ဗာဂျီးနီးယား ပြည်နယ်ရှိ ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသား Benjamin Choi ဟာ ကပ်ရောဂါ ကာလအတွင်း အား လပ်သည့် အချိန်မှာ စိတ်နှင့် ထိန်းချုပ်လို့ရသည့် စက်ရုပ်လက် တခုကို ဖန်တီးနိုင်ခဲ့ပါတယ်။
လွန်ခဲ့သည့် ၁၀ နှစ်လောက်က Benjamin Choi ဟာ မိနစ် ၆၀ လောက်ရှိတဲ့ စိတ်နှင့် ထိန်းချုပ်လို့ရတဲ့ လက်တုတွေ ဆိုင်ရာ ရုပ်သံမှတ်တမ်း တခုကို ကြည့်ခဲ့ဖူးပါတယ်။
အဲဒီ့ ဗီဒီယိုမှာ သုတေသီများက သေးငယ်တဲ့ အာရုံခံ ကိရိယာလေးများကို လူနာ၏ ဦးနှောက်တွင် ထည့်ကာ လက်တွေကို လှုပ်ရှားစေတာပါ။
သူဟာ အဲဒီ့ ကတည်းက ဒီလို တီထွင်ဖန်တီးရတာကို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီ့တုန်းကတည်းက ၎င်း၏ မြေအောက်ခန်းထဲမှာ စားပွဲတင် တင်းနစ်ခုံကို ယာယီ ဓာတ်ခွဲခန်းတခုအဖြစ် ဖန်တီးခဲ့ပါတယ်။

၂၀၂၀ မှာတော့ Choi ဟာ ဆယ်တန်းကျောင်းသား ဖြစ်နေပြီး နွေရာသီမှာ အလူမီနီယံ လောင်စာနှင့် ပတ်သက်ပြီး သုတေသ န လုပ်ဖို့ လုပ်ဆောင်နေခဲ့တာပါ။
ဒါပေမယ့် ကပ်ရောဂါကာလမှာ ဓာတ်ခွဲခန်းဟာ ပိတ်ထားရတဲ့အတွက် Choi အတွက် အချိန်တွေ အများကြီး ပိုလာစေပါတယ်။
အချိန်တွေ ရှိလာတဲ့အတွက် လွန်ခဲ့သည့် ၁၀ နှစ်လောက်က စိတ်ကူးအတိုင်း သူ၏ ညီမဖြစ်သူ ပိုင်ဆိုင်သည့် ၇၅ ဒေါ်လာတန် 3D printer ကို အသုံးပြုပြီး တန်ဖိုးနည်း လက်တုကို ဖန်တီးခဲ့ပါတယ်။
Choi အသုံးပြုသည့် 3D printer ဟာ ၄.၇ လက်မ လောက်ထက် မပိုတဲ့ ပစ္စည်းများကိုသာ ထုတ်နိုင်သည့်စက် အသေးလေး တလုံးသာ ဖြစ်ပါတယ်။
သူဟာ အစိတ်အပိုင်းများစွာကို အချိန်ယူက ထုတ်ခဲ့ရပြီးနောက်မှာတော့ လက်တု တခုအနေဖြင့် ပေါင်းစပ် နိုင်ခဲ့ပါတယ်။
လက်တုကို ဖန်တီးပြီးနောက်မှာတော့ Choi ဟာ ထိုလက်တုကို အလုပ်လုပ်နိုင်စေရန် ယခင်က စက်ရုပ်များနှင့် ပရိုဂရမ်များ ရေးသားထားသည့် အတွေ့အကြုံဖြင့် ကုဒ်တွေ ရေးသားခဲ့ပါတယ်။

ယခင် ဦးနှောက်ကို ခွဲစိတ်ပြီး အာရုံခံကိရိယာတွေ တပ်ဆင်တာမျိုး မလိုအပ်အောင် electroencephalography (EEG) လို့ခေါ်တဲ့ ဦးနှောက်မှ လျှပ်စစ်လိုင်းများကို အာရုံခံသည့် အာရုံခံကိရိယာ ၂ ခုကို အသုံးပြုခဲ့ပါတယ်။
ထိုအာရုံခံ ကိရိယာ ၂ ခုမှ တခုကို နားတွင် တပ်ဆင်ပြီး တခုကိုတော့ နဖူးတွင် တပ်ဆင်ကာ ဦးနှောက်မှ EEG အချက် အ လက် များကို ရရှိအောင် ဖန်တီးထားပါတယ်။
ဥာဏ်ရည်တု စနစ် AI ကို တည်ဆောက်ဖို့အတွက် Choi နှင့်အတူ လူ ၆ ယောက်လောက်က တယောက်လျှင် ၂ နာရီလောက်ကြာအောင် ကူညီပေးခဲ့ကြပါတယ်။
ထို AI ဟာ သင်ယူနိုင်စွမ်း ရှိပြီး Choi မှ စက်ရုပ်လက်ကို ဦးနှောက်မှ လှိုင်းများအား ခွဲခြားကာ အာရုံခံနိုင်စေရန် သင်ယူပေးပါတယ်။
ဒီလို AI အလုပ်လုပ်နိုင်ဖို့ Choi အနေဖြင့် ကုဒ်အကြောင်းရေ ၂၃,၀၀၀, သင်္ချာဆိုင်ရာ စာမျက်နှာပေါင်း ၉၇၈ မျက်နှာ နှင့် algorithm အခွဲသစ် ၇ ခုလောက်ကို ချစ်ပ်အတွင်းမှာ ထည့်သွင်းခဲ့ရပါတယ်။

၂ နှစ်လောက်အတွင် ၇၅ ကြိမ်လောက် ပြုလုပ်အပြီးမှာတော့ Choi ရဲ့ စက်ရုပ်လက်တု ပုံစံကို အင်ဂျင်နီယာအဆင့် ပစ္စည်းများဖြင့် တည်ဆောက်နိုင်ခဲ့ပြီး အလေးချိန် ၄ တန်လောက်အထိ ခံနိုင်ရည်ရှိလာပါတယ်။
လက်ရှိ ဈေးကွက်တွင် ရှိနေသည့် ဒီဇိုင်းများဟာ တိကျမှု ၇၃.၈ ရာခိုင်နှုန်းသာ ရှိပေမယ့် Choi ရဲ့ လက်တုကတော့ ၉၅ ရာခိုင်နှုန်းအထိ တိကျမှု ရှိတယ်လို့ Smithsonian မဂ္ဂဇင်းတွင် ဖော်ပြထားပါတယ်။
ယနေ့ခေတ် စက်ရုပ် လက်တုများဟာ ဒေါ်လာ ထောင်ပေါင်းများစွာ ကုန်ကျနေချိန်မှာ Choi ၏ စက်ရုပ်လက်ကတော့ ဒေါ် လာ ၃၀၀ သာ ကုန်ကျလို့ အနာဂါတ်မှာ ဈေးကွက်ထဲကိုတောင် မြန်မြန် ဆန်ဆန် ရောက်လာနိုင်ပါတယ်။
Choi ဟာ ယခု စက်ရုပ်လက်တုကို ဖန်တီးရုံတင် အားမရသေးဘဲ အနာဂါတ်မှာ wheelchair များနှင့် စကားမပြောနိုင်သည့် သူများအတွက် ဆက်သွယ်နိုင်ဖို့ စက်များ ထပ်မံ တည်ဆောက်သွားဖို့ ဆန္ဒရှိနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။