အမြှီးများဟာ တိရိစ္ဆာန်တော်တော်များများအတွက် စံတခုလို ပိုင်ဆိုင်ထားကြပြီး ၎င်းတို့အတွက်လည်း တခုမဟုတ် တခု အသုံးဝင်ပါတယ်။
ဥပမာအားဖြင့် ငါးတွေ သွားလာနိုင်ဖို့၊ နွားတွေ ယင်ကောင်နှင့် လှေး မွှားများကို မောင်းထုတ်နိုင်ဖို့၊ မိချောင်းများအတွက် အဆီတွေ သိုလှောင်ဖို့နှင့် မျောက်တွေအတွက် ခန္ဓာကိုယ်လှုပ်ရှားရာတွင် တည်ငြိမ်ဖို့အပြင် သစ်ကိုင်းများတွင် ချိတ်ထားနိုင်ဖို့ အမြှီးကို အသုံးပြုကြပါတယ်။
တကယ်တော့ လူတွေမှာ အမြှီးရှည် မပါဝင်ပေမယ့် coccyx လို့ခေါ်သည့် မြှီးညှောင့်ရိုးဟာ အမြှီး ရှိခဲ့တာကို ပြသ နေပါတယ်။
ဒါဟာ ကျွန်တော်တို့ လူသားများ အနေဖြင့် evolution လို့ခေါ်တဲ့ ဆင့်ကဲ့ ပြောင်းလဲလာမှု ကနေ ယနေ့ လူသားများ ပုံစံကို ရောက်ရှိလာလို့ ဖြစ်တယ်လို့ သုတေသီများက ယူဆထားပါတယ်။
လူသားများဟာ great apes လို့ခေါ်တဲ့ မျောက်ဝံကြီးမျိုး အုပ်စုတွင် ပါဝင်ပြီး ဂေါ်ရီလာ၊ ချင်ပန်ဇီ၊ bonobo၊ orangutan အပါအဝင် အလားတူ မျိုးနွယ်တွေ အကုန်လုံး အမြှီးကို ပိုင်ဆိုင်ထားကြပါတယ်။

lesser apes အုပ်စုတွင် ပါဝင်တဲ့ gibbon မျောက်မျိုးမှာတော့ အမြှီး မပါဝင်ဘဲ ဒါဟာ သန္ဓေပြောင်း ဖြစ်စဉ်ကြောင့် ဖြစ်နိုင်တယ်ဆိုတာ ၂၀၂၁ က BioRxiv တွင် ဖော်ပြခဲ့သည့် “The genetic basis of tail-loss evolution in humans and apes” ခေါင်းစဉ်နှင့် သုတေသနတွင် ဖော်ပြထားပါတယ်။
အမြှီးဘယ်ရောက်သွားသလဲ
အစောဆုံး သိရှိရတဲ့ လူဖြစ်လာမည့် ပရိုင်းမိတ် ရုပ်ကြွင်းဟာ လွန်ခဲ့သည့် နှစ်ပေါင်း ၆၆ သန်းလောက်က ရုပ်ကြွင်းဖြစ်ပြီး ဒိုင်နိုဆောတွေ မျိုးသုဉ်းသွားသည့် အချိန်နှင့် တချိန်ထဲလောက် ဖြစ်ပါတယ်။
လူသားများ၏ ဘိုးဘေးလို့ သတ်မှတ်ထားသည့် အဆိုပါ ပရိုင်းမိတ်များတွင် ပြည့်စုံသည့် အမြှီး ပါဝင်ပါတယ်။
အခြားတဖက်မှာတော့ ရုပ်ကြွင်းများမှ လူသိများသည့် ရှေးဦး မျောက်ဝံမျိုးဖြစ်သော Proconsul ဟာ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၂၀ လောက်က ပေါ်ထွန်းလာခဲ့ပြီး အမြှီးလုံးဝမရှိပါဘူး။
လူသားများနှင့် ၎င်းနှင့် နီးစပ်သည့် မျိုးနွယ်များဟာ ဘာ့ကြောင့် အမြှီးတွေ မရှိတော့သလဲ ဆိုတာ သုတေသီများအတွက် အ ချိန် အတော်ကြာ ငြင်းခုံနေရသည့် ကိစ္စတခုပါ။

မတ်တပ်ရပ် လမ်းလျှောက်လာနိုင်ခြင်းကတော့ အမြှီးမရှိတော့သည့်အတွက် ခါးပိုင်းအရိုး ပိုတိုလာတာကြောင့် ဖြစ်တယ်လို့တာကိုတော့ ဇီဝဗေဒပညာရှင်များက သတိပြုမိကြပါတယ်။
N.Y.U Grossman ဆေးဘက်ဆိုင်ရာကျောင်းမှ ပင်မဆဲလ် ဇီဝဗေဒ ဘွဲ့ရ ကျောင်းသားတယောက်ဖြစ်တဲ့ Bo Xia ကတော့ မော်လီကျူးအဆင့်တွင် ချဲ့ကြည့်ခြင်းဖြင့် အမြှီးမရှိရသည့် အကြောင်းကို ရှင်းပြနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
၎င်းနှင့်အဖွဲ့ဟာ တိရိစ္ဆာန်များ၏ အမြှီးဖွဲ့စည်းမှုကို လေ့လာရာတွင် သန္ဓေသားလောင်း ဘဝမှာ ကြီးထွားမှု အစောပိုင်း၌ အ ချို့ သောဗီဇများဟာ လည်ပင်း၊ ခါးပိုင်းကဲ့သို့ အရေးကြီးသည့် အရိုးဖွဲ့စည်းမှုများအဖြစ် ပြောင်းလဲပြီး နောက်ဆုံးတွင် အမြှီးနှင့် ဆက်စပ်နေသည့် ကျောရိုးနှင့် ကြွက်သားများအဖြစ် ပြောင်းလဲသွားတာကို သိရှိခဲ့ပါတယ်။
သုတေသီများဟာ မျိုးစိတ်အမျိုးမျိုး၏ အမြှီးဖြစ်ပေါ်သည့် ဗီဇ ၃၀ ခန့်ကို သိရှိထားပြီး အမြှီးမပါသည့် မျောက်ဝံမျိုးနွယ် ၆ ခုနှင့် အမြှီးပါသည့် မျောက်မျိုးနွယ် ၉ ခုကို နှိုင်းယှဉ်ကြည့်ရာမှု မျောက်ဝံများနှင့် လူများတွင် တူညီသည့် ဗီဇပြောင်းလဲမှုကို တွေ့ရှိရပြီး မျောက်များတွင်တော့ မတွေ့ရပါဘူး။
သန္ဓေဗီဇ ပြောင်းလဲမှု၏ သက်ရောက်မှုကို ကြုံတွေ့ထားရသည့် ဗီဇတခုကို TBXT လို့ခေါ်ပြီး ၎င်းကို လွန်ခဲ့သည့် ရာစုနှစ် တခုကတည်းက ပထမဆုံးတွေ့ရှိထားတာ ဖြစ်ပြီး Xia တွေ့ရှိထားမှုအရ လူသားများနှင့်မျောက်ဝံများတွင် လုံးဝတူညီနေပါတယ်။

ဓာတ်ခွဲခန်းတွင် အဆိုပါ TBXT နှင့် ကြွက်များတွင် စမ်းသပ်ရာ အချို့မှာ အမြှီးမပါဘဲ အချို့ကတော့ အလွန်တိုသည့် အမြှီးများ ရှိလာတာကို တွေ့ရပါတယ်။
ဒီဗီဇဟာ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၂၀ လောက်က မျောက်ဝံ တကောင်တွင် ရှိလာပြီး ၎င်း၏ သားစဉ်မြေးဆက်တွင် သိသိသာသာ ပွားများလာခဲ့တယ်လို့ ပြောလို့ရနေပါတယ်။
ဒါ့ကြောင့် ယနေ့ လူသားများ ဘာ့ကြောင့် အမြှီးမပါသလဲဆိုပြီး မေးလာပါက အဆိုပါ TBXT ဗီဇကို လက်ညှိုးထိုးပြပြီး ဖြေရှင်းနိုင်ပြီ ဖြစ်ပါတယ်။
သုတေသနများဟာ ဆက်လက် ပြုလုပ်နေဆဲဖြစ်ပြီး အနာဂါတ်တွင် လူတွေ ဆင့်ကဲဖြစ်ပေါ်လာသည့် အထောက်အထားများဟာ တစတစ ပိုမို ခိုင်မာလာတော့မှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။