေရဲ့ သက်တမ်းက ရက်ပေါင်း 120 ခန့် ရှိပြီး ခန္ဓာကိုယ်မှာ ရှိတဲ့ ရိုးတွင်းခြင်ဆီတွေထဲမှာ သွေးနီဥ အသစ်တွေ အဆက်မပြတ် ဖြစ်ပေါ်နေပါတယ်။

ဒါပေမယ့် ဒီဆဲလ်တွေကို ပြန်ထုတ်ဖို့ အချိန်ယူနေသေးတဲ့အတွက် နေ့တိုင်းတော့ သွေးလှူလို့မရပါဘူး။

“ဒါကြောင့် မကြာခဏဆိုသလိုပဲ လှူဒါန်းလို့မရနိုင်တဲ့ အကြောင်းရင်းက သွေးပြန်ကောင်းလာဖို့ စောင့်ဆိုင်း နေရတာကြောင့်ဖြစ်ပြီး ပုံမှန်အားဖြင့် လေးပတ်ကနေ ခြောက်ပတ်လောက် ကြာတယ်” ဟု Landau က Live Science သို့ ပြောကြားခဲ့ပါတယ်။

အရွယ်ရောက်ပြီးသူတွေရဲ့ သွေးထဲမှာ ပလာစမာ၊ သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥများ 0.8 ဂါလံ (၃ လီတာခန့်) ပါဝင်ပြီး ဗီတာမင် နှင့် အခြားအာဟာရဓာတ်တွေကတော့ သွေးထဲ ပျော်ဝင်ကာ ခန္ဓာကိုယ်ရဲ့ဆဲလ်​​တွေနှင့် အင်္ဂါအစိတ်အပိုင်း​တွေသို့ သယ်ဆောင်သွားပါတယ်။

လူ့ခန္ဓာကိုယ်ရဲ့ သွေးထဲမှာ ရွှေ ၀.၀၂ ရာခိုင်နှုန်းပါဝင်နေပြီး ဟာသအနေနဲ့ ကျွန်ုပ်တို့ရဲ့သွေးထဲက ရွှေတွေကို ရောင်းဖို့ကြိုးစားမယ်ဆိုရင် ရောင်းလို့ရတဲ့ ရွှေအလုံအလောက်ရဖို့အတွက် လူ ၄ သောင်းမှာရှိတဲ့ သွေးတွေ လိုအပ်ပါတယ်။

ဒါပေမယ့် အဲဒီလူ ၄သောင်း ကနေ ရွှေ ၈ အောင်စ လောက်သာ ထွက်လာမှာဖြစ်တဲ့အတွက် ဘယ်သူကိုမှ ချမ်းသာအောင် လုပ်ဖို့တော့ မလုံလောက်ဘူးလို့ Landau က ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *