Lucid dreaming လို့ ခေါ်တဲ့ လိုသလို ထိန်းချုပ်လို့ရတဲ့ အိမ်မက်အကြောင်း

Article Knowledge

ကျွန်ုပ်တို့ရဲ့ အိမ်မက်တွေကို ခြယ်လှယ်ပုံဖော်နိုင်မယ်ဆိုရင် ကျွန်ုပ်တို့အနေနဲ့ lucid dreaming လို့ခေါ်တဲ့ ကိုယ် အဖြစ်ချင်ဆုံး အရာကို ပုံဖော်နိုင်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ဖြစ်စဥ် တစ်ခုကို လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

Lucid Dreamer တွေဟာ အိပ်မက်မက်နေကြောင်း သတိပြုမိကြပြီး တစ်ခါတစ်ရံတွင် ၎င်းတို့ရဲ့ အိပ်မက်များကိုပင် လိုသလို ထိန်းချုပ် လွှမ်းမိုးနိုင်ကြပါတယ်။

တစ်ချို့လူတွေအတွက်တော့ ဒါဟာ ပုံမှန် ရိုးရိုး အိပ်ပျော်စဥ် အိမ်မက်မက်တာ ဖြစ်တယ်လို့ ဆိုကြပေမယ့် တစ်ချို့ကတော့ သူတို့ရဲ့မသိစိတ်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။

ကျွန်ုပ်တို့ မြန်မာလူမျိုးတွေကတော့ လိပ်ပြာလွင့်ခြင်းဟု ယူဆကြပါတယ်။

Lucid dreaming ဆိုင်ရာ အယူအဆတွေဟာ ရာစုနှစ်များစွာကြာခဲ့ပြီဖြစ်သော်လည်း ပြီးခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်အတွင်း သိပ္ပံပညာဆိုင်ရာတိုးတက်မှုတွေကြောင့် Lucid dreaming ရဲ့အဓိပ္ပာယ်နှင့် ၎င်းတို့ကို တွေ့ကြုံရတဲ့ အခါတွေမှာ ကျွန်ုပ်တို့အ​နေနဲ့ ဘာဖြစ်မယ်ဆိုတာကို နားလည်သဘောပေါက် လာစေပါတယ်။

REM လို့ခေါ်တဲ့ မျက်စိလျင်မြန်စွာ လှုပ်ရှားခြင်းတွေဟာ lucid dreaming ဖြစ်နေစဥ်အတောအတွင်းမှာ ဖြစ်ပေါ်လာပါတယ်။

ဒါဟာ အိမ်ပျော်ပြီး မကြာခင်အချိန်အတွင်းမှာပဲ မျက်စိလျင်မြန်စွာ လှုပ်ရှားခြင်းတွေ ဖြစ်ပေါ်တက်တဲ့ အိပ်စက်ခြင်း အဆင့်တစ်ခုပဲ ဖြစ်ပါတယ်။

များသောအားဖြင့် ကျွန်ုပ်တို့ဟာ ညအချိန်တွေမှာ REM နှင့် REM မဟုတ်တဲ့ အိပ်ချိန်များစွာကို ဖြတ်သန်းလေ့ရှိ​ကြပြီး ကျွန်ုပ်တို့ရဲ့အိပ်မက်အများစုဟာ REM အဆင့်တွင် ဖြစ်ပေါ်လေ့ရှိပါတယ်။

REM​ဖြစ်နေစဥ်အတွင်း lucid dreaming ဖြစ်ပေါ်လေ့ရှိသည် ဟူသော အယူအဆကို ၁၉၉၀ ခုနှစ်များအတွင်း Stephen LaBerge မှ သက်သေပြခဲ့ပြီး ထိုကဲ့သို့သော မျက်လုံး လှုပ်ရှားမှုများ မကြာခဏ ဖြစ်ပေါ်တဲ့ အချိန်အတွင်း lucid dreaming ဖြစ်ပေါ်လာတာကို ကောက်ချက်ချနိုင်ခဲ့ပါတယ်။

မကြာသေးမီက သိပ္ပံနည်းကျ သုတေသနပြုချက်အရ lucid dreaming ရဲ့ အခြေခံသဘောတရားကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဥပမာအနေနဲ့ lucid dreaming ဖြစ်နေချိန်အတွင်းမှာ parietal lobe မှာ ပိုမိုလုပ်ဆောင်နိုင်မှုရှိကြောင်းတွေ့ခဲ့ရပြီး ဒါဟာ အမြင်အာရုံဆိုင်ရာအချက်အလက်​တွေကို လုပ်ဆောင်ပေးတဲ့ ဦးနှောက်ဧရိယာဖြစ်သည့် မျက်စိ၊ spatial awareness နှင့် touch ကဲ့သို့သော အာရုံခံအချက်အလက်များကို လုပ်ဆောင်ပေးတဲ့ ဦးနှောက် ဧရိယာတစ်ခုဖြစ်ပါတယ်။

ဒါ့ကြောင့် lucid dreaming ဟာ အသိစိတ် ဖြစ်စဉ် တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ ကိုယ်တိုင်မသိနိုင်တဲ့ သာမန် အိပ်မက်များနှင့် မတူကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ယခုဆိုရင် lucid dreaming နဲ့ပတ်သတ်ပြီး ကူညီပေးနိုင်တဲ့ လေ့ကျင့်ရေးလမ်းညွှန်ချက်များပါရှိတဲ့ နည်းလမ်း​တွေနှင့် စာအုပ်တွေတောင်ရှိပါတယ်။

Lucid Dreamer တွေဟာ နိုးထပြီးနောက် အိပ်မက်များကို မကြာခဏ အလွယ်တကူ ပြန်မှတ်မိနိုင်ပြီး ဒါဟာ ကျွန်ုပ်တို့ အိပ်ပျော်နေစဉ် အသိစိတ်အား ဆွဲဆောင်ခြင်းရဲ့ အခြား အကျိုးကျေးဇူးတစ်ခုဖြစ်တယ်ဟု Lucid Dreamer တွေရဲ့ အစီရင်ခံတင်ပြထားပါတယ်။

ကျွန်ုပ်တို့ရဲ့အိပ်မက်​တွေကို ထိန်းချုပ်နိုင်ခြင်းဟာ ပျော်ရွှင်စရာကောင်းပြီး တီထွင်ဖန်တီးမှုရှိသော လုပ်ဆောင်မှုတစ်ခု ဖြစ်နိုင်သော်လည်း ၎င်းကို လက်တွေ့အသုံးပြုမှု​တွေမှာလည်း အများအပြား ရှိကြပါတယ်။

စိတ်အနှောက်အယှက်ဖြစ်စေတဲ့ စိုးရိမ်ပူပန်မှုတွေ သို့မဟုတ် ထပ်တလဲလဲမက်လေ့ရှိတဲ့ အိပ်မက်ဆိုးတွေ ကဲ့သို့သော ပြဿနာအမျိုးမျိုးကို ကုသဖို့ အသုံးပြုတဲ့ lucid dream therapy ဖြစ်ပါတယ်။

အိပ်မက်တွေဟာ စိတ်ခံစားမှု​တွေကို စီမံလုပ်ဆောင်ဖို့နှင့် သတိကိုလေ့ကျင့်ဖို့ ထွက်ပေါက်ကောင်းတစ်ခုကို ပေးစွမ်းနိုင်ပြီး ကျွန်ုပ်တို့ရဲ့ စိုးရိမ်ပူပန်မှု​တွေနှင့် ကြောက်ရွံ့မှု​တွေကို ရင်ဆိုင်ဖို့လည်း လုံခြုံတဲ့နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

ထပ်တလဲလဲ အိပ်မက်ဆိုး​တွေကို မကြာခဏဆိုသလို မက်တဲ့သူ​တွေအတွက် lucid dreaming ဖြင့် ဇာတ်သိမ်းခန်းတစ်ခု ဖန်တီးပေးပြီး ကုသနိုင်ပါတယ်။

ဒါဟာ အိပ်ပျော်နေစဉ် အသိဉာဏ်ကို နိုးကြားစေဖို့ အချိန်ယူရသူများအတွက် အလွန်ထိရောက်တဲ့ ကုထုံးတစ်ခု ဖြစ်လာပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်းကို အခြားနည်းများဖြင့် ထုတ်ဖော်ပြသနိုင်စေတဲ့အတွက်ကြောင့် lucid dreamingကနေ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။

အရာဝတ္ထု​တွေနှင့် လုပ်ရပ်​တွေကို မဖြစ်နိုင်တဲ့နည်းလမ်း​တွေ​ဖြင့် ခြယ်လှယ်နိုင်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုတွေဟာ လက်တွေ့ဘဝမှာရှိတဲ့ အရာ​တွေကို ကျော်လွန်နိုင်စေပါတယ်။

ဥပမာ နံရံတွေကို ဖြတ်သွားတာတွေ ၊ တိမ်တွေပေါ်မှာ လမ်းလျှောက်တာတွေဟာ လက်တွေ့ဘဝမှာ ဖြစ်နိုင်ချေ နည်းသော်လည်း အိပ်စက်ခြင်းရဲ့နောက်ကွယ်က အိမ်မက်ထဲမှာဆိုရင် ဘယ်လိုအရာမျိုးမဆို ဖြစ်နိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *