သုတေသီများက ကမ္ဘာပေါ်ရှိ နောက်ဆုံး ရေခဲခေတ်ရဲ့ ပျမ်းမျှ အပူချိန်ကို အနီးစပ်ဆုံး တွက်ချက် နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
လေ့လာမှု အသစ် တစ်ခုအရ နောက်ဆုံး ရေခဲခေတ်အတွင်း ပျမ်းမျှအပူချိန်ကို ရှာဖွေဖို့ ရုပ်ကြွင်း အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာခဲ့တယ်ဟု သိရပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀,၀၀၀ ခန့်က အချိန်ကာလဟာ ပျမ်းမျှ အပူချိန် ၄၆ ဒီဂရီဖာရင်ဟိုက် (7.8° C) ခန့် ရှိခဲ့ပါတယ်။
လေ့လာမှုဟာ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကို နားလည်ဖို့ သက်ရောက်မှုများလည်း ရှိပါတယ်။
ရေခဲခေတ်က ဘယ်လောက်အေးလဲ
ကမ္ဘာတစ်ဝှမ်းရှိ အရာအားလုံးကို ဖုံးလွှမ်းနေသော ရေခဲအလွှာများကို စိတ်ကူးကြည့်နိုင်သော်လည်း ၎င်းက အတိအကျ မ ဟုတ်နိုင်ပါဘူး။
အမှန်တော့ သုတေသီများက လွန်ခဲ့သော ၂ သောင်း ခန့်က Last Glacial Maximum ရဲ့အပူချိန်ကို ၄၆ ဒီဂရီ ဖာရင်ဟိုက် (7.8° C) ခန့်ဟု သတ်မှတ်ခဲ့ကြပါတယ်။

ဒါဟာ ပျမ်းမျှ ကမ္ဘာ့ အပူချိန်ဖြစ်ပြီး အချို့ နေရာတွေမှာတော့ အမှန်တကယ် အေးခဲခြင်း မရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
The Last Glacial Maximum (LGM) ဟာ မြောက်နှင့် တောင်အမေရိကတိုက်ရဲ့ ထက်ဝက်ခန့်အပြင် ဥရောပနှင့် အာရှတိုက်ရဲ့ အစိတ်အပိုင်းများကို ဖုံးလွှမ်းနေသည့် အလွန်အေးစက်သော ကာလဖြစ်ပါတယ်။
ခြုံငုံကြည့်မယ်ဆိုရင် ယနေ့ခေတ်ကမ္ဘာ့အပူချိန်ထက် ၁၁ ဒီဂရီဖာရင်ဟိုက် ဒါမှမဟုတ် ၆ ဒီဂရီ ဆဲလ်ဆီးယက်ခန့် ပူနွေးမှုနည်းကြောင်း စာတမ်းအသစ်တွင် တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
နှိုင်းယှဉ်ကြည့်မည်ဆိုရင်တော့ ပျမ်းမျှ ကမ္ဘာ့အပူချိန်က ၂၀ ရာစုတွင် ၅၇ ဒီဂရီဖာရင်ဟိုက် (14° C) ဖြစ်ပါတယ်။
အရီဇိုးနားတက္ကသိုလ်၊ ဘူမိသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ Jessica Tierney က ဒါဟာ အချို့သူများအတွက် ကြီးကြီးမားမား ကိစ္စ မဟုတ်သော်လည်း အမှန်တကယ်တွင် ကြီးကျယ်ခမ်းနားကြောင်း ပြောကြားခဲ့ပါတယ်။
Tierney က “ကိုယ်ပိုင်အတွေ့အကြုံအရ ကြီးကြီးမားမား ကွာခြားပုံမပေါ်ပေမယ့် တကယ်တော့ ဒါဟာ ကြီးမားတဲ့ ပြောင်း လဲမှုတစ်ခုပါပဲ” ဟု ရှင်းပြခဲ့ပါတယ်။

“မြောက်အမေရိကနဲ့ ဥရောပမှာဆိုရင် မြောက်ပိုင်းဒေသအများစုဟာ ရေခဲဖုံးလွှမ်းနေပြီး အလွန်အေးပါတယ်။ အရီဇိုးနားပြည်နယ်မှာတောင် အအေးဓာတ်ကြီးစိုးနေတာပါ ။
သို့သော် အကြီးမားဆုံး အအေးဓာတ်မှာ ယနေ့ထက် 14° C (25° F) ခန့် ပိုအေးသည့် အာတိတ်ကဲ့သို့ မြင့်မားသော လတ္တီကျုတွင် ဖြစ်တယ်ဟုဆိုပါတယ်။
ဒါဟာ လတ္တီတွဒ်မြင့်တာ၊ နိမ့်တာထက် ကမ္ဘာကြီးဟာ ပိုမိုမြန်ဆန်သောနှုန်းဖြင့် ပိုမိုပူနွေးလာတာကို ပြသသည့် ရာသီဥတုပြောင်းလဲမှု မော်ဒယ်များ ဖြစ်ပါတယ်။
ခန့်မှန်းချက်များအရ “ဝင်ရိုးစွန်းဒေသ ချဲ့ထွင်လာခြင်း” လုပ်ငန်းစဉ်ဟာ ရာသီဥတု ပြောင်းလဲမှုကို ပိုမို ထိခိုက်လွယ်သည့် အာတိတ်ကဲ့သို့သော ဧရိယာများပေါ်တွင် ပိုမိုပူနွေးလာစေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
Tierney ရဲ့အဖွဲ့ဟာ လေထုအတွင်း ကာဗွန်ပမာဏ နှစ်ဆတိုးလာတိုင်း ကမ္ဘာ့အပူချိန်ဟာ 3.4° C တက်လာကြောင်း တွက် ချက်ခဲ့ပါတယ်။
ရေခဲခေတ်အတွင်း ကာဗွန်ပမာဏဟာ တစ်သန်းလျှင် အစိတ်အပိုင်း ၁၈၀ ခန့်သာရှိကာ စက်မှု တော်လှန်ရေး ကာလတွင် တသန်းလျှင် အစိတ်အပိုင်း ၂၈၀ ခန့်အထိ မြင့်တက်လာခဲ့ပြီး ယခုအခါ တသန်းလျှင် အစိတ်အပိုင်း ၄၁၅ အထိ ရှိလာခဲ့ပါတယ်။
လေ့လာမှုအသစ်မှာဆိုရင် တွဲဖက်ရေးသားသူများဖြစ်တဲ့ မစ်ရှီဂန်တက္ကသိုလ်မှ ပါမောက္ခ Christopher Poulsen နှင့် အမျိုး သားလေထုသုတေသနဗဟိုဌာနနှင့်အတူ ပါရဂူဘွဲ့လွန်သုတေသီ Jiang Zhu တို့လည်း ပါဝင်တယ်ဟု သိရပါတယ်။

သိပ္ပံပညာရှင်တွေက ဘယ်လို ကောက်ချက်ချခဲ့သလဲ
Tierney ရဲ့အဖွဲ့ဟာ သမုဒ္ဒရာ ရေမျောကျောက်ဖြစ်ရုပ်ကြွင်းများမှ အချက်အလက်များကို ပင်လယ်ရေမျက်နှာပြင် အပူချိန်သို့ ချိတ်ဆက်ပေးသည့် မော်ဒယ်များနှင့်အတူ အသုံးပြုခဲ့ပါတယ်။
ရာသီဥတုခန့်မှန်းခြင်းတွင် အသုံးပြုသည့် data assimilation ဟုခေါ်သောနည်းပညာကို LGM ရဲ့ရာသီဥတုပုံစံ နမူနာ ပုံသ ဏ္ဍာန်များဖြင့် ချိတ်ဆက်ဖို့အတွက် အသုံးပြုခဲ့ပါတယ်။
“မိုးလေဝသ ဌာန တစ်ခုတွင် ပညာရှင်တွေက အပူချိန်၊ ဖိအား၊ စိုထိုင်းဆကို တိုင်းတာပြီး ရာသီဥတုကို ခန့်မှန်းဖို့ အဆိုပါ တိုင်းတာမှုများကို အသုံးပြုကြတယ် ” ဟု Tierney က ပြောကြားခဲ့ပါတယ်။
ကျွန်ုပ်တို့ဟာ LGM ရဲ့နောက်ကွယ်မှ ခန်းမှန်းချက်များကို အတည်ပြုဖို့ ကော်လိုရာဒို အခြေစိုက် လေထု သုတေသန ဗဟိုဌာနမှ အမှန်တကယ် အချက်အလက်များကို အသုံးပြုကာ မွမ်းမံပြင်ဆင်ထားတာ ဖြစ်ပါတယ်။
အဆိုပါတွေ့ရှိချက်က ယနေ့ခေတ်လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် မြင့်တက်မှုနှုန်းဟာ ကမ္ဘာတစ်ဝှမ်းရှိ ပျမ်းမျှ အပူ ချိန်အပေါ် မည်ကဲ့သို့ လွှမ်းမိုးမှုရှိသလဲဆိုတာကို ရာသီဥတု သိပ္ပံပညာရှင်များက အကဲဖြတ်ဖို့ ကူညီပေးတယ်ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။