NASA ရဲ့ Super Guppy ကုန်တင်​လေယာဥ်ကြီး နှင့် Artemis လ မစ်ရှင် အကြောင်း

Knowledge Tech

အဆိုပါ ဧရာမကုန်တင်လေယာဥ်ကြီးဟာ လာမည့် Artemis မစ်ရှင်များအတွက် ကြီးမားတဲ့ အစိတ်အပိုင်းများကို သယ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

အရွယ်အစားကြီးမားတဲ့ အဆိုပါ ကုန်တင်လေယာဉ်ကို ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်များအတွင်း လပေါ်သို့ ဆင်းသက်ခဲ့တဲ့ Saturn V ဒုံးပျံရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းများကို ပြင်ဆင်မှုတွေမှာ အသုံးပြုခဲ့ပြီး

မကြာသေးမီက ၎င်းကို ၂၀၂၅မှာ လွှတ်တင်မည့် Artemis လမစ်ရှင်အတွက် လိုအပ်သည့် မြေပြင်တွင် တပ်ဆင်မည့် အစိတ်အပိုင်းများကို သယ်ဆောင်ပေးဖို့ အသုံးပြုခဲ့တယ် ဟု NASA ရဲ့ ဘလော့ဂ်ပို့စ်တစ်ခုမှာ ဖော်ပြထားပါတယ်။

NASA ရဲ့ Super Guppy သမိုင်းအကျဉ်း

Super Guppy ဆိုတာ သမရိုးကျ ကုန်တင် လေယာဉ် ပုံစံကိုမှ ကြီးမားလွန်းတဲ့ အစိတ်အပိုင်းတွေကို သယ်ယူ ပို့ဆောင်တဲ့ အခါ လိုက် လျော ညီထွေဖြစ်မှု ဖြစ်အောင် ဒီဇိုင်းထုတ်ထားခြင်းပဲ ဖြစ်ပါတယ်။

အစက Pregnant Guppy ဟုခေါ်တဲ့ ဧရာမကုန်တင်လေယာဉ်ကို ပြုလုပ်ဖို့အတွက် Boeing KC-97 Stratotanker ကို Aero Spacelines ဟုခေါ်တဲ့ ကုမ္ပဏီက ၁၉၆၂ မှာ စတင် တီထွင်ဖန်တီး ခဲ့တာပါ။

သုံးနှစ်အကြာမှာတော့ Aero Spacelines ဟာ Super Guppy ဟုခေါ်တဲ့ ပိုကြီးသောဗားရှင်းကို တီထွင်ခဲ့ပြီး ၎င်းမှာဆိုရင် ၂၅ ပေ (၇.၆ မီတာ) အချင်းရှိတဲ့ ကုန်တင်ဝမ်းအပြင် ကုန်ပစ္စည်းများတင်တဲ့အခါ ပိုမိုလွယ်ကူစေဖို့ တံခါးလို ဘေးတိုက် ဖွင့်လို့ ရတဲ့ ပတ္တာပုံစံ ပါတဲ့ ခေါင်းပိုင်းလဲ ပါရှိပါတယ်။

နောက်ပိုင်းမှာတော့ Airbus ​တွေဟာ ယခု ခေတ်တုံးသွားတဲ့ Aero Spacelines ရဲ့ Super Guppy နေရာကို ရယူခဲ့ပါတယ်။

ယခု NASA မှ ပျံသန်းနေတဲ့ Super Guppy ဟာဆိုရင် တစ်ခုတည်းသော မော်ဒယ်အဖြစ် ကျန်ရှိနေတာပါ။

Super Guppy ရဲ့ နောက်ဆုံးပျံသန်းမှုမှာဆိုရင် လေယာဉ်ဟာ NASA ရဲ့ Orion အတွက် တီထွင်ဖန်တီးထားတဲ့ အပူကာပစ္စည်းကို နိုဝင်ဘာ ၉ ရက်က ပို့ဆောင်ပေးခဲ့ပါတယ်။

Orion ဟာ NASA ရဲ့ Artemis မစ်ရှင်များရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လပေါ်သို့ ပျံသန်းမည့် အာကာသယာဉ် ဖြစ်ပါတယ်။

NASA ရဲ့ Artemis Moon ဆင်းသက်ခြင်းဆိုင်ရာ စာချုပ်ကို SpaceX အား ပေးအပ်တာနဲ့ ပတ်သက်ပြီး Jeff Bezos ရဲ့ Blue Origin နှင့် ကာလကြာရှည်စွာ တရားဝင် အငြင်းပွားမှု တစ်ခု ဖြစ်ခဲ့ တာကြောင့် ၎င်းရဲ့ မူလ ပစ်လွှတ်တဲ့ နေ့ကို ၂၀၂၄ ကနေ ၂၀၂၅ သို့ ပြန်လည်ပြောင်းလဲခဲ့ရပါတယ်။

NASA ဟာ ၂၀၂၅ မှာ လပေါ်ကို ဆင်းသက်နိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း

ယခုအခါ Blue Origin နှင့် တရားဝင်အငြင်းပွားမှုပြေလည်သွားတဲ့အခါ NASA ဟာ သူ့ရဲ့ Artemis အစီအစဉ်များကို အပြည့်အဝ လုပ် ဆောင်နေပါပြီ။

Orion ရဲ့ အပူကာပစ္စည်း သယ်ယူပို့ဆောင်ရေးမစ်ရှင်အတွက် ကယ်လီဖိုးနီးယားပြည်နယ် San Jose အနီးရှိ Moffett Federal Airfield တွင် Super Guppy ကို မြင်တွေ့ရပြီး NASA ရဲ့ Ames သုတေသနစင်တာသို့ ပို့ဆောင်ခဲ့တယ် ဟု သိရပါတယ်။

NASA မှ Orion ရဲ့ အပူကာကွယ်ရေးပစ္စည်းဟာ အာကာသယာဉ်အဖွဲ့သားများအတွက် တီထွင်ခဲ့သမျှထဲမှာ အကြီးဆုံးဖြစ်တယ်ဟု ဆိုပါတယ်။

အဆိုပါ အပူကာပစ္စည်းဟာဆိုရင် တိုက်တေနီယမ်ဖွဲ့စည်းပုံကို ကာဗွန်ဖိုက်ဘာအရေခွံဖြင့် ဖုံးအုပ်ထားပြီး အာကာသယာဉ်မှူးများအနေနဲ့ လကနေ ပြန်လာချိန်တဲ့အချိန် တစ်နာရီ ၂၅၀၀၀ မိုင်နှုန်းနဲ့အထက် အရှိန်ဖြင့် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်လာတဲ့အခါ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Orion Infographic/Airbus

လူသားများ လပေါ်သို့ ပြန်မသွားမီ NASA ဟာ အပူအကာအကွယ်ပစ္စည်း အပါအဝင် ၎င်းရဲ့ Orion အစိတ်အပိုင်းအားလုံး မျှော်လင့်ထားသည့်အတိုင်း အလုပ်လုပ်ကြောင်း သေချာစေဖို့ Artemis 1 ဟုခေါ်တဲ့ စမ်းသပ် မစ်ရှင်တစ်ခု လုပ်ဆောင်မှာ ဖြစ်တယ်ဟုလည်း သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *