NASA နှင့် တရုတ်၏ နေအဖွဲ့အစည်း ပြင်ပသွား အာကာသ ယာဉ် ပြိုင်ပွဲ အကြောင်း

Knowledge Science

၂၀၂၁ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံဟာ နေအဖွဲ့အစည်း၏ အစွန်အထိ သွားရောက်နိုင်မယ့် အာကာသယာဉ် တစုံကို တည် ဆောက်နေတယ်လို့ China Space News Friday သတင်းစာမှ တဆင့် ကြေငြာခဲ့ပါတယ်။

ဒါဟာ NASA ၏ ၁၉၇၇ ခုနှစ်က Voyager 1 နှင့် Voyager ၂ တို့လို နေအဖွဲ့အစည်း အလွန်အထိ သွားရောက်နိုင်မယ့် အာ ကာသယာဉ်များ ဖြစ်လာမှာပါ။

အဆိုပါ အာကာသယာဉ်များဟာ လက်ရှိ အချိန်အထိ အချက်အလက်များ ပေးပို့နေဆဲ ဖြစ်ပေမယ့် အချို့ အစိတ်အပိုင်းများကိုတော့ စွမ်းအင် ချွေတာရန် ပိတ်လိုက်ရပြီ ဖြစ်တဲ့အတွက် ဒီထက် ပိုမို ဝေးကွာတဲ့ နေရာတွေကို ရောက်နိုင်ဖို့ အခက်အခဲတွေ ရှိလာပါပြီ။

ဒီဇင်ဘာ ၂၀၂၁ ခုနှစ်မှာတော့ American Geophysical Union (AGU)မှ စာမျက်နှာ ၅၀၀ စာလောက်ရှိတဲ့ နေအဖွဲ့အစည်း ပြင်ပသွား အာကာသယာဉ်နှင့် ဆိုင်သည့် အယူအဆ အစီရင်ခံစာ တခုကို ပြသခဲ့ပါတယ်။

Image: Courtesy of NASA

ဒီလို စီမံကိန်း ၂ ခု ရှိလာတဲ့ အတွက် အနာဂါတ် နေအဖွဲ့အစည်း ပြင်ပသွား အာကာသယာဉ်များတွင် NASA နှင့် တရုတ်တို့ ဘယ်သူ အနိုင်ရနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

NASA ၏ Interstellar Probe

ဒီ Interstellar Probe ဟာ NASA က နောက်ပိုင်းမှာ တည်ဆောက်ပြီး လွှတ်တင်ဖို့အတွက် ရွေးချယ်လိုက်တဲ့ သုတေသီပေါင်း ၁ ထောင်ကျော်၏ ကြိုးစားမှုမှ ထွက်ပေါ်လာတဲ့ အယူအဆ ဖြစ်ပါတယ်။

နာမည်ကျော် Voyager probe များဟာ အကြမ်းဖြင်းအားဖြင့် 120 AU (astronomical units ခေါ် နေမှ ကမ္ဘာကြား အကွာအဝေး အတိုင်းအတာ) လောက်ရှိတဲ့ နေအဖွဲ့အစည်း အပြင်ရှိ interstellar space ကို အပြည့်အဝ လေ့လာဖို့ ဒီဇိုင်းဆွဲထားတာတော့ မဟုတ်ပါဘူး။

Voyager အာကာသယာဉ်များဟာ မထင်မှတ်ဘဲ interstellar space သို့ ရောက်ရှိသွားခဲ့တာပါ။

ယခု နောက်ထပ် လွှတ်တင်ဖို့ရှိတဲ့ Voyager probe များကဲ့သို့ အာကာသယာဉ်မှာ အလေးချိန် ၁,၉၀၀ ပေါင်လောက်ရှိပြီး တနာရီကို ၃၇,၂၈၂ မိုင် အမြန်နှုန်းဖြင့် သွားလာနိုင်မှာ ဖြစ်ပြီး ၂၀၃၆ လောက်မှာ လွှတ်တင်နိုင်ဖွယ် ရှိပါတယ်။

ဒီ အမြန်နှုန်းဟာ မကြာသေးမီက စံချိန်တင်ထားသည့် NASA ၏ New Horizons အာကာသယာဉ်၏ အမြန်နှုန်းဖြစ်သည့် တနာရီလျှင် ၂၆,၇၁၉ မိုင် အမြန်နှုန်းကို အသာလေး ကျော်ဖြတ်သွားမှာပါ။

Image: Courtesy of NASA

တကယ်လို့ လွှတ်တင်ပြီးပါက အဆိုပါယာဉ်ဟာ ဂျူပီတာဂြိုဟ်အနီးသို့ ၇ လ အတွင်း ရောက်ရှိမှာဖြစ်ပြီး heliopause လို့ခေါ်တဲ့ နေ၏ solar wind မှ ဖြစ်ပေါ်နေတဲ့ နယ်နိမိတ်ကို ၁၅ နှစ်အတွင်း ရောက်ရှိသွားမှာပါ။

အထက်ပါ ခရီးစဉ်ကို သွားလာဖို့တွက် Voyager 1 ဟာ ၃၅ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။

ဒါ့ကြောင့် အာကာသယာဉ် အသစ်ဟာ ၂၂ ရာစုမှာ 300 AU လောက် ရောက်ရှိနေလောက်ပြီဖြစ်တဲ့ Voyager ကို ကျော်ဖြတ်သွားမှာ ဖြစ်ပြီး နောက်ထပ် နှစ် ၁၅၀ လောက်ကြာအောင် 1,000 AU လောက် အကွာအဝေးအထိ ခရီးနှင်မှာဖြစ်ပါတယ်။

တရုတ်၏ Interstellar Express

တရုတ်ဟာ ၎င်း၏ Interstellar Express စီမံကိန်းအတွက် အာကာသယာဉ် ၂ စင်းအထိ နေ၏ အရှေ့နှင့် အနောက်ရှိ နေအဖွဲ့အစည်း အစွန်သို့ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။

ဒါဟာ နေ၏ solar wind မှ ဘယ်လောက်အထိ အာကာသထဲတွင် လွှမ်းမိုးထားမလဲဆိုတာကို သိနိုင်မှာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် သတင်းများအရ အဆိုပါ ယာဉ်များဟာ ၂၀၄၉ ခုနှစ်တွင် 100 AU လောက်အထိ ရောက်ရှိဖို့ ဒီဇိုင်းဆွဲထားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ ဒီယာဉ်တွေကို ၂၀၂၄ ခုနှစ်လောက်မှာ လွှတ်တင်မယ်လို့ ခန့်မှန်းထားပြီး ပထမ တလုံးဟာ ဂျူပီတာဂြိုဟ်ရှိရာသို့ ၂၀၁၉ ခုနှစ်တွင် ရောက်ရှိနိုင်ဖွယ်ရှိပါတယ်။

၎င်းတို့ဟာ NASA ၏ Voyager မှ ၁၉၈၀ ခုနှစ်များက သွားခဲ့သည့်အတိုင်း ထပ်မံ သွားလာဖွယ်ရှိပြီး Voyager များနှင့် မတူတဲ့အချက်ကတော့ ပေါင် ၁၁၀ လောက်ရှိတဲ့ radioisotope thermoelectric generators (RTGs) စွမ်းအင်စနစ်များ တပ်ဆင်ထားပြီး Long March 3B သို့မဟုတ် 5 ဖြင့် လွှတ်တင်မှာ ဖြစ်ပါတယ်။

လက်ရှိ သတင်းများအရတော့ တရုတ်နိုင်ငံမှ လွှတ်တင်မည့် အာကာသယာဉ်များ၏ အမြန်နှုန်းနှင့် အခြား အသေးစိတ် အ ချက် အလက်များကို မသိရှိရသေးပါဘူး။

ဒါ့ကြောင့် မဝေးတော့တဲ့ ကာလမှာ တရုတ်နိုင်ငံရဲ့ Interstellar Express စီမံကိန်း၏ အာကာသယာဉ်များ လွှတ်တင်ချိန် ကို စောင့်ကြည်ဖို့ပဲ ရှိပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.