Stingray လို့အမည်ပေးထားတဲ့ MQ-25A လောင်စာဆီတင် မောင်းသူမဲ့လေယာဉ်ကို ဘိုးအင်း ကုမ္ပဏီက ဖန်တီးထားတာဖြစ်ပြီး စမ်းသပ်မှုများလည်း အောင်မြင်ထားပါတယ်။
ဒီ မောင်းသူမဲ့လေယာဉ်ဟာ လေယာဉ်တင် သင်္ဘောပေါ်မှတဆင့် အလုပ် လုပ်နိုင်မှာဖြစ်ပြီး အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘော အခြေပြု တိုက်လေယာဉ်များဖြစ်တဲ့ F/A-18၊ F-35 B နှင့် C မျိုးကွဲများကို ပိုမို ဝေးကွာတဲ့ အထိ စစ်ဆင်နိုင်စေကာ လက်နက်တွေ ပိုမို တပ်ဆင်လာနိုင်အောင် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဇွန်လ ၄ ရက်နေ့က အမေရိကန် အလယ်ပိုင်း အေလက်နွိုင်ပြည်နယ် မက်စကူတာမြို့ကနေ F/A-18F Super Hornet တိုက် လေယာဉ်နှင့် တွဲဖက် ပျံတက်ပြီး MQ-25A တွင် ဝေဟင် လောင်စာဆီ ဖြည့်ကာ စမ်းသပ်မှုတွေကို အောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။
F-35 တစင်းဟာ စစ်ဆင်ရေး အကွာအဝေး မိုင် ၃၀၀ မှ ၅၀၀ အတွင်း ပျံသန်းနိုင်ပါက MQ-25 မောင်းသူမဲ့ လောင်စာဆီတင် လေယာဉ်မှ F-35 များကို အကွာအဝေး ၂ ဆ အထိ သွားနိုင်အောင် ကူညီပေးနိုင်ပါတယ်။
ဒါ့ကြောင့် တိုက်လေယာဉ်များအနေဖြင့် စစ်ဆင်ရေး နယ်မြေများတွင် အချိန်ကြာမြင့်စွာ ပျံသန်းနေနိုင်မှာ ဖြစ်တဲ့အတွက် စွမ်းဆောင်ရည် များစွာ တိုးတက်လာမှာ ဖြစ်ပါတယ်။

ယခုလို တာဝေးသွား မောင်းသူမဲ့လေယာဉ်များကို လေယာဉ်တင် သင်္ဘောတွင် အသုံးပြုခြင်းအားဖြင့် ရောက်ရှိလာနိုင်တဲ့ တရုတ်လုပ် DF-21D နှင့် DF-26 ကဲ့သို့ သင်္ဘောဖျက် ဒုံးများရန်ကို မှုစရာမလိုဘဲ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
DF-21 များဟာ မိုင် တထောင်လောက်အထိ ရောက်ရှိနိုင်ပြီး DF-26 များကတော့ မိုင် နှစ်ထောင်ကျော်အထိ ရောက်ရှိနိုင်ပါတယ်။
F-35 များကို မိုင် တထောင်လောက်အထိ စစ်ဆင်နိုင်စေပါက လေယာဉ်တင် သင်္ဘောနှင့် အလွန်ဝေးကွာသည့် နေ ရာမှ ၎င်းတို့ကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။
တရုတ် ဒုံးကျည်များ၏ တိကျမှုဟာ လက်တွေ့မှာ ဘယ်လောက် အထိ ရှိသလဲဆိုတာ မပြောနိုင်ပေမယ့် MQ-25 များက တော့ ၎င်းတို့ရန်ကို တန်ပြန်ဖို့အတွက် အဆင်သင့် ဖြစ်နေတော့မှာပါ။
အမေရိကန်တို့ဟာ လေယာဉ်တင် သင်္ဘောပေါ်တွင် မောင်းသူမဲ့ လေယာဉ် အသုံးပြုမှုကို ၂၀၁၃ ခုနှစ်အတွင်း Northrop Grumman X-47B ဒရုန်းကို USS Bush အပေါ်မှာ ပျံသန်း ဆင်းသက်ခြင်းဖြင့် စတင်ခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ မောင်းသူမဲ့လေယာဉ်များကို ရေဒါပျောက် နည်းပညာများ နှင့် အဆင့်မြင့် ဆက်သွယ်ရေး နှင့် ဘက်စုံ သုံးနည်းပညာများကို ထည့်သွင်း တည်ဆောက်လာခဲ့တာပါ။
MQ-25 ၏ တည်ဆောက်ထားသည့် ပုံစံဟာ လည်း ရေဒါပျောက်နိုင်သည့် ဒီဇိုင်းဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ပုံမှန်လောင်စာဆီတင် လေယာဉ်ကြီးများဟာ ရေဒါတွင် မြင်တွေ့ရလွယ်ပြီး MQ-25 ၏ ပိုမို သေးငယ်ကာ ရေဒါပျောက် သည့် ဒီဇိုင်းကြောင်း ကုန်းရေ နှစ်သွယ်တွင် အသုံးဝင်သည့် မောင်းသူမဲ့လေယာဉ် တစင်း ဖြစ်လာနိုင်ပါတယ်။
ထို့ကြောင့် အဆိုပါ မောင်းသူမဲ့ လောင်စာဆီတင် လေယာဉ်များဟာ ခြိမ်းခြောက်မှု မြင့်မားသည့် ရေကြောင်း စစ်ပွဲ တခုမှာတောင် အားသာချက် တခု ဖြစ်လာမှာပါ။
MQ-25A မှာ hardpoint ၂ ခု ပါဝင်တဲ့အတွက် ဆီတင် မောင်းသူမဲ့လေယာဉ် တင်သာမကဘဲ ထောက်လှမ်းရေးနှင့်၊ ရန်သူ့ ရေဒါစနစ်များကို နှောက်ယှက်ခြင်းများ ပြုလုပ်နိုင်မှာပါ။

Synthetic aperture ရေဒါစနစ်ကို အသုံးပြုပြီး မြူများနှင့် တခြား ရှုပ်ထွေးမှုများ ကြားမှ ရန်သူ့ မြေပြင် ပုံရိပ်များကို ရိုက် ကူးနိုင်ပါတယ်။
အဲဒီ့အပြင် ကင်းထောက် အတွက် ဒရုန်း အငယ်စားများကိုပင် လေယာဉ်မှ တဆင့် လွှတ်တင်နိုင်မှာ ဖြစ်ပါတယ်။
Hardpoint တွင် ရေဒါဖိဖျက်စနစ်များ သို့မဟုတ် ထောက်လှမ်းရေး ကိရိယာများ မတပ်ဆင်ပါက လက်နက်များ တပ်ဆင်ထားသည့် တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ် အဖြစ်လည်း ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
လက်နက်များ အဖြစ် JDAM ဂြိုဟ်တု လမ်းညွှန်စနစ်သုံး ဗုံး သို့မဟုတ် လေဆာလမ်းညွှန် ဗုံးများကို တင်ဆောင်နိုင်ပါတယ်။
ဒီလို အဖက်ဖက်က ပြည့်စုံသည့် ရေဒါပျောက် ဒီဇိုင်းနှင့် လောင်စာဆီတင် မောင်းသူမဲ့လေယာဉ်ဟာ အမေရိကန် ရေတပ်၏ လေယာဉ်တင် သင်္ဘောများရဲ့ ပြိုင်ဖက်ကင်းမှုကို အနာဂါတ်မှာ ဆက်လက် ထိန်းသိမ်းသွားဦးမှာ အသေအချာပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။