ကမ္ဘာမြေရဲ့ အမွှာလို့ တင်စားခဲ့တဲ့ Kepler 1649c ဂြိုဟ်အကြောင်း

Article Science

၁၉၉၅ ခုနှစ်မှ စတင်ပြီး နေအဖွဲ့အစည်း ပြင်ပမှာ ဟိုက်ဒရိုဂျင် လောင်ကျွမ်းနေသည့် ကြယ်တစ်လုံးကို လှည့်ပတ်နေသော ပထမဆုံးဂြိုဟ်ကို ရှာဖွေတွေ့ရှိခဲ့ချိန်မှစတင်ကာ နက္ခတ္တဗေဒပညာရှင်တစ်ဦးက ကမ္ဘာနှင့်တူသော သက်ရှိများနေထိုင်နိုင်တဲ့ ဂြိုဟ်တစ်လုံး ဖြစ်သလားဆိုတာကို လေ့လာဖို့ ကြိုးစားခဲ့ပါတယ်။

ရာစုနှစ်ရဲ့ လေးပုံတစ်ပုံခန့်မှာ ဂြိုဟ်ပေါင်း ၄၂၅၅ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ၂ ခုမှာ နေအဖွဲ့အစည်း ပြင်ပမှ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အချို့သော သိပ္ပံပညာရှင်များက ကမ္ဘာမြေ၏ အမွှာကို ရှာဖွေတွေ့ရှိခဲ့တယ်ဟု ယူဆကြပါတယ်။

Andrew Vanderburg ဦးဆောင်သော နက္ခတ္တဗေဒပညာရှင် ၁၂ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ဟာ Astrophysical Journal Letters တွင် ထုတ်ဝေခဲ့သော စာတမ်းတစ်စောင်တွင် ကမ္ဘာအရွယ်အစားရှိ Kepler 1649c ဟုခေါ်သော ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိကြောင်း ကြေညာခဲ့ပြီး ၎င်းဟာကြယ်ကို “သက်ရှိများ နေထိုင်နိုင်သောဇုန်” တွင် လှည့်ပတ်နေတယ်ဟု ဆိုပါတယ်။

ကမ္ဘာမြေနှင့်တူသော အဓိပ္ပာယ်

ဒီစာတမ်းက ကမ္ဘာတစ်ဝှမ်းရှိ သိပ္ပံဂျာနယ်လစ်များရဲ့ အာရုံကို ဖမ်းစားခဲ့ပါတယ်။ နာဆာပြောရေးဆိုခွင့်ရှိသူမှ ကိုးကားပြီး ” ကမ္ဘာနဲ့ဆင်တူသည့်ဂြိုလ်ဟာ အရွယ်အစားနှင့် ခန့်မှန်းခြေ အပူချိန် နှစ်မျိုးလုံး ကမ္ဘာနှင့် အလွန်ဆင်တူတယ်” ဟု ဖော်ပြခဲ့ပါတယ်။

Financial Express မှလည်း Kepler 1649c ဟာ ကမ္ဘာပေါ်ရှိ သက်ရှိ အခြေအနေများနှင့် နီးစပ်မှုရှိကြောင်းကို ရေးသားခဲ့ပါတယ်။

၎င်းက ဒီအရွယ်အစား၊ အပူချိန်နဲ့ ကမ္ဘာနဲ့ ပိုနီးတဲ့ exoplanet မရှိဘူး၊ နေထိုင်နိုင်တဲ့ ဇုန်ထဲမှာလည်း ရှိတယ်ဟု ဆိုပါတယ်။

ပုံဖော်ထားသည့် Kepler 1649c ၏ မျက်နှာပြင်ပုံစံ Image: Courtesy of NASA/Ames Research Center/Daniel Rutter

Kepler 1649c ဟာ ယနေ့အထိ ရှာဖွေ တွေ့ရှိခဲ့မျှထဲမှာ ကမ္ဘာနှင့်အလားသဏ္ဍာန်အတူဆုံး ဖြစ်ပါတယ်။ အဆိုပါဂြိုဟ်ဟာ ကမ္ဘာထက် အချင်း ၆ ရာခိုင်နှုန်းသာ ကျယ်ပါတယ်။

၎င်းရဲ့အိမ်ရှင်ကြယ်မှ ရရှိသည့် အလင်းနှင့် အပူပမာဏက နေမှရရှိသည့် ကျွန်ုပ်တို့ကမ္ဘာရဲ့ ၇၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒါ့ကြောင့် Kepler 1649c ဟာ ၎င်းရဲ့ မျက်နှာပြင်ပေါ်တွင် ရေများရှိနိုင်ပြီး ၎င်းရဲ့ အိမ်ရှင်ကြယ်နှင့် အကွာအဝေး ကလည်း နေထိုင်နိုင်သော ဇုန်အတွင်း ဖြစ်နိုင်ပါတယ်။

နေမှရရှိသော အလင်းနှင့်အပူရဲ့ ၇၄ ရာခိုင်နှုန်းသာ လက်ခံရရှိခြင်းကြောင့် ၎င်းရဲ့ ပျမ်းမျှမျက်နှာပြင်အပူချိန် (ဖန်လုံအိမ်ဓာတ် ငွေ့မရှိ) အနုတ် ၃၉ ဒီဂရီဆဲလ်ဆီးယက်ခန့် ဖြစ်နိုင်ပါတယ်။

ကျွန်ုပ်တို့ကမ္ဘာဟာ အပူဒဏ်ခံလေထုမပါဘူးဆိုရင် အနုတ် ၁၈ ဒီဂရီဆဲလ်ဆီးယက်ခန့်ရှိပါတယ်။

ကမ္ဘာနှင့် အနုတ် ၂၁ ဒီဂရီ ခြားနားတာကြောင့် Kepler 1649c ဟာ ကမ္ဘာထက် ကာဗွန်ဒိုင်အောက်ဆိုဒ် သို့မဟုတ် မီသိန်းများစွာ ပိုလျှံနေသော လေထုတစ်ခု လိုအပ်မှာ ဖြစ်ပါတယ်။

အခြား ဂြိုဟ်တလုံး ဖြစ်သည့် Kepler 452b သရုပ်ပြ

ဂြိုဟ်တွေမှာ နေထိုင်နိုင်ဖို့ ရေဇုန်တစ်ခုထက်ပို၍ လိုအပ်တဲ့အကြောင်း

ဒီလူကြိုက်အများဆုံး ရှာဖွေတွေ့ရှိမှုမှာ သတိမထားမိတဲ့အရာတစ်ခုက Kepler 1649c ဟာ နေထုထည်နှင့် တောက်ပမှုရဲ့ ၂၀ ရာခိုင်နှုန်း နှင့် ၀.၅ ရာခိုင်နှုန်းသာရှိသော ကြယ်တစ်လုံးကို လှည့်ပတ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဂြိုလ်ရဲ့အိမ်ရှင်ကြယ်အတွက် ထိုသို့သောလက္ခဏာများက Kepler 1649c ကို ခရမ်းလွန်နေထိုင်နိုင်သောဇုန်ရဲ့အပြင်ဘက်ရောက်နေပါတယ်။

ဂြိုလ်တွေမှာ မည်သည့်သက်ရှိမျိုးမဆို အမှန်တကယ် နေထိုင်နိုင်သောနေရာဖြစ်ဖို့အတွက် အရည်ဖြစ်တည်နိုင်သောဇုန်နှင့် ခရမ်းလွန်နေထိုင်နိုင်သောဇုန်နှစ်ခုစလုံးတွင် တစ်ပြိုင်နက်တည်း နေထိုင်နိုင်ဖို့ လိုအပ်ပါတယ်။ Kepler 1649c မပါပါဘူး။

Kepler 1649c ဟာ ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင် နေအဖွဲ့အစည်းရှိ ဂြိုလ်များမှ လွန်စွာခြားနားသော ပတ်ဝန်းကျင်ဖြစ်တဲ့ ခရမ်းလွန် ရောင်ခြည်ဖြာထွက်မှု၊ ဒီရေကျခြင်းစသည် တို့ကို ခံစားသိရှိခဲ့ကြောင်း Vanderburg နှင့်အဖွဲ့မှ အသိအမှတ်ပြုခဲ့ပါတယ်။

တကယ်တော့ ဂြိုဟ်တွေဟာ ၎င်းတို့ရဲ့အိမ်ရှင်ကြယ်များကို နီးကပ်စွာလှည့်ပတ်နေတာကြောင့် ဖြစ်ပါတယ်။

Tidal locking ဆိုတာက Kepler 1649c ရဲ့ တစ်ခြမ်းဟာ ကျွန်ုပ်တို့ရဲ့ကမ္ဘာက လကမ္ဘာတစ်ခြမ်းလုံး အမြဲတမ်း ရင်ဆိုင်နေရသလိုမျိုး ၎င်းရဲ့ကြယ်ကို ထာဝရရင်ဆိုင်​နေရပါတယ်။

ဒါ့ကြောင့် Kepler 1649c ရဲ့ ကမ္ဘာခြမ်းတစ်ခုဟာ ပူနေမှာဖြစ်ပြီး အခြားကမ္ဘာခြမ်းက အလွန်အေးနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Kepler 1649c ပေါ်ရှိ မည်သည့်မျက်နှာပြင်ရေကိုမဆို ၎င်းရဲ့အေးသောကမ္ဘာခြမ်းမှာ အပြီးအပိုင် အေးခဲနေစေမှာ ဖြစ်ပါတယ်။

Kepler-186f သရုပ်ပြ

Kepler 1649c က တည်ရှိ နေကြောင်း သိရှိပြီး ဖြစ်တာကြောင့် တူညီသော ဂြိုဟ်စနစ်တွေမှာ ရှိနိုင်တဲ့ အခြား ဂြိုဟ်များမှ ထွက်ပေါ်လာသော ရွေ့လျားမှုမှ ထွက်ပေါ်လာတဲ့ ဒြပ်မဲ့ရွေ့လျားမှုဆိုင်ရာ ပဲ့တင်ထပ်သံများ ( ပတ်လမ်းကြောင်းဆိုင်ရာ အ နှောင့်အယှက်များ) က သက်ရှိများကို ထိခိုက်စေနိုင်တယ်ဟု နက္ခတ္တဗေဒပညာရှင်များစွာက မှတ်ချက်ပြုခဲ့ကြပါတယ်။

ရှင်သန်နေထိုင်နိုင်မှုအတွက် နောက်ထပ် ပြဿနာ တခုကတော့ Kepler 1649 ကဲ့သို့သော ကြယ်တွေဟာ ၎င်းတို့ရဲ့ တောက် ပမှု အလွန်ပြောင်းလဲနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒါ့ကြောင့် ခံနိုင်ဖို့ ခဲယဉ်းသော အပူချိန်ပြောင်းလဲမှုများနှင့် ကြုံတွေ့ရနိုင်ပါတယ်။ Kepler 1649 ကဲ့သို့သော ကြယ်များက မကြာခဏ ပေါက်ကွဲစေနိုင်သော superflare များကို ထုတ်လွှတ်ပါတယ်။

ဒီအချက်နှင့် အခြားသော အကြောင်းအရင်းများစွာကြောင့် Kepler 1649 ကဲ့သို့ သေးငယ်သော သို့မဟုတ် တခြားလှည့်ပတ်နေသော ဂြိုလ်များက နေရပ်နေထိုင်နိုင်သော ဂြိုလ်များမဟုတ်ပါဘူး။

ယနေ့အထိ၊ နက္ခတ္တဗေဒပညာရှင်များက ထူးခြားသော ဂြိုလ်များမှာ နေထိုင်နိုင်တဲ့ဇုန် ၁၃ ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဆိုပါ ဂြိုလ် ၁၃ လုံးဟာ နေထိုင်နိုင်သော ဂြိုဟ်များဖြစ်တယ်ဟု မှတ်ချက်ပြု ပြောဆိုခဲ့ကြသော်လည်း ယနေ့တိုင် ဆက် လက်အဖြေရှာနေဆဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.