အသား-အစားထိုးကုမ္ပဏီ Impossible Foods ရဲ့တည်ထောင်သူနှင့် CEO ဖြစ်သူ Patrick O. Brown က အသားကင်းစင်တဲ့ကမ္ဘာကြီးကို 2035 မှာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ထားကြောင်း Freethink မှာ ဖော်ပြခဲ့ပါတယ်။
၂၀၁၁ ခုနှစ်တုန်းက တည်ထောင်ခဲ့တဲ့ Impossible Foods ဟာ လူတစ်ဦးချင်းစီရဲ့ အစားအသောက် အလေ့အထကို ပြောင်း လဲခြင်းဟာ လျှပ်စစ်ကားကို ပြောင်းလဲအသုံးပြုခြင်း သို့မဟုတ်
အိမ်ခေါင်မိုးပေါ်တွင် ဆိုလာပြားများ တပ်ဆင်အသုံးပြုခြင်းတို့ထက် ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်ခြင်း အပေါ် ပိုမိုအကျိုးသက်ရောက်နိုင်တယ်ဟု ဆိုပါတယ်။
ဒါ့ကြောင့် အသားစားသုံးသူများအတွက် အစားအစာ အရသာကို ထိခိုက်မှုမရှိဘဲ စားသုံးနိုင်စေဖို့ အပင်အခြေခံ အစားထိုးပစ္စည်းများ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။
အသားကို ဘာလို့ ပစ်မှတ်ထားတာလဲ။
ခန့်မှန်းချက်များအရ စားသုံးဖို့ မွေးမြူထားတဲ့ တိရစ္ဆာန်တွေဟာ ယခုအခါ ၁၅:၁ အချိုးဖြင့် တောရိုင်းတိရစ္ဆာန်များထက် များနေပါတယ်။

အသားနှင့်နို့ထွက်ပစ္စည်းလုပ်ငန်းဟာ ကမ္ဘာလုံးဆိုင်ရာဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့ ၁၅ ရာခိုင်နှုန်းနီးပါးရှိပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုကို အကြီးမားဆုံးပံ့ပိုးကူညီသူများထဲမှ တစ်ခုလည်း ဖြစ်ပါတယ်။
အပင်အခြေခံအသားများကို ပြောင်းလဲစားသုံးခြင်းဟာ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပေးရုံသာမက မြေနှင့် ရေကိုလည်း ထိန်းသိမ်းပေးပါတယ်။
Impossible Foods ရဲ့ခန့်မှန်းချက်အရ ၎င်းတို့ရဲ့ အပင်အခြေခံဘာဂါဟာ ရေသုံးစွဲမှု ၈၇ ရာခိုင်နှုန်း လျော့နည်းပြီး တိရစ္ဆာန်မှရရှိတဲ့ ဘာဂါနှင့် နှိုင်းယှဉ်ပါက ၉၆ ရာခိုင်နှုန်း လျော့နည်းကြောင်း ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ၎င်းဟာ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၈၉ ရာခိုင်နှုန်းအထိ လျှော့ချပေးတယ်ဟုလည်း သိရပါတယ်။
အသားအစားထိုး ကုမ္ပဏီဟာ Impossible Food တစ်ခုထဲမဟုတ်ပါဘူး။
Beyond Meat ကလည်း အပင်အခြေခံအသားများရဲ့ အနာဂတ်ကို ယုံကြည်တဲ့ အခြားကုမ္ပဏီတစ်ခုဖြစ်ပြီး စားသုံးသူများအား အရသာနှင့် အသားအရောင်တူသော်လည်း မတူညီတဲ့ ပါဝင်ပစ္စည်းများဖြင့် အသား အစစ် အရသာ ပေးဆောင်နိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
ယခုနှစ်အစောပိုင်းတုန်းက KFC ဟာ အမေရိကန်ရှိ ဆိုင်ခွဲပေါင်း ၄,၀၀၀ တွင် အပင်အခြေခံအသားအစားထိုးများကို စတင်ကမ်းလှမ်းခဲ့ပြီး စားသုံးသူများအတွက် အရသာအသစ်အဆန်းကို ပိုမိုရရှိနိုင်စေခဲ့တယ်ဟု သိရပါတယ်။

အရင်ဆုံး မြည်းစမ်းပါ။ နောက်မှ ပတ်ဝန်းကျင်ကို ဂရုစိုက်ပါ။
အသားစားသုံးသူများအတွက် အရသာဟာ အဓိကဖြစ်ကြောင်း Brown ကောင်းစွာသိရှိထားပါတယ်။
ဒါ့ကြောင့် ကုမ္ပဏီဟာ ၎င်းတို့ရဲ့ဖောက်သည်တွေကို ပတ်ဝန်းကျင်ဆိုင်ရာ အသိဉာဏ်ကို ဆွဲဆောင်ဖို့ ကြိုးစားခြင်းထက် ၎င်းတို့ရဲ့ ကမ်းလှမ်းမှုများမှတစ်ဆင့် အရသာနှင့် ကျန်းမာရေးကို ပေးဆောင်ဖို့ အာရုံစိုက်နေခြင်း ဖြစ်ပါတယ်။
အရသာ ပြည့်စုံကောင်းမွန်တာနဲ့ စားသုံးသူတွေဟာ အပင် အခြေခံ အသားတွေကို ပြောင်းလဲကာ စားသုံးလာမှာ ဖြစ်ပြီး အ သားကင်းစင်တဲ့ ကမ္ဘာကြီးကို ၂၀၃၅ ခုနှစ် လောက်မှာ အကောင်အထည်ဖော်ဖြစ်နိုင်မည်ဟု Brown ကဆိုပါတယ်။
Freethink မှာအစီရင်ခံစာအရ ကမ္ဘာ့အကြီးဆုံး အသား ထုတ်လုပ်သည့် ကုမ္ပဏီကြီးတွေဟာ ၎င်းတို့ရဲ့ စားသုံးသူတွေ အ တွက် အသားအစားထိုးရွေးချယ်မှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ဒါ့ကြောင့် အသားစားသုံးမှုဟာ အဓိက အပြောင်းအလဲတစ်ခု ကျိန်းသေပေါက်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
Brown က အသား အစားထိုး နည်းပညာတွေ တိုးတက် ကောင်းမွန်လာတာဟာ အလွန် ကောင်းမွန်တယ်ဟု ဆိုပါတယ်။

သို့ပေမယ့်လည်း မတူညီတဲ့ အသားအမျိုးအစားများကို အတုပြုလုပ်တဲ့ လုပ်ငန်းတွေကြောင့် ဆန်းသစ်တီထွင်မှုတွေကို ရပ်တန့်သွားစေနိုင်တယ်ဟု ဆိုပါတယ်။
ယခုအခါ Impossible Foods ဟာ အသားအစားထိုးပစ္စည်းကို အရသာနဲ့ အသွင်အပြင် အသစ်အဆန်းတွေဖြင့် အသား အမျိုးအစား အသစ်တွေကို ဆက်လက် စမ်းသပ်တော့မှာ ဖြစ်တယ်ဟု သိရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။