သတ္တုစား ဘက်တီးရီးယားတွေက အလွန်ညစ်ညမ်းစေတဲ့ သတ္တုတွင်းလုပ်ငန်းကို သန့်ရှင်းစေနိုင်မလား
စနစ်တကျ မဖြေရှင်းဘူးဆိုရင် သတ္တုတွင်း ညစ်ညမ်းမှုဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။
မိုင်းတွင်းစွန့်ပစ်ပစ္စည်းတွေ၊ သတ္တုတွေ နှင့် အက်စက်ဓာတ်ပါတဲ့ ရေတွေဟာ မြစ်ချောင်းတွေထဲကို စီးဆင်းလေ့ရှိပြီး အနောက်ရေစီးရေလာ၏ ၄၀ ရာခိုင်နှုန်းကျော် ရဲ့ ရေအရင်းမြစ်တွေကို ညစ်ညမ်းစေနိုင်ပါတယ်။
EPA ရဲ့ အဆိုအရ သတ္တုတွင်းများဟာ ၂၀၁၇ ခုနှစ်တုန်းက အဆိပ်ပေါင်း ၂ ဘီလီယံနီးပါးလောက်ကို ထုတ်လွှတ်ခဲ့တယ် ဟု ဆိုပါတယ်။

ဒီကြီးထွားလာတဲ့ပြသနာကို တုန့်ပြန်ဖို့အတွက် ချီလီနိုင်ငံက ဇီဝနည်းပညာပညာရှင် Nadac Reales ဦးဆောင်တဲ့ သုတေသီ အဖွဲ့တစ်ဖွဲ့ဟာ အထူး ဘတ်တီးရီးယား ပိုးတစ်မျိုးကို တွေ့ရှိခဲ့ပြီး ၎င်းဟာ အလွန်ဆာလောင်တဲ့အခါ သုံးရက်အတွင်း သံမှိုတစ်ချောင်းကို ဝါးမျိုနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
၎င်းဟာ နိုင်ငံရဲ့ ညစ်ညမ်းစေတဲ့ သတ္တုလုပ်ငန်းတွေကို သန့်ရှင်းအောင် ကူညီပေးနိုင်တဲ့ အဖြေတစ်ခု ဟုလည်း ဆိုပါတယ်။
ချီလီနိုင်ငံဟာ ကမ္ဘာထိတ်တန်း အကြီးကျယ်ဆုံး ကြေးနီထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု ရဲ့ ၁၅ ရာခိုင် နှုန်းအထိ ရှိပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ သတ္တုတူးဖော်မှုများစွာလည်း ရှိပါတယ်။
ဒါကြောင့် ညစ်ညမ်းမှုတွေကို ထိန်းချုပ် ဖြေရှင်းဖို့ အကူအညီတစ်ချို့ ကျိန်းသေ အသုံးပြုဖို့ လိုနေပါတယ်။

အဆိုပါ နည်းစနစ်ကို သင့်တော်တဲ့ ရင်းနှီးမြုပ်နှံမှု နှင့် တစ်နည်းနည်းဖြင့် ချဲ့ထွင်နိုင်မယ်ဆိုရင် ဒါဟာ ကမ္ဘာကြီးက တခြားသတ္တုတွင်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကိုလည်း ကောင်းကောင်းကူညီ ဖြေရှင်းပေးနိုင်မှာပါ ဟုဆိုပါတယ်။
ကမ္ဘာကြီးကိုကူညီရင်း ဘက်တီးရီးယားတွေကို အစာကျွေးပါ
အသစ်တွေ့ရှိတဲ့ နည်းလမ်းက အနုဇီဝသက်ရှိများဖြစ်ပြီး ၎င်းတို့ဟာ ပြင်းထန်တဲ့ ပတ်ဝန်းကျင်အခြေအနေ မှာတောင် အသက်ရှင်နေထိုင်နိုင်ပါတယ်။
Reales နှင့်သူမရဲ့အဖွဲ့ဟာ Leptospirillum ဟုခေါ်တဲ့ သံဓာတ်တိုးဆန့်ကျင် ဘက်တီးရီးယားကို အာရုံစိုက် လေ့လာခဲ့ကြပြီး Antofagasta မှ မိုင် ၂၂၀ (၃၅၀ ကီလိုမီတာ) နှင့် ပင်လယ်ရေ မျက်နှာပြင် အထက် ၁၃,၇၇၉ ပေ (၄,၂၀၀ မီတာ) မှာရှိတဲ့ Tatio geysers မှာ သီးခြား လေ့ လာမှုများ ပြုလုပ်ခဲ့ကြပါတယ်။
သတ္တုတွေကို စားချင်စိတ်ရှိခြင်းတို့အပြင် Leptospirillum ကို စက်မှုဇီဝဗေဒနည်းအရ သတ္တုများ ပျော်ဝင်နိုင်သော အသွင်သို့ပြောင်းလဲခြင်း နှင့် ဇီဝဓာတ်တိုးခြင်း ၊ သတ္တုများ ထုတ်ယူခြင်းတို့တွင်လည်း အသုံးပြုနိုင်ပါတယ်။

၎င်းတို့ဟာ အက်စစ်ဓာတ်ရှိတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန် ပေါက်ဖွား လာပြီး ပထမဆုံး စမ်းသပ်မှုများ စတင်တဲ့အခါ ၎င်းတို့ဟာ သံမှိုတစ်ချောင်း ကို ဝါးမျိုဖို့ နှစ်လကြာခဲ့ပါတယ်။
သုတေသီတွေက နောက်တစ်ဆင့်တိုးမြှင့်လုပ်ဆောင်လိုတာကြောင့် ကြိုးစားလုပ်ဆောင်ခဲ့ကြပြီး နောက်နှစ်နှစ်အကြာမှာတော့ သုံးရက်ထဲနဲ့ သံမှိုတစ်ချောင်းကို ဝါးမျိုလာနိုင်ပြီး သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။
ဘက်တီးရီးယားတွေက လူတွေ နဲ့ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေကြောင်း ဓာတုဗေဒနဲ့ အဏုဇီဝဗေဒ စမ်းသပ်မှုတွေမှာ တွေ့ခဲ့ရတယ် ဟုဆိုပါတယ်။
အဆိုပါ ပြိုကွဲပျက်စီးမှုဖြစ်စဉ်ပြီးဆုံးတဲ့အခါ lixiviant ဟုခေါ်တဲ့ ကြက်သွေးရောင် အရည်အကြွင်းအကျန်တွေ ကျန်ရှိခဲ့ပြီး ၎င်းမှာ အံ့သြစရာကောင်းတဲ့ အရည်အသွေး ရှိပါတယ်။

သုတေသီတွေရဲ့ အဆိုအရ lixiviant ဟာ “hydrometallurgy” ဟုခေါ်တဲ့ လုပ်ငန်းစဉ်တစ်ခုမှာ ကြေးနီ ပြန်လည်ရရှိအောင် ထုတ်လုပ်တဲ့နေရာမှာ တိုးတက်စေနိုင်တယ် ဟုဆိုပါတယ်။
lixiviant ကို ကျောက်တွေမှ ကြေးနီ ထုတ်လုပ်ဖို့ အသုံးပြုခြင်းဟာ လက်ရှိ ဓာတုဗေဒ နည်းကို အသုံးပြုခြင်းထက် သဘာဝ ပတ်ဝန်းကျင် နှင့် သဟဇာတဖြစ်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။
ဒီအချက်ကြောင့် အစိမ်းရောင်လွှမ်းတဲ့ သတ္တုတူးဖော်ရေးကို လုံးဝအကောင်အထည်ဖော်နိုင်တယ် ဟု Reale က ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။