ကွာလာလမ်ပူမှ ကမ္ဘာ့ဒုတိယအမြင့်ဆုံး ဖြစ်လာမည့် မိုးမျှော်တိုက်သစ်ကြီးအကြောင်း

News World

ယခင် ကမ္ဘာ့ဒုတိယအမြင့်ဆုံး ရှန်ဟိုင်းမျှော်စင်ကိုကျော်လွန်ပြီး ကမ္ဘာ့ ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက်အဖြစ် Merdeka 118 ကို ဆောက် လုပ် နေပြီ ဖြစ်ပါတယ်။

အထင်ကြီး အံ့သြစရာ ကောင်းလောက်တဲ့ အမြင့် ၆၇၈.၉ မီတာ (၂၂၂၇ ပေ) ရှိတဲ့ ကွာလာလမ်ပူရှိ Merdeka 118 ဟာဆိုရင် 2022 ခုနှစ်နှောင်းပိုင်းလောက်မှာ ပြီးစီးဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပြီ ဖြစ်ပါတယ်။

အဆိုပါ ကြီးမားပြီး မြင့်မားတဲ့ မိုးမျှော်တိုက်ကို သြစတြေးလျနိုင်ငံမှ Fender Katsalidis မှ ဒီဇိုင်းထုတ်ထားပြီး Australia 108 မျှော်စင်လို မျက်လုံးကိုဖမ်းစားနိုင်မည်ဖြစ်ကာ ၎င်းကို တည်ဆောက်နေတာဟာ ငါးနှစ်ရှိပြီဟု ဆိုပါတယ်။

အဆိုပါ မိုးမျှော်တိုက်ကြီးရဲ့ အပြင်ပိုင်းကို မလေးရှားအနုပညာနှင့် လက်မှုပညာတို့ဖြင့် တည်ဆောက်ထားပြီး တြိဂံပုံ မှန်အပိုင်းများကို ပန်းပုပုံစံဖြင့် ဆန်းသစ်အောင် ပြုလုပ်ထားပါတယ်။

အလွန်မြင့်တဲ့ မိုးမျှော်တိုက်များကို ကမ္ဘာတဝှမ်းမှာ ပုံမှန်ဆောက်လုပ်နေကြသော်လည်း အမြင့်ဆုံး ငါးခု စာရင်းကို လှုပ်ခါသွားအောင် တည်ဆောက်တာကို မြင်တွေ့ရတာတော့ ရှားပါတယ်။

သို့သော်လည်း ကြီးမားပြီး မြင့်မားတဲ့ မျှော်စင်များကဲ့သို့ Merdeka 118 ရဲ့အမြင့်ဟာ တည်ဆောက်တဲ့ နေရာမှာ အနည်းငယ် ရှုပ်ထွေးပါတယ်။

Photo Courtesy of Fender Katsalidis

အဆိုပါ အဆောက်အဦးဟာ အမြင့် ၆၇၈.၉ မီတာ (၂၂၂၇ ပေ) သို့ ရောက်ရှိနေသော်လည်း ထိပ်ပိုင်းမှာရှိတဲ့ ပရိမစ်ပုံ အချွန်အတက်တွေပါ ထဲ့တွက်ထားတာပါ။

အမှန်တကယ် ၎င်းရဲ့ အမြင့်ဆုံးအမြင့်မှာ ၆၄၄ မီတာ (၂၁၁၃ ပေ) ဖြစ်ပြီး ၆၃၂ မီတာ (၂၀၇၃ ပေ) မြင့်တဲ့ Shanghai Tower ကိုကျော်လွန်ကာ ဒုတိယနေရာကို ရောက်ရှိလာမှာဖြစ်တယ် ဟု ဆိုပါတယ်။

သို့သော်လည်း ပထမနေရာက ၈၂၇မီတာ (၂၇၁၇ ပေ) မြင့်တဲ့ Burj Khalifa ဖြစ်ပြီး ထိပ်ဆုံးမှာ သက်တောင့်သက်သာပဲ ရှိပါတယ်။

လုပ်ငန်းပြီးစီးပြီးကာ ဖွင့်လှစ်တဲ့အချိန်ထိ Merdeka 118 ကို အထပ်မြင့်အဆောက်အအုံများ နှင့် မြို့ပြနေထိုင်မှုအဆင့်သတ်မှတ်ခြင်းဆိုင်ရာကောင်စီတွင်း အသိအမှတ်ပြုမည် မဟုတ်​သေးကြောင်း၊ မိုးမျှော်တိုက်အမြင့်နှင့်ပတ်သက်လာလျှင် မြင့်မားသည့်အတွက်ကြောင့် လိုအပ်ချက်တွေ ရှိသေးကြောင်း ဆိုပါတယ်။

Merdeka 118 ကို ကမ္ဘာ့ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက် စာရင်းဝင်ဖို့ ၂၀၂၂ ကုန်ထိ စောင့်ရမည်ဟုဆိုပါတယ်။

နောက်ထပ်အသေးစိတ်အချက်အလက်များအရ တာဝါရဲ့အတွင်းပိုင်းဟာဆိုရင် အကြမ်းဖျင်းအားဖြင့် 288,000 စတုရန်းမီတာ ကျယ်ဝန်းပြီး အထပ်ပေါင်း ၁၁၈ ထပ်ခင်းထားကာ ရုံးခန်းနေရာ၊ ဟိုတယ်နေရာ၊ ရှုခင်းနေရာ နှင့် ဇိမ်ခံတိုက်ခန်းနေရာတွေကို သီးသန့်ပိုင်းခြားထားတယ်ဟု ဆိုပါတယ်။

Photo Courtesy of Fender Katsalidis

ဒါတွေအပြင် Merdeka 118 မှာ စိမ်းလန်းတဲ့ သစ်ပင်တွေ ၊ ရေပန်းတွေ အပါအဝင် နေရာအကျယ်ကြီးအတွင်းမှာ အများသူငှာ လွတ်လွတ်လပ်လပ် သွားလာအပန်းဖြေလို့ရအောင် ရှုခင်းဗိသုကာပညာရှင် Sasaki မှ ဒီဇိုင်းထုတ်ထားပါတယ်။

မလေးရှားနိုင်ငံမှ အထင်ရှားဆုံးနေရာများထဲက တစ်ခုဖြစ်အောင် ဒီအဆောက်အဦးကို ဖန်တီးဖို့ ထောက်ပံ့ပေးတဲ့အတွက် မယုံနိုင်လောက်အောင် ဂုဏ်ယူမိတယ်ဟု Fender Katsalidis ရဲ့ တွဲဖက်တည်ထောင်သူ Karl Fender ကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အအုံကို ဖန်တီးတဲ့နေရာမှာ စီမံကိန်းရေးဆွဲတာ​တွေ ၊ ပြဿနာဖြေရှင်းတွေ ၊ ပူးပေါင်း ဆောင် ရွက် တာတွေကို အတူတကွ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်ဟု ဆက်လက်ပြောကြားခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.