အစ္စရေးနိုင်ငံ၏ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အကြောင်း တစေ့တစောင်း

Article Military

အစ္စရေးဟာ နိုင်ငံ စတင် တည်ထောင်ကတည်းက နျူကလီးယားနှင့် မရှင်းလင်းတဲ့ မူဝါဒ ထားရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ရေး ကျွမ်းကျင်သူများကတော့ အစ္စရေးနိုင်ငံတွင် အနည်းဆုံး နျူကလီးယား ထိပ်ဖူးပေါင်း ၉၀ လောက် ရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။

၁၉၆၈ ခုနှစ် နျူကလီးယား မပြန့်ပွားရေး သဘောတူညီမှု စာချုပ် NPT ကို အစ္စရေးအနေဖြင့် ပါဝင်ခြင်း မရှိတာကြောင့် လက်ရှိအနေအထားဟာ နိုင်ငံတကာ စံနှုန်းတွေကို ချိုးဖောက်ထားတာ မရှိဘူးလို့ ပြောလို့ရပါတယ်။

အဆိုပါ သဘောတူညီမှု စာချုပ်ကို အစ္စရေး၊ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံများမှ လွဲပြီး ကမ္ဘာ့နိုင်ငံများ အားလုံး ပါဝင်‌ ရေးထိုးထားခဲ့ပါတယ်။

မြောက်ကိုရီးယားကတော့ ၂၀၀၃ ခုနှစ် အရောက်မှာ စာချုပ်ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

၁၉၅၀ ခုနှစ်များမှာ နိုင်ငံတည်ထောင်ဆဲ အချိန် ရန်သူ ပတ်လည် ဝိုင်းနေတဲ့ အစ္စရေးလို နိုင်ငံငယ် တခု အနေဖြင့် ဒီလို သ ဘောတူညီမှု စာချုပ်မှာ မပါဝင်ခဲ့တာ သဘာဝကျပါတယ်။

၎င်းတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ရင်ဆိုင်ရချိန်မှာ သမားရိုးကျ လက်နက်များတွင် အလေးမသာပါက နျူကလီးယား လက်နက်ဟာ အဖြေတခု ဖြစ်မယ်လို့ ယူဆခဲ့ပြီး နိုင်ငံ၏ ခုခံစစ် မဟာဗျူဟာကို အချိန်နှင့်အမျှ ပုံဖော်ခဲ့ပါတယ်။

၁၉၄၈ ခုနှစ်က နိုင်ငံစတင် တည်ထောင်ပြီး နှစ်အနည်းငယ်ကြာပြီးနောက် အစ္စရေး၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ ဘင်ဂူရီယန်ဟာ နျူကလီးယား စွမ်းဆောင်ရည်နှင့် ပတ်သက်သည့် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တခုကို ချမှတ်ခဲ့ပါတယ်။

သမိုင်းပညာရှင်တယောက်ဖြစ်တဲ့ Avner Cohen ကတော့ ဘင်ဂူရီယန်အနေဖြင့် နျူကလီးယား စီမံကိန်းကို လုပ်ဆောင်ရတာဟာ သေချာစဉ်းစားပြီး အတည်ပြုတဲ့ အစီအစဉ်မဟုတ်ဘဲ မဟာဗျူဟာမြောက် ထိုးထွင်းသိမြင်မှုနှင့် အကြောက်လွန်တဲ့ အနေအထားကြောင့်လို့ ဆိုပါတယ်။

အစ္စရေးဟာ လက်နက်ပြိုင်ဆိုင်မှုတွေမှာ အာရပ်နိုင်ငံတွေနဲ့ မယှဉ်ပြိုင်နိုင်တော့ဘဲ ပြင်းထန်တဲ့ စစ်ရေး အရေးပေါ် အခြေ အနေမှာ နောက်ဆုံး အားကိုးရာလက်နက်အဖြစ် နျူကလီးယားကို ရွေးချယ်ခဲ့တယ်လို့ သူက ယုံကြည်နေပါတယ် လို့ ၎င်းက ပြောပါတယ်။

စီမံကိန်း အစပိုင်းမှာ အစ္စရေးဟာ ပြင်သစ်နှင့် ပူးပေါင်းပြီး Jericho စီမံကိန်းလို့ အမည်ပေးကာ ၁၉၇၃ ခုနှစ်မှာ လောင်စာခဲ အဆင့် ၂ ဆင့် ပါတဲ့ Jericho I ဒုံးကျည်ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Yom Kippur စစ်ပွဲ သို့မဟုတ် Ramadan စစ်ပွဲလို့ သိကြတဲ့ ၁၉၇၃ ခုနှစ် အာရပ် အစ္စရေး စစ်ပွဲ (၄ ကြိမ်မြောက်) မှာ အ စ္စရေး၏ သမားရိုးကျ စစ်လက်နက်စွမ်းရည်ဟာ အားနည်းနေခဲ့ပုံပေါ်ပြီး အဆိုပါ ဒုံးကျည်များကို အမြင့်ဆုံး တပ်လှန့်ထားခဲ့ပုံ ရပါတယ်။

အစ္စရေး၏ ခေတ်အမှီဆုံး Merkava တင့်ကား

နျူလက်နက်များကို Jericho I ဒုံးကျည်များတွင် နောက်ဆုံးရွေးချယ်မှု အဖြစ် ယခု အချိန်တွင် တင်ဆောင်ထားသည်ဟု သံသယ ရှိကြသော်လည်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ IDF က ထိုကိစ္စကို အတည်မပြုခဲ့ပါဘူး။

အစ္စရေး၏ နျူကလီးယား မူဝါဒ ဆိုင်ရာ မသေချာ မရေရာမှုဟာ ၎င်း၏ ရန်ဘက်နိုင်ငံများ၏ နျူကလီးယား စွမ်းရည် ချို့တဲ့မှုနှင့် ဆက်စပ်နေနိုင်ပါတယ်။

Begin Doctrine ဟုခေါ်သည့် အစ္စရေး၏ နိုင်ငံကြိုတင် ကာကွယ်ရေး မူဝါဒတွင် IDF အား အိမ်နီးချင်း နိုင်ငံများ၏ နျူက လီးယား ဝယ်ယူမှုတွင် ဝင်ရောက်စွက်ဖက်ရန် ခွင့်ပြုထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာတော့ ၂၀၀၇ ခုနှစ်က ဆီးရီးယားမှ သံသယရှိနေသည့် နျူကလီးယား ဓာတ်ပေါင်းဖို တခုကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးဘက်မှ အတည်ပြုခဲ့ပါတယ်။

၁၉၈၁ ခုနှစ် အီရတ် သမ္မတ ဆက်ဒန်ဟူစိန် လက်ထက်မှာလည်း ဘဂ္ဂဒက်မြို့ အနီးတွင် တည်ဆောက်နေသည့် နျူကလီး ယား ဓာတ်ပေါင်းဖိုကို တိုက်ခိုက် ချေမှုန်းခဲ့ပါသေးတယ်။

အီရန်နိုင်ငံဟာ လက်ရှိမှာ နျူကလီးယား လက်နက်စွမ်းဆောင်ရည်ကို ရရှိလာပါက အစ္စရေး၏ နျူကလီးယား မူဝါဒဟာ ပြောင်းလဲသွားဖို့ အလားအလာ ရှိနေပါတယ်။

သိုလှောင်ထားမှုများနှင့် အဆင့်မြှင့်တင်မှုများ

ယနေ့ အချိန်မှာ အစ္စရေးအနေဖြင့် ပလူတိုနီယမ် အခြေခံသည့် နျူကလီးယား ထိပ်ဖူးပေါင်း ၉၀ လောက် ပိုင်ဆိုင်ထားတယ်လို့ ကျွမ်းကျင်သူများက ယူဆထားပါတယ်။

နာမည်ကျော် Iron Dome လေကြောင်းကာကွယ်ရေး စနစ်

ဒါ့အပြင် နိုင်ငံအတွင်းမှာ အရေးပေါ် လိုအပ်လာပါက လက်နက် ၁၀၀ မှ ၂၀၀ ကြား အထိ ထုတ်လုပ်နိုင်မယ့် လုံလောက်တဲ့ သန့်စင် ပလူတိုနီ ယမ် ပမာဏ ရှိမယ်လို့ ယုံကြည်နေကြပါတယ်။

၂၀၁၉ ခုနှစ်တုန်းကလည်း ဒုံးကျည် အင်ဂျင်တွန်းကန်စား စမ်းသပ်သည့် ပစ်လွှတ်မှုဟာ နောက်ဆုံးပေါ် Jericho-3 ဒုံးကျည် မျိုးကွဲကို စမ်းသပ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

Jericho ဒုံးကျည်အသစ်ဟာ ခန့်မှန်းခြေအားဖြင့် ကီလိုမီတာ ၄ ထောင်မှ ၆ ထောင်ကြား အကွာအဝေးအထိ ရောက်ရှိနိုင်တဲ့အတွက် အီရန်နိုင်ငံအထိ လက်လှမ်းမှီသည့် အနေအထားမှာ ရှိနေပါတယ်။

အတည်မပြုနိုင်ပေမယ့် ကျော်ကြားသည့် သတင်းအရင်းမြစ်များအရ အဆိုပါ ဒုံးကျည်ဟာ ၇၅၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ နျူကလီးယား ထိပ်ဖူးကို တပ်ဆင်ထားနိုင်တယ်လို့ သိရပါတယ်။

မည်သည့် အခါကမှ အတည်မပြုပေမယ့် အစ္စရေး၏ နျူကလီးယား လက်နက်များ ပိုင်ဆိုင်မှုကို ကမ္ဘာတဝှမ်းရှိ စစ်ရေး ကျွမ်းကျင်သူများက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *