စိန်များဖြင့် ဖုံးအုပ်ထားဖွယ်ရှိတဲ့ မာကျူရီဂြိုလ် အကြောင်း

Knowledge Science

မာကျူရီဂြိုလ်ဟာ ကျွန်ုပ်တို့ထင်ထားတာထက် များစွာပို၍ အဖိုးတန်နိုင်ပါတယ်။

မာကျူရီဂြိုလ်ဟာ နေနှင့် အနီးဆုံးဂြိုဟ်ဖြစ်တဲ့အတွက်ကြောင့် နေစကြာဝဋ္ဌာ စနစ်တွင် စိတ်ဝင်စားစရာ အကောင်းဆုံး ဂြိုဟ်များထဲမှ တစ်ခုဖြစ်တာတော့ သေချာပါတယ်။

လနှင့် အင်္ဂါဂြိုလ်တို့ရဲ့ နားလည် သဘောပေါက်မှုနှင့် နှိုင်းယှဉ်ပါက ပြင်းထန်တဲ့ ပတ်ဝန်းကျင်ရှိသော အဆိုပါ ဂြိုဟ် အ ကြောင်းကို များများစားစားမသိရသေးပါဘူး။

မာကျူရီဂြိုလ်ရဲ့ အပေါ်ယံလွှာဟာ အများအားဖြင့် ဂရပ်ဖိုက်ပုံစံ ဖြစ်ပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ထိမှန်ပြီးနောက် စိန်များအဖြစ်သို့ ပြောင်းလဲနိုင်တဲ့ သန့်စင်သောကာဗွန်ပုံစံ ဖြစ်လာပါတယ်။

ဒါတွေအပြင် မာကျူရီဂြိုလ်ဟာ ၎င်းကို ရိုက်ခတ်ခဲ့တဲ့ ဥက္ကာခဲများနှင့် ကြယ်တံခွန်များကြောင့် မီးတောင်ဝပုံစံများဖြင့်လည်း ပြည့်နှက်နေပါတယ်။

မာကျူရီဂြိုဟ်

ယခုအခါမှာတော့ သုတေသီတွေဟာ မာကျူရီဂြိုလ်(ဗုဒ္ဓဟူးဂြိုဟ်)ရဲ့ မျက်နှာပြင်နှင့် ပတ်သက်ပြီး လေ့လာတွေရှိချက်တွေကို အခိုင်အမာ ပြောဆိုနေကြပုံရပါတယ်။

Lunar and Planetary Science Conference တွင် ယခုလအစောပိုင်းက ပြုလုပ်ခဲ့တဲ့ သုတေသနအသစ်က မာကျူရီဂြိုလ်ရဲ့ အပေါ်ယံလွှာတွင် စိန် 16 quadrillion တန် အထိ ပါဝင်နိုင်ကြောင်း ပြောဆိုထားပါတယ်။

ဂြိုဟ်သိမ်ဂြိုဟ်မွှားများ သို့မဟုတ် ကြယ်တံခွန်များမှလာတဲ့ ဖိအားလှိုင်းတွေဟာ ဂြိုလ်ရဲ့မျက်နှာပြင်ကို တစ်စက္ကန့်လျှင် ကီ လို မီတာ ဆယ်ဂဏန်းနှုန်းဖြင့် ရိုက်ခတ်လာခြင်းကြောင့် ထိုဂရပ်ဖိုက်တွေကို စိန်​​တွေအဖြစ်သို့ ပြောင်းလဲသွားစေနိုင်တယ်” လို့

Colorado School of Mines မှ ဘူမိဗေဒပညာရှင် Kevin Cannon က ၎င်းရဲ့နောက်ဆုံးတွေ့ရှိချက်​​တွေကို တင်ပြပြောဆိုခဲ့ပါတယ်။

“မာကျူရီဂြိုလ်ရဲ့ မျက်နှာပြင် အနီးမှာ များပြားလှတဲ့ စိန်တွေ အများကြီး ရှိနိုင်တယ်”ဟုလည်း ဆိုပါတယ်။

အဆိုပါ စိန်တွေဟာ ကျွန်ုပ်တို့သွေးပြီး လက်ဝတ်ရတနာ အဖြစ်လုပ်ထားတဲ့ ထင်ရှားတဲ့ ကျောက်မျက်ကြီးတွေနဲ့ ဘာမှမဆိုင်ဘူး လို့ Cannon က ဆိုပါတယ်။

နေအဖွဲ့အစည်း သရုပ်ပြ

ပိုမိုကောင်းမွန်တဲ့ အချက်က ၎င်းဟာ ဂရပ်ဖိုက်နှင့် အခြားကာဗွန် ပုံစံများ ရောနှောထားတဲ့ စက်မှုလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ စိန်တွေထက်တော့ ပိုကောင်းမွန်စေပါတယ်။

မာကျူရီဂြိုလ်ရဲ့ စူးစမ်းရ ခက်ခဲတဲ့ အကြောင်းအရင်း

ကျွန်ုပ်တို့လူသားတွေဟာ မာကျူရီဂြိုလ်( ဗုဒ္ဓဟူးဂြိုဟ်) သို့ မရောက်ရှိသေးပါဘူး။

NASA ရဲ့ MESSENGER နှင့် Mariner 10 မစ်ရှင်များကသာ ဂြိုလ်အား အနီးကပ် စောင့်ကြည့်လေ့လာပြီး နေရဲ့ အနီးကပ်ဆုံး ပတ်လမ်းကြောင်းအကြောင်း ကျွန်ုပ်တို့သိစေတာပဲ ဖြစ်ပါတယ်။

လူသားများအနေနဲ့ မာကျူရီဂြိုလ်ရဲ့ စူးစမ်းရှာဖွေမှုကို အတားအဆီးမှာ ကမ္ဘာနှင့် အလွန်ဝေးကွာသည့်အပြင် ၎င်းရဲ့ ဆွဲငင် အားကလည်း အလွန်မြင့်မားပါတယ်။

ဒါတင်မကသေးပါဘူး။ 801°F နှင့် −279°F အကြားရှိ ၎င်းရဲ့ အလွန်ပြောင်းလဲနိုင်တဲ့ အပူချိန်ကိုလည်း ထည့်သွင်းစဥ်းစားဖို့ လိုအပ်ပါတယ်။

မျက်နှာပြင်

မာကျူရီဂြိုလ်ရဲ့အခြေအနေတွေဟာ လူသားတို့ စူးစမ်း လေ့လာဖို့အတွက် အလွန့် အလွန်ထူးကဲလွန်းလှပါတယ်။

ဒါ့ကြောင့် ဥရောပအာကာသအေဂျင်စီ (ESA) နှင့် Japan Aerospace Exploration Agency မှ BepiColombo ဟုခေါ်တဲ့ မစ်ရှင်အသစ်ကို မျက်စိကျနေကြပါတယ်။

အဆိုပါ မစ်ရှင်ဟာ 2025 ခုနှစ် ဒီဇင်ဘာလလောက်မှာ မာကျူရီဂြိုလ်ပေါ်သို့ရောက်ရှိပြီးနောက် ဂြိုဟ်အား စုံစမ်းစစ်ဆေးနိုင်ဖို့ မျှော်လင့်ထားတယ်ဟု သိရပါတယ်။

2008 ခုနှစ်မှ 2015 ခုနှစ်အထိ မာကျူရီဂြိုလ်ကို ပုံဖော်ပေးသော NASA ရဲ့ MESSENGER ပြီးနောက်၊ BepiColombo မစ်ရှင်ဟာ ဓာတ်သတ္တုရှာဖွေရေးနှင့်ပတ်သက်၍ အလွန်အလားအလာကောင်းပါတယ်။ ​

ဒါ့ကြောင့် လာမည့် BepiColombo မစ်ရှင်ဟာ မာကျူရီဂြိုလ်ရဲ့ မျက်နှာပြင်ပေါ်ရှိ စိန်​တွေကို ရှာဖွေတွေ့ရှိနိုင်တယ်” ဟု Cannon မှပြောကြားခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 20/3/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published.