၂၀၂၀ မေလတုန်းက ပါကစ္စတန် အပြည်ပြည်ဆိုင်ရာလေကြောင်း ပျံသန်းမှုခရီးစဉ် PK 8303 ရဲ့ လေယာဉ်မှူးက နည်းပညာဆိုင်ရာပြဿနာများကို သတင်းပို့ခဲ့ပြီး ကြောက်ရွံ့ထိတ်လန့်ဖွယ်“ မေဒေး” သတိပေးချက်ကို ထုတ်လွှင့်ခဲ့ပါတယ်။
လုပ်ထုံးလုပ်နည်းအရ ဒုက္ခရောက်တဲ့အချိန်မှာဆို သုံးကြိမ်ဆက်တိုက် မေဒေး ဟု ခေါ်ဖို့ သတ်မှတ်ထားပါတယ်။
Business insider ရဲ့ အဆိုအရ ” ငါတို့အင်ဂျင် နှစ်လုံး ဆုံးရှုံးသွားပြီ ၊ မေဒေး ၊မေဒေး၊ မေဒေး ” ဟု လေယာဥ်မှူး ဆီကနေနောက်ဆုံးစကား ကြားလိုက်ရတယ် ဟု ဆိုပါတယ်။
အဆိုပါ ဖြစ်စဥ်မှာ လူ ကိုးဆယ့်ခုနှစ်ဦး ဆုံးရှုံးခဲ့ရပါတယ်။
” မေဒေး” ဆိုတာဟာ လေယာဥ်မှူးတွေ ၊ သင်္ဘောကပ္ပတိန်တွေ ၊ အရေးပေါ်တုံ့ပြန်ရေး ၀န်ထမ်းတွေ အသုံးပြုတဲ့ အရေးပေါ်အချက်ပြမှုဖြစ်သော်လည်း တခြားအခြေအနေ အမျိုးမျိုးမှာလည်း အသုံးပြုနိုင်ပါတယ်။
အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့ဟာ နှစ်စဉ် အကြမ်းဖျင်းအားဖြင့် ဖုန်းခေါ်ဆိုမှု ၂၅,၀၀၀ ကို ကိုင်တွယ် ဖြေရှင်း ခဲ့ရပြီး အ ချို့မှာ မေဒေး ကုဒ်တွေ ပါ၀င်ပါတယ်။

”မေဒေး”
ပထမကမ္ဘာစစ် အပြီး ဗြိတိန် နှင့် ဥရောပတိုက် အကြား လေကြောင်းသွားလာမှု သိသိသာသာ တိုးတက် လာသောကြောင့် အချက်ပြကုဒ် အသုံးပြုမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
အနီးအနားရှိ နိုင်ငံများအားလုံးဟာ အရေးပေါ် လေယာဉ် ပြဿနာများအတွက် အာဏာပိုင်များကို သတိပေးနိုင်မည့် နိုင်ငံ တကာ နားလည်နိုင်တဲ့ အချက်ပြတစ်ခု လိုအပ်ပါတယ်။
ရေတပ်ဗိုလ်တွေ ဒုက္ခရောက်တဲ့အချိန်မှာ အသုံးပြုတဲ့ စံ SOS အခေါ်ကို ဘာကြောင့် အသုံးမပြုကြတာလဲ။
သင်္ဘောတွေဟာ Morse ကုဒ်ကို သုံးပြီး ကြေးနန်းမှ တဆင့် ဆက်သွယ်ကြပါတယ်။ ဤနည်းပညာဟာ “SOS” ကို အမှားမရှိနိုင်ပါဘူး။
ဆန့်ကျင်ဘက် အနေနဲ့ လေယာဉ်မှူးတွေကတော့ ရေဒီယို ခေါ်ဆိုမှုများကို အသုံးပြုတဲ့အတွက်ကြောင့် SOS ကို ၎င်းရဲ့ ဗျည်း အက္ခရာများကို ” F ” ကဲ့သို့ တခြား စာလုံးတွေနဲ့ နားကြား လွဲနိုင်ပါတယ်။
လန်ဒန်မြို့ရှိ အကြီးတန်း ရေဒီယိုအရာရှိ Frederick Stanley Mockford က သင့်တော်တဲ့ ကုဒ်စာလုံး တစ်လုံးကို ရှာဖွေဖို့ တာဝန် ယူခဲ့ပါတယ်။
သူဟာ ပဲရစ်မြို့ရှိ Croydon နှင့် Le Bourget လေဆိပ်တို့ အကြားမှာ ပျံသန်းနေတဲ့ လေကြောင်း အသွားအလာများကြောင့် ပြင်သစ်စကားမှ ဆင်းသက်လာပြီး အသုံးပြုခြင်းဟာ အဓိပ္ပာယ်ရှိလိမ့်မယ် လို့ ဆိုပါတယ်။
သူဟာ ပြင်သစ်အသံထွက်ဖြစ်တဲ့”m’aider” (“ငါ့ကိုကူညီပါ”) ဆိုတာကနေ မေဒေး ဆိုတဲ့စကားဟာ ဆင်းသက်လာတယ် ဟုပြောပါတယ်။
ရေဒီယိုလှိုင်းများ နှင့် ပတ်ဝန်းကျင်ဆူညံသံများကြောင့် လေယာဉ်မှူးများကို ”မေဒေး၊ မေဒေး ၊ မေဒေး ”ဟု ထပ်ခါခေါ်ဆိုခြင်းဟာ တခြား စကားလုံးတွေမှ ခွဲခြားဖို့လည်း ဖြစ်ပါတယ်။

ခရီးသည်တင် လေယာဉ်
ဒီလိုအရာများဟာ ထိတ်လန့်စရာ အခြေအနေများ ဖြစ်နိုင်သော်လည်း ဖယ်ဒရယ် လေကြောင်းလိုင်း စီမံခန့်ခွဲမှုမှ အရေးပေါ် တုန့်ပြန်သူများအား မည်သည့် ဖြစ်ရပ်များ ဖြစ်နေကြောင်း သိရှိစေရန် လေယာဉ်မှူးများအား အောက်ပါအတိုင်း အစဉ်လိုက် အကူအညီ တောင်းဖို့ တိုက် တွန်း ထားပါတယ်။
၁။ မေဒေး မေဒေး မေဒေး ၂။ တည်နေရာ ၃။ လေယာဉ်၏ ခေါ်ဆိုသည့် အမှတ်အသားနှင့် အမျိုးအစား ၄။ အရေးပေါ် အ ခြေ အနေ အမျိုးအစား
၅။ ရာသီဥတု ၆။ လေယာဉ်မှူး၏ ရည်ရွယ်ချက် ၇။ လက်ရှိ လေယာဉ်၏ အနေအထားနှင့် ဦးတည်နေသည့် နေရာ ၈။ လေ ယာဉ်၏ လက်ရှိ အမြင့်
၉။ မိနစ်အားဖြင့် လောင်စာဆီ ကျန်သည့် အချိန် ၁၀။ လေယာဉ်ပေါ်တွင် ပါရှိသည့် လူ အရေအတွက် ၁၁။ အခြား ဆက်စပ်သော အသေးစိတ် အချက်အလက်
၎င်းရဲ့ အရေးပါမှုကြောင့် လူအများစုက မေဒေး အချက်ပြကို လေးစားပြီး လုံးဝ လိုအပ်သည့် အခါမှသာ ၎င်းကို အသုံးပြုကြပါတယ်။
ဝမ်းနည်းစရာ ကောင်းတာက ကမ်းခြေစောင့် တပ်ဖွဲ့တွေဟာ ရံဖန်ရံခါ အနှောက်အယှက်ပေးတဲ့ ရေဒီယို အချက်ပြ တွေကို ကြုံတွေ့ရပါတယ်။
ဒါတွေဟာ အချိန် နဲ့ ကုန်ကျငွေတွေကို အမှန်တကယ် အန္တရာယ်မရှိတဲ့သူတွေကို ကယ်ဖို့ကြိုးစားရင်း အလဟသ ဖြစ်စေပါတယ်။
ဒီစနစ်ကို အလွဲသုံးစားလုပ်သူတွေဟာ သံတိုင်ကြားမှာ ၁၀ နှစ် လောက်အထိ ရောက်သွားနိုင်ပြီး ဒေါ်လာ ၂၅၀,၀၀၀ အထိ ဒဏ်ရိုက် ခံရနိုင်ပါတယ်။
အချက်အလက်များ မှားယွင်းမှုရှိပါက အကြံပြုနိုင်ပါသည်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 18/10/2021