နှုတ်ယူမည့်တစ်စက္ကန့်အကြောင်းနှင့် ကမ္ဘာ့အချိန် သတ်မှတ်ပုံ အကြောင်းတစေ့တစောင်း

Knowledge Tech

ကျွန်ုပ်တို့ ကမ္ဘာကြီးနှင့် စကြာဝဋာကြီးကပင် ကျွန်ုပ်တို့အပေါ်ပြောင်းလဲမှုများကိုအဆက်မပြတ်ပြုလုပ်နေပါတယ်။ ဒီလိုပြောင်းလဲမှုတွေထဲမှာ သိပ္ပံပညာရှင်တွေရဲ့ အကြံပေးချက်အသစ်လဲပါဝင်နေပါတယ်။


အဲဒါကတော့ တစ်မိနစ်ရဲ့ စက္ကန့် ၆၀ ထဲက တစ်စက္ကန့်လျှော့ဖို့ပါ။ ပထမဆုံး ဘာလို့ သိပ္ပံပညာရှင်တွေက ဒီလိုတစ်စက္ကန့်ကို လျှော့ချင်တာလဲ သိချင်ပါလိမ့်မယ်။ တကယ်တော့ ဒါဟာလူအားလုံးအတွက် ပြောင်းလဲချင်တာမဟုတ်ပါဘူး။ အဓိကကတော့ တိတိကျကျအလုပ်လုပ်နေရတဲ့ သိပ္ပံ ပညာရှင်တွေအတွက်ပါ။


ဘာလို့လဲဆိုတော့ သိပ္ပံပစ္စည်းတွေကို ချိန်ညှိရာမှာ ဒီတစ်စက္ကန့်ဟာ အရမ်းအရေးကြီးလို့ပါ။ အချက်လက်တွေအရ ကမ္ဘာရဲ့ ယခင် ၂၄ နာရီနေ့စဉ် လည်ပတ်မှုဟာ အနည်းငယ်ပိုပြီးမြန်ဆန်လာတယ်လို့သိရပါတယ်။ ဥပမာအားဖြင့် ၃.၁.၂၀၂၁ နေ့ဟာ ၂၃ နာရီ ၅၉ မိနစ်နှင့် ၅၉.၉၉၉၈၉၂၇ စက္ကန့်လောက်သာ ကြာတဲ့သဘောပါ။ (Timeanddate website တွင် အချိန်နှင့်ပတ်သက် သည်များကို လေ့လာနိုင်ပါသည်) ကမ္ဘာရဲ့ လည်ပတ်ချိန်တွေဟာ ပြောင်းလဲနေတဲ့အတွက်ကြောင့် အချိန်တွေကိုလိုက်ညှိဖို့ လိုအပ်လာပါတယ်။

ဒီလိုတိုင်းတာနိုင်တာဟာ ၁၉၆၀ ဝန်းကျင်လောက်က Atomic Clock ဆိုတဲ့ Atomic Physics ကိုအခြေခံထားတဲ့ နာရီတွေတီထွင်နိုင်ခဲ့လို့ပါ။ အဲဒီ့ နာရီတွေဟာ မီလီစက္ကန့်အတိုင်းအတာအထိ တိကျအောင်တိုင်းနိုင်ပါတယ်။

ဒီ Atomic Clock နာရီကအချိန်ကို The international atomic time (TAI) လို့ခေါ်ပြီး ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ ကမ္ဘာ့ကိုယ်ပိုင်လည်ပတ်မှုကိုအခြေခံထားတဲ့ အချိန်ကို Coordinated Universal Time (UTC) လို့ခေါ်ပါတယ်။ UTC ဟာ TAI ကနေ သတ်မှတ် ထားတဲ့အချိန်ဖြစ်ပြီး သုည လောင်ဂျီကျုမှာရှိတဲ့အချိန် UT1 နှင့် ၀.၉ စက္ကန့်လောက်ပဲ ကွာ အောင် Leap seconds များထပ်ပေါင်းပေးထားရတဲ့အချိန်ဖြစ်ပါတယ်။


၂၀၁၂ ခုနှစ်မှာ Leap second တစ်စက္ကန့်ထည့်လိုက်ရတဲ့အတွက် Linux operating systems တွေနှင့် javascript နဲ့ရေးတဲ့ software အသုံးပြုသူတွေကိုအနှောင့်အယှက်ဖြစ်စေခဲ့ပြီး နာမည်ကြီး social media website တွေဖြစ်တဲ့ Reddit, Yelp နှင့် LinkedIn တွေအပါအဝင် website တော်တော်များများရဲ့ server တွေ ခဏတာရပ်တန့်ခဲ့ပါတယ်။ အဲဒီ့ထဲကအကြောင်းအရင်းကတော့ programming language အများစုသည် ပုံမှန်အချိန်ဇယားထိန်း သိမ်း ခြင်းကို အပြန်အလှန်အားဖြင့် ကွန်ပျူတာများအတွင်းရှိနာရီဖြင့်အခြေခံထားသောကြောင့်ဖြစ်ပါတယ်။


ကွန်ပျူတာတွေဟာ ကမ္ဘာလုံးဆိုင်ရာ အချိန်ထိန်းသိမ်းတဲ့ ဆာဗာများကို real time ဖြစ်အောင် ping လုပ်ပေးနေရပါတယ်။ Leap second ပေါင်းထည့်လိုက်တဲ့အခါမှာ ကွန်ပျူတာရဲ့ နာရီက ၁၂ နာရီ အတွက် ၁ စက္ကန့် နောက်တစ်ကြိမ်ရောက်လာတယ်လိုသတ်မှတ်ပြီး ကွန်ပျူတာရဲ့ CPU မှ တစ်စက္ကန့်လျှင် သန်းထောင်ချီသော ကိန်းအရေအတွက်နဲ့ data များကိုရွေ့လျှားစေပါတယ်။
အဲဒီ့ကနေ အမှားအယွင်းတွေဖြစ်ကုန်တာဖြစ်ပါတယ်။ ဒါဟာဘာနဲ့တူလဲဆိုတော့ “သင်ဟာနောက်ထပ်လှေကားပေါ်တက်ဖို့လုပ်နေချိန်မှာ အပေါ်ကိုရောက်ပြီးသားဖြစ်နေတာမျိုး”နဲ့တူနေတာပါ။

ကမ္ဘာလည်ပတ်နေပုံဖြစ်စဉ်ဟာ သဘာဝကြောင့်ဖြစ်ပြီး ပိုပြီးရှုပ်ထွေးပါတယ်။ ကမ္ဘာမြေကြီးဟာ လ နှင့် နေအပါဝင် နေရာတိုင်းမှ ကြားဖြတ်အားတွေနဲ့ ထိတွေ့နေရတာပါ။ ဒါကြောင့်မလို့ ကမ္ဘာရဲ့အနေအထားဟာ ဒီရေကိုလိုက်ပြီး ပုံစံအနေထားပြောင်းလဲနေတာပါ။ လနှင့် နေတို့မှာ ဆွဲအားတွေရှိပါတယ်။ ဒါ့ကြောင့် ကမ္ဘာကြီးဟာ လဆွဲအားသက်ရောက်ရင် အနည်းငယ်ဆူထွက်လာပါတယ်။ (ဒီရေ အတက်အကျ) နေ မှာ လ ထက်အဆပေါင်းများစွာကြီးပေမယ့် အလွန်ဝေးကွာတဲ့အတွက် ကမ္ဘာပေါ်ကို လဆွဲအားရဲ့ တဝက်သာ ဆွဲငင်အားသက်ရောက်ပါတယ်။ နေ နှင့် လ တတန်းထဲကျတဲ့အခါ ဆွဲငင်အားပိုသက်ရောက်ပြီး ဒီရေပိုတက်ပါတယ်။ အဲဒါကို spring tide ဖြစ်စဉ်လို့ခေါ်ပါတယ်။


Leap seconds တွေနဲ့ပတ်သက်လို့ အငြင်းပွားဖွယ်ရာဖြစ်နေတုန်းပါ။ ဘာလို့လဲဆိုတော့ တချို့သိပ္ပံပညာရှင်တွေက အလွယ်တူ မီလီစက္ကန့်များဖွဲ့ပြီးနေ့စဉ်ပေါင်း/နှုတ်လုပ်သွားချင်ကြပါတယ်။ သို့သော် သိပ္ပံနည်းကျစည်းမျဉ်းသတ်မှတ်ထားတဲ့ စံချိန်စံညွှန်းများနှင့် တိုင်းတာမှုများကဲ့သို့ပင် နောင်တွင်ဘာလုပ်ရမည်ကို ဆုံးဖြတ်နိုင်ရန် အုပ်ချုပ်ရေးအဖွဲ့တစ်ခုရှိပါသေးတယ်။

Telegraph သတင်းစာ ရဲ့အဆိုအရ ၂၀၂၃ မှာကျင်းပမယ့် ကမ္ဘာ့ရေဒီယိုဆက်သွယ်ရေး ကွန်ဖရန့် World Radiocommunication Conference မှာဆုံးဖြတ်သွားဖွယ်ရှိပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.