မကြာမီမှာ ဒီဇယ်အစားထိုးအဖြစ် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အသုံးပြုနိုင်တော့မယ် Microreactor များ

Article Tech
  • ကာဗွန်ကင်းစင်တဲ့ အနှောက်အယှက်ကင်းတဲ့ စွမ်းအင်ကို စစ်တပ်နဲ့ အဝေးထိန်းစစ်ဆင်ရေးတွေသို့ ဘယ်လို ပံ့ပိုးကြမှာလဲ။
  • အလူမီနီယံစက်ရုံမှ အော်ပရေတာတွေဟာ လျှပ်စစ်ထောက်ပံ့မှုမတည်ငြိမ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုတွင် သူတို့လိုအပ်တဲ့ အဆက်မပြတ် တည်ငြိမ်တဲ့ ဓာတ်အားကို ဘယ်လိုရရှိမှာလဲ။

အိုင်ဒါဟို အမျိုးသားဓာတ်ခွဲခန်းမှ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ နျူကလီးယားဓာတ်ပေါင်းဖို အမျိုးအစားသစ်ဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် အုတ်မြစ်ချထားပြီး ထိုပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

စွမ်းအင် ၂၀ မီဂါဝပ်အထိ ထုတ်ပေးနိုင်တဲ့ microreactor လို့ခေါ်တဲ့ သေးငယ်သော နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို စစ်အခြေစိုက်စခန်းတွေကဲ့သို့သော ဗဟိုဓာတ်အားလိုင်းအပြင်ဘက်တွင် အသုံးပြုရန် ရည်ရွယ်ထားပါတယ်။

ပုံမှန်အားဖြင့် microreactor အများစုကို စက်ရုံတစ်ခုတွင် ထုတ်လုပ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ နေရာအသီးသီးသို့ ကွန်တိန်နာသင်္ဘောတွေနဲ့ ဖြန့်ဝေပေးတာဖြစ်ပါတယ်။

ဤနျူကလီးယားဘက်ထရီတွေဟာ အခြေခံအဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမလိုအပ်ဘဲ အသေးစား သို့မဟုတ် မိုက်ခရိုလျှပ်စစ်ဓာတ်အားလိုင်းတစ်ခုနှင့် ချိတ်ဆက်ထားနိုင်ပါတယ်။

ရလဒ်အနေဖြင့် သူတို့ဟာ အသေးစားလည်ပတ်မှုနှင့် ပြုပြင်စရိတ်အနည်းဆုံးဖြင့် နှစ်ပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပေးစွမ်းနိုင်ပါတယ်။

INL သုတေသနအရ microreactor တွေရဲ့ ကမ္ဘာ့စျေးကွက်စစ်တမ်းဟာ ၂၀၃၀ မှ ၂၀၅၀ အတွင်း နိုင်ငံပေါင်း ၆၃ နိုင်ငံတွင် microreactor တွေအတွက် စျေးကွက်အခွင့်အလမ်းတွေကို တန်ဖိုးဖြတ်နိုင်ပါတယ်။

INL နျူကလီးယားစွမ်းအင် ဘောဂဗေဒပညာရှင် David Shropshire ဟာ Boise State တက္ကသိုလ်မှ ဒေါက်တာ Geoffrey Black နဲ့ Boise State အဆင့်မြင့်စွမ်းအင်လေ့လာရေးစင်တာ စွမ်းအင်မူဝါဒဌာနမှ ဒေါက်တာ Kathleen Arajo တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ဤဓာတ်ပေါင်းဖိုတွေတည်ဆောက်ရာတွင် စိန်ခေါ်မှုမှာ အမြတ်အစွန်းမြင့်တဲ့ စျေးကွက်အပိုင်းတွေကို ခွဲခြားသတ်မှတ်ရန်ဖြစ်ကြောင်း Shropshire မှ ပြောကြားခဲ့ပါတယ်။

နျူကလီးယားစွမ်းအင်ရဲ့ စွမ်းအင်ဈေးကွက်ဝေစုဟာ အဓိကအားဖြင့် အပေါ့စားရေဓာတ်ပေါင်းဖိုအဟောင်းတွေကို ရပ်နားလိုက်ခြင်းကြောင့် လာမယ့်ဆယ်စုနှစ်တွေအတွင်း လျော့ကျသွားဖွယ်ရှိတယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် အနာဂတ်ဈေးကွက်မှာ ဒီဓာတ်ပေါင်းဖိုအသစ်တွေအတွက် သမာရိုးကျမဟုတ်တဲ့ အသုံးချနည်းတွေကို စဉ်းစားကြည့်ရင် အနာဂတ်မှာ နျူကလီးယားဝေစုတွေ တိုးလာနိုင်ခြေရှိပါတယ်။

လက်ရှိတွင် နိုင်ငံရဲ့ ကာဗွန်ကင်းစင်သော လျှပ်စစ်ဓာတ်အား၏ ထက်ဝက်ခန့်ကို အပေါ့စား ရေဓာတ်ပေါင်းဖိုတွေနဲ့ ထုတ်ပေးလျက်ရှိပါတယ်။

သို့ရာတွင် မော်ဂျူလာဓာတ်ပေါင်းဖိုတွေနဲ့ မိုက်ခရိုဓာတ်ပေါင်းဖိုတွေကဲ့သို့သော အဆင့်မြင့်နျူကလီးယားနည်းပညာတွေဟာ ကျောက်မီးသွေးစက်ရုံတွေကို ဖယ်ရှားပြီး ဓာတ်အားဝန်ဆောင်မှုတွေပေးခြင်းဖြင့် အနာဂတ်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေ ထွန်းကားလာရေးအတွက် အရေးကြီးသော အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးနိုင်ပါတယ်။

ထို့အပြင် သေးငယ်သော မော်ဂျူလာဓာတ်ပေါင်းဖိုတွေဟာ အခြားဖြေရှင်းနည်းတွေ ကျဆုံးတဲ့နေရာမှာ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချပေးဖို့ အလားအလာရှိပါတယ်။

Shropshire က “မင်းအဖိုးခေတ်က နျူကလီးယားအကြောင်း မပြောတော့ပါဘူး။

အချို့သော အထူး သီးသန့် ဈေးကွက်တွေကို ကူညီဖြည့်ဆည်းရန်အတွက် microreactor တွေကို အသုံးပြုခြင်းအကြောင်း ကျွန်တော်တို့ ပြောနေတာဖြစ်တယ်။

ဒီဈေးကွက်တွေမှာ microreactor တွေက တကယ်စီးပွားဖြစ်နိုင်ပါ့မလား” လို့ ဆက်ပြောခဲ့ပါတယ်။

စာတမ်းရဲ့ စာရေးဆရာတွေအဆိုအရ microreactor တီထွင်သူတွေမှာ စျေးကွက်မျှော်လင့်ချက်တွေ၊ နည်းပညာစွမ်းဆောင်ရည်၊ ဘတ်ဂျက်တွေ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် တွေနဲ့ လူထုလက်ခံကျင့်သုံးခြင်းကို စီမံခန့်ခွဲရာတွင် စိန်ခေါ်မှုများစွာရှိတယ်လို့ သိရပါတယ်။

ခရီးဝေးမှ လွှဲပြောင်းပေးရန် စျေးကြီးတဲ့ ဒီဇယ်လောင်စာဖြင့် မကြာခဏ လည်ပတ်လေ့ရှိတဲ့ ဝေးလံခေါင်သီသောဒေသတွေမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် microreactor တွေကို အသုံးပြုဖို့ နျူကလီးယား ကျွမ်းကျင်သူတွေက အချိန်အတော်ကြာ စဉ်းစားထားပါတယ်။

Microreactor တွေကို ဝေးလံခေါင်သီသောနေရာတွေအတွက် အသုံးပြုနိုင်သော်လည်း Shropshire နဲ့ သူ့အဖွဲ့ဟာ အခြားဖြစ်နိုင်ချေတွေကို ရှာဖွေခဲ့ပါတယ်။

“ကျွန်တော်တို့က သူ့ရဲ့ အရင်းအမြစ်အခြေခံကို တိုးချဲ့ရန် အခွင့်အလမ်းနည်းပါးနိုင်တဲ့ ကျေးရွာတစ်ခုအစား စွမ်းအင်လိုအပ်ချက်မြင့်မားသော စျေးကွက်တွေကို ရှာဖွေနေပါတယ်။

သတ္တုတူးဖော်ခြင်းကဲ့သို့ စက်မှုလုပ်ငန်းသုံးတွေက ပိုအဆင်ပြေနိုင်ပါတယ်” လို့ သူက ပြောပါတယ်။

အခြားရွေးချယ်စရာမှာ သီးခြား ပေါင်းစပ်စွမ်းအင်စနစ်အတွက် အခြေခံအဖြစ် microreactor ကို အသုံးပြုရန် ဖြစ်ပါတယ်။

လေနှင့် နေရောင်ခြည်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်တွေနဲ့ ယှဉ်ပြိုင်မယ့်အစား microreactor တွေဟာ ထိုစနစ်တွေရဲ့ အုတ်မြစ်ဖြစ်နိုင်ပါတယ်။

သူတို့က ယုံကြည်စိတ်ချရတဲ့ စွမ်းအင်အရင်းအမြစ်ကို ပံ့ပိုးပေးနိုင်ပြီး အရင်းအမြစ်အမျိုးမျိုးဖြင့် လုပ်ဆောင်နိုင်စေပါတယ်။

Microreactor တွေဟာ လေနှင့် နေရောင်ခြည်အတွက် ခံနိုင်ရည်အား ထိန်းညှိထောက်ပံ့ပေးဖို့အတွက် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်နိုင်တယ်လို့ သူတို့ထင်ကြောင်း Shropshire မှ ပြောကြားခဲ့ပါတယ်။

ထို့အပြင် လျှပ်စစ်ကွန်ရက် မဖွံ့ဖြိုးသေးတဲ့ နေရာတွေမှ ရေသန့်စက်ရုံ၊ အလူမီနီယမ် သို့မဟုတ် ဟိုက်ဒရိုဂျင်ထုတ် စက်ရုံကဲ့သို့ မြင့်မားတဲ့ အသုံးပြုမှုတွေလိုအပ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေထိ microreactor တွေကို ထားရှိနိုင်ပါတယ်။

လျှပ်စစ်ဓာတ်အားစနစ် အလွန်အကျွံ ဝန်ပိနေချိန် သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဍာန်ရှိနေတဲ့တိုင် အရေးပါသော ဝန်ဆောင်မှုတွေ ပေးဆောင်ရာမှာ microreactor တွေဟာ အဆိုပါအဖွဲ့အစည်းတွေကို ကူညီပေးနိုင်ပါတယ်။

သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတွေမှာ စွမ်းအင်ထောက်ပံ့ပေးဖို့ microreactor တွေကို အသုံးပြုနိုင်ပါတယ်။

ဥပမာအားဖြင့် သယ်ယူပို့ဆောင်နိုင်တဲ့ microreactor တွေဟာ ဆေးရုံတွေနဲ့ ရေသန့်စက်ရုံတွေရှိ ဒီဇယ်ဂျင်နရေတာတွေကို အစားထိုးနိုင်ပြီး စွမ်းအင် သို့မဟုတ် အပူကို ထောက်ပံ့ပေးနိုင်ပါတယ်။

Microreactor တွေကို စီးပွားဖြစ် ကုန်တင်သင်္ဘောတွေ သို့မဟုတ် အမျိုးမျိုးသော ရေတပ်သင်္ဘောကြီးတွေကို စွမ်းအင်ပေးရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။

“အခုလက်ရှိ ကွန်တိန်နာသင်္ဘောကြီးတွေဟာ သင်္ဘောကို ရှေ့သို့မောင်းနှင်ရမယ့်တစ်လျှောက် သူတို့ သယ်ဆောင်ရမယ့် အလွန်ညစ်ပတ်တဲ့လောင်စာတွေ အများကြီး အသုံးပြုပါတယ်။

ဒါဟာ ဖြုန်းတီးပြီး ညစ်ညမ်းစေတယ်” လို့ Shropshire မှ ပြောကြားခဲ့ပါတယ်။

သို့သော် microreactor တွေဟာ ကာဗွန်ကင်းစင်သောအနာဂတ်ကို မပံ့ပိုးမီ ကုန်ကျစရိတ်၊ အများသူငှာ လက်ခံကျင့်သုံးခြင်းနဲ့ စည်းမျဉ်းဆိုင်ရာ စိန်ခေါ်မှုတွေအပါအဝင် အတားအဆီးအမျိုးမျိုးကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

ကုန်ကျစရိတ် ရည်မှန်းချက်တွေ ပြည့်မီရေးဟာ အထူးအရေးကြီးပါတယ်။

Microreactor တွေအတွက် စျေးကွက်အတွင်း နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်မှု အောင်မြင်ဖို့ တိကျပြင်းထန်တဲ့ ကုန်ကျစရိတ် ရည်မှန်းချက်တွေ ပြည့်မီဖို့ လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ microreactor တွေဟာ ကုန်ကျစရိတ်သက်သာပြီး ဗဟိုချုပ်ကိုင်ထားတဲ့ စွမ်းအင်ရင်းမြစ်တွေနဲ့ ယှဉ်ပြိုင်ခြင်းထက် မြင့်မားတဲ့စွမ်းအင်ကုန်ကျစရိတ်တွေနဲ့ သီးသန့်စျေးကွက်တွေမှာ လည်ပတ်လျက်ရှိပါတယ်။

အရှေ့ဥရောပနှင့် အာရှကဲ့သို့ တိုးချဲ့စွမ်းအင် လိုအပ်ချက်ရှိတဲ့ ဒေသတွေဟာ သေးငယ်သော မော်ဂျူလာဓာတ်ပေါင်းဖိုတွေပါရှိတဲ့ ဖြန့်ဝေစနစ်တွေမှာ microreactor တွေအတွက် လုံလောက်တဲ့ အလားအလာကို ပေးစွမ်းနိုင်ပါတယ်။

ထို့အပြင် microreactor တွေမှာ နျူကလီးယားဝေစု ကျဆင်းနိုင်ခြေ သို့မဟုတ် တည်ငြိမ်နေနိုင်ခြေရှိတဲ့ နေရာတွေမှာ အလားအလာများစွာရှိပြီး သူတို့က စျေးကြီးတဲ့ ကာဗွန်ထုတ်လွှတ်တဲ့ စွမ်းအင်ရင်းမြစ်တွေကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေ ဖြည့်စွက်ရာတွင် အစားထိုးနိုင်တဲ့ အလားအလာများစွာ ရှိပါတယ်။

Shropshire က “ဒီအသုံးပြုမှုအားလုံးဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကင်းစင်စေဖို့ ခက်ခဲတဲ့ သီးသန့်စျေးကွက်တွေပဲ ဖြစ်တယ်” လို့ပြောပါတယ်။

ဒီသီးသန့်စျေးကွက်တွေကို ဖော်ထုတ်ပြီး ၂၀၄၀ နှင့် ၂၀၅၀ ကြားတွင် လုံလောက်တဲ့ microreactor တွေကို ဖန်တီးနိုင်လျှင် စက်မှုလုပ်ငန်းဟာ အလုံးအရင်းထုတ်လုပ်ထားတဲ့ ဓာတ်ပေါင်းဖိုတွေ၊ စျေးနှုန်းလျှော့ချခြင်းနဲ့ microreactor တွေကို အထူးပြုစွမ်းအင်လိုအပ်ချက်တွေအတွက် အခြားရွေးချယ်စရာတစ်ခုအဖြစ် ဖန်တီးပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ ရရှိလိမ့်မှာ ဖြစ်ပါတယ်။

“Microreactor တွေဟာ လျှပ်စစ်နှင့် လျှပ်စစ်မဟုတ်သော အသုံးပြုမှုအတွက် ရုပ်ကြွင်းလောင်စာအရင်းအမြစ်တွေကို အစားထိုးပြီး စွမ်းအင်စနစ်ရှိ ​အမျိုးမျိုးသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်တွေကို မြှင့်တင်ရာတွင် ကူညီပေးခြင်းဖြင့် ၂၀၅၀ ခုနှစ်တွင် ကာဗွန်သုညနှင့် ကွာဟချက်ကို နီးစပ်အောင် ကူညီပေးနိုင်ပါတယ်” လို့ စာရေးသူက ပြောကြားခဲ့ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *