သဘာဝ အသံစုပ် ကိရိယာများ ဖြစ်တဲ့ ပိုးဖလံ အတောင်ပံများအကြောင်း

Article Nature

“အနာဂတ်တွင် ပိုးဖလံများဟာ အသံစုပ်ယူနိုင်တဲ့ ပစ္စည်းများရဲ့ မျိုးဆက်သစ်များကို ဖန်တီးနိုင်ဖို့ လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ် “

လွန်ခဲ့သောနှစ်ပေါင်း ၆၅ သန်းခန့်ထဲက လင်းနို့တွေဟာ ၎င်းတို့ရဲ့ပါးစပ် သို့မဟုတ် နှာခေါင်းဖြင့် ကြိမ်နှုန်းမြင့် အသံများပြု လုပ်ကာ အရာဝတ္တုများပေါ်မှ ပဲ့တင်သံများကို နားထောင်ခြင်းဖြင့် တည်နေရာကို သိရှိနိုင်ကြပြီး အသံပြုနိုင်စွမ်းကို ဦးစွာဆင့်ကဲ ပြောင်းလဲ ခဲ့ကြတာဖြစ်ပါတယ်။

ထိုအချိန်မှစ၍ လင်းနို့များနှင့် ပိုးဖလံကောင်များဟာ သားကောင်များကြားတွင် “အသံတူလက်နက်ပြိုင်ဆိုင်မှု” တွင် ပါဝင်လာခဲ့ပါတယ်။

ယခုအခါ ပိုးဖလံများဟာ လင်းနို့များရဲ့ ကြီးမားသော အမဲလိုက်ခံရခြင်း ဆိုင်ရာ ဖိအားအောက်တွင် ရှိနေပြီး အသက်ရှင် ရပ် တည် မှုအတွက် ခုခံကာကွယ်မှု အများအပြားကို ပြောင်းလဲလုပ်ဆောင်ခဲ့ရပါတယ်။

ဒါ့ကြောင့် ပိုးဖလံ တောင်ပံဟာ ဆူညံသံ-ပယ်ဖျက်ခြင်း နည်းပညာကို ပြောင်းလဲဖို့ သော့ချက်တစ်ခုဖြစ်ပါတယ်။

လင်းနို့၏ ပဲ့တင်သံကို အသုံးပြုသည့် ရှာဖွေစနစ်ကို ပိုးဖလံများဟာ ၎င်း၏ တောင်ပံများကို အသုံးပြုပြီး အသံပိုင်းဆိုင်ရာ အကာအကွယ် တခု အမှန်တကယ် ဖန်တီးနိုင်ကြောင်း သုတေသီများက မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သုတေသီများက နေရာလွတ်များတွင် မရွေ့လျားဘဲ ပိုမိုကောင်းမွန်သော အသံစုပ်ယူနိုင်တဲ့ ၎င်းတို့ရဲ့ ဖွဲ့စည်းပုံကို လေ့လာလျက်ရှိပါတယ်။

Proceedings of the Royal Society A တွင်ထုတ်ဝေသည့် လေ့လာမှုတစ်ခုတွင် Bristol တက္ကသိုလ်မှ ကျွမ်းကျင်သူများက ပိုးဖလံတောင်ပံပေါ်ရှိ အကြေးခွံများကို မျက်နှာပြင်တစ်ခုပေါ်တွင် ထားကြည့်ကာ ကောင်းမွန်သော အသံစုပ်စက်များ ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

အထူးကောင်းမွန်သော အသံစုပ်ကိရိယာများ

Bristol’s School of Biological Sciences မှ ပါမောက္ခ Marc Holderied က “အရင်ဆုံး သိထားရမှာက ဒီပိုးဖလံ အကြေး ခွံတွေက နံရံလိုမျိုး အသံပိုင်းဆိုင်ရာ ထုတ်လွှတ်မှုများနှင့် ထိတွေ့တဲ့အခါ စုပ်ယူမှုဆိုင်ရာ ယန္တရားများ မည်သို့ ပြောင်းလဲနိုင်သလဲဆိုတာကို သိရှိဖို့လည်း လိုအပ်တယ်” ဟု ပြောကြားခဲ့ပါတယ်။

The Science Times ကတော့ အင်းဆက်အတောင်ပံများရဲ့ ဖွဲ့စည်းပုံဟာ အသုံးချမှု များစွာအတွက် မျက်နှာပြင် အသံထိန်း ကိရိယာအဖြစ် လုပ်ဆောင်သည့် ပြီးပြည့်စုံတဲ့ ပုံစံကို ပြသထားတယ်ဟု ဆိုပါတယ်။

ပရော်ဖက်ဆာ Holderied နှင့် သူရဲ့အဖွဲ့ဟာ အလူမီနီယမ် အပြားပေါ်တွင် ပိုးဖလံတောင်ပံရဲ့ အပိုင်းငယ်များကို ချထားခြင်းဖြင့် ၎င်းကို စမ်းသပ်ခဲ့ပြီး အပိုင်းငယ်များကို ဖယ်ရှားလိုက်တဲ့အခါ အသံစုပ်ယူမှုကို ထိခိုက်စေကြောင်း တွေ့ခဲ့ရပါတယ်။

တောင်ပံပေါ်ရှိ အကြေးခွံများအား အနုကြည့်မှန်ပြောင်းဖြင့် မြင်ရစဉ် Image: Courtesy of University of Bristol

ပိုးဖလံတောင်ပံများက အသံပိုင်းဆိုင်ရာ အလွှာများပေါ်တွင် အလွန်ကောင်းမွန်သော အသံစုပ်စက်ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

အတောင်များဟာ ဝင်လာသော အသံစွမ်းအင်ရဲ့ ၈၇ ရာခိုင်နှုန်းကို စုပ်ယူနိုင်တာကို တွေ့ခဲ့ရပါတယ်။

ပိုပြီး အထင်ကြီးစရာကောင်းတာက အတောင်ပံများဟာ မယုံနိုင်လောက်အောင် ပါးလွှာနေချိန်မှာလဲ အသံလှိုင်းများကို စုပ်ယူနိုင်တာပဲ ဖြစ်ပါတယ်။

ထိုစွမ်းဆောင်ရည်ဟာ သမားရိုးကျ ပစ္စည်းများကိုအသုံးပြုကာ ဖန်တီးဖို့မဖြစ်နိုင်ပါဘူး။

ဒီထူးခြားတဲ့ ဂုဏ်သတ္တိများ နှင့်စွမ်းရည်များရှိပြီး သဘာဝ အလျောက်ဖြစ်ပေါ်နေသော အသံစုပ်ယူနိုင်တဲ့ မျက်နှာပြင်ဖြစ်တဲ့ ပိုးဖလံတောင်ပံတွေဟာ အလွန်ထူးခြားပါတယ်။

ရှေ့ပြေးပုံစံများ ရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်း

မြို့ကြီးများမှာ ဆူညံသံတွေ ပိုမိုကျယ်လောင်လာသည်နှင့်အမျှ ထိရောက်တဲ့ အသံလျော့ပါးစေမည့် ဖြေရှင်းနည်းများ လိုအပ်လာပါတယ်။

အဆိုပါ ပေါ့ပါးတဲ့ အသံစုပ်ယူမှုအကန့်များဟာ လေယာဉ်များ၊ ကားများနှင့် ရထားများတွင် အလေးချိန်ချွေတာခြင်းဖြင့် လောင်စာဆီသုံးစွဲမှုနှင့် CO2 ဓာတ်ငွေ့ထုတ်လွှတ်မှုတို့ကို လျှော့ချပေးနိုင်ပြီး ခရီးသွားလုပ်ငန်းအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုများ ရရှိနိုင်မှာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်များက ပိုးဖလံများရဲ့ အသံစုပ်ယူမှုဆိုင်ရာ ယန္တရားများကို အခြေခံပြီး ရှေ့ပြေးပုံစံများကို ဒီဇိုင်းဆွဲကာ တည် ဆောက်ဖို့စီစဥ်နေပြီး အသံစုပ်ယူနိုင်သော စွမ်းဆောင်ရည်ကို ထပ်တူပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားကြပါတယ်။

လောလောဆယ်တွင်၊ ပိုးဖလံတောင်ပံများတွင် တွေ့ရှိရသော စုပ်ယူမှုဟာ ကြိမ်နှုန်းလွန် အသံများသာ ရှိနေသေးပါတယ်။

၎င်းတို့ရဲ့ အဓိကစိန်ခေါ်မှုက ပိုးဖလံတောင်ပံများကို အခြေခံပြီး အလုပ်လုပ်မည့် ဖွဲ့စည်းပုံကို ဒီဇိုင်းဆွဲဖို့ ဖြစ်ပါတယ်။

“ဒါ့ကြောင့် ပိုးဖလံတွေဟာ မျိုးဆက်သစ် အသံစုပ်ယူနိုင်တဲ့ ပစ္စည်းတွေကို လှုံ့ဆော်ပေးမှာပါ” ဟု Holderied မှ ပြောကြားခဲ့ပါတယ်။

သုတေသီများက ပိုးမွှားများရဲ့ ကိုယ်ပျောက် အသံကို ဖုံးကွယ်ပေးမယ့် ဒီဇိုင်းကို အသုံးပြုပြီး ကျွန်ုပ်တို့ရဲ့ အိမ်နံရံတွေကို အလွန်ပါးလွှာတဲ့ အသံစုပ်ယူနိုင်တဲ့ ပစ္စည်းတွေဖြင့် အလှဆင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *