ဂျပန်နိုင်ငံ၏ ထူးခြားတဲ့ ကပ်ပါးကောင် ပြတိုက် အကြောင်း

Knowledge Travel

ပြတိုက်များဟာ လာရောက် ကြည့်ရှုသူများအတွက် ဗဟုသုတများစွာ ရရှိစေပြီး လက်ရှိ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၀၂ နိုင် ငံ၌ ပြတိုက် စုစုပေါင်း ၅,၅၀၀၀ ကျော်လောက် ရှိတယ်လို့ သိရှိရပါတယ်။

အဲဒီလို ပြတိုက်တွေထဲက ဂျပန်နိုင်ငံမှာရှိတဲ့ ပြတိုက်တခုကို သိရင် သင့်အနေနဲ့ အတော်လေးတော့ အံ့အားသင့်မိ လောက်မှာပါ။

ဟုတ်ပါတယ်။ အဲဒါကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရှိတဲ့ ကပ်ပါးကောင်တွေကို ပြသထားတဲ့ ပြတိုက်ပဲ ဖြစ်ပါတယ်။

Image: Courtesy of GEILHEM VELLUT, FLICKR // CC BY 2.0

ဒီပြတိုက်ဟာ ကမ္ဘာ့ပေါ်တွင် တခုထဲသော ကပ်ပါးကောင်များကို ပြသထားတဲ့ ပြတိုက် တခုလည်း ဖြစ်ပါတယ်။

သင့်အနေနဲ့ ကပ်ပါးကောင်တွေကို လေ့လာဖို့ရာအတွက် နှစ်သက်ကောင်း နှစ်သက် လောက်ပေမယ့် အတော်များများ က တော့ နှစ်သက်ချင်မှ နှစ်သက်ကြမှာပါ။

ဘာပဲဖြစ်ဖြစ် လေ့လာလိုသူတွေ အတွက် အလွန်အဖိုးတန်တဲ့ ဒီပြတိုက်ကို ဒေါက်တာ Satoru Kamegai က ၁၉၅၃ ခုနှစ် ကတည်းက စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

Image: Courtesy of GEILHEM VELLUT, FLICKR // CC BY 2.0

၁၉၉၃ ခုနှစ်မှာ ပြတိုက်ကို ပြန်လည် တည်ဆောက်ခဲ့ပြီး ဒေါက်တာ Satoru Kamegai ဟာ ၂၀၀၂ ခုနှစ်မှာ ဆုံးပါးခဲ့ပါတယ်။

ပြတိုက်ကို အစိုးရက ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားတာ မဟုတ်ဘဲ လာရောက် လည်ပတ်သူများ၏ အလှူငွေဖြင့် ရပ်တည်နေတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ထူးထူးဆန်းဆန်း နေရာတွေ အမြရှိတတ်ပြီး အဲဒီ့အထဲက ခေါက်ဆွဲ ပြတိုက် အကြောင်းကို “ဂျပန်နိုင်ငံက ထူထူးခြားခြား ခေါက်ဆွဲ ပြတိုက်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

Image: Courtesy of GEILHEM VELLUT, FLICKR // CC BY 2.0 Left/Right

Meguro လို့အမည်ပေးထားတဲ့ ကပ်ပါးဗေဒဆိုင်ရာ ပြတိုက်ဟာ အဓိကအားဖြင့် လူနှင့် တိရိစ္ဆာန်တွေမှာ တွယ်ကပ်နေထိုင်တဲ့ ကပ်ပါးကောင်တွေကို ပြသထားပြီး အူအတွင်းနေထိုင်တဲ့ ၂၈.၉ ပေ လောက်ရှိတဲ့ တုပ်ပြားကောင်ကိုတောင် ပြသထားပါတယ်။

နှစ်ထပ် ရှိတဲ့ ပြတိုက် အတွင်းသို့ ဝင်လိုက်တာနဲ့ အဆိုပါ ကပ်ပါးကောင် မျိုးစိတ်ပေါင်း ၃၀၀ ကျော်မှ အကောင် အရေအ တွက် ၆ သောင်း လောက်ကို ပြသထားပါတယ်။

ပညာရှင်များ နှင့် ကျောင်းသားများ အတွက် ပြတိုက်အတွင်းမှာ ကပ်ပါးကောင်များနှင့် ပတ်သက်တဲ့ စာအုပ်ပေါင်း ၅ ထောင်ကျော်နှင့် သုတေသန စာတမ်းပေါင်း ၅ သောင်းလောက်ကို လေ့လာခွင့် ရရှိမှာ ဖြစ်ပါတယ်။

Image: Courtesy of GEILHEM VELLUT, FLICKR // CC BY 2.0

ပထမထပ်တွင် အဓိက အားဖြင့် တိရစ္ဆာန်များပေါ်တွင် နေထိုင် ကျက်စားတတ်တဲ့ ကပ်ပါးကောင်များကို ပြသထားပြီး ဒုတိ ယ ထပ်မှာတော့ လူတွေပေါ်မှာ ရှင်သန်တဲ့ ကပ်ပါးကောင်များကို အဓိကထား ပြသထားတာ ဖြစ်ပါတယ်။

မျိုးစိတ်များတွင် nematodes၊ trematodes နှင့် ငှက်ဖျားကပ်ပါးကောင်များ အပါအဝင် စိတ်ဝင်စားစရာ ကပ်ပါးကောင်များကို ပြသထားတာ ဖြစ်တဲ့အတွက် ဝါသနာပါ လေ့လာသူတွေ အတွက်တော့ ရွှေတွင်းကြီးပါပဲ။

ပြတိုက်မှ အပြန် အမှတ်တရများနှင့် လေ့လာစရာများကို ဝယ်ယူသွားနိုင်ဖို့ အတွက် ဒုတိယထပ်တွင် လက်ဆောင် ပစ္စည်း အရောင်းဆိုင် တခုလည်း ရှိပါသေးတယ်။

Image: Courtesy of jw-webmagazine

ပြတိုက်ဟာ အဆိုပါ ဝင်ငွေများဖြင့် အဓိက ရပ်တည်လျက် ရှိနေတာ ဖြစ်ပါတယ်။

အဆိုပါဆိုင်တွင် ပြတိုက် လမ်းညွှန်စာအုပ်၊ ပို့စ်ကတ်၊ တီရှပ်များ၊ တကယ့် ကပ်ပါးကောင်များကို မြှုပ်နှံကာ ပြုလုပ်ထားတဲ့ မိုဘိုင်းဖုန်းချိတ် ကြိုးများကို ရရှိနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.