ကန်လေတပ်ရဲ့ F-15EX အသစ်တွေနဲ့ ယခင် F-15 များ၏ ကွာခြားချက်များ

Knowledge

F-15 အသစ် တွေကို အမေရိကန်လေတပ် က မှာယူနေတာတွေကို တွေ့ကြမှာပါ။ ဒါကြီးတွေက အဟောင်းကြီးတွေပါကွာဆိုပြီး တွေးကောင်းတွေးပါလိမ့်မယ်။ အဲဒါဆိုရင် တက်တက်စင်အောင် လွဲသွားပြီဆိုတာ ပထမဆုံး ပြောပါရစေ။

အမေရိကန်ဟာ လက်ရှိမှာ F-15 ပေါင်း ၂၃၀ လောက်ကို အသုံးပြုနေပါတယ်။ ဒီ F-15 တွေဟာ C နှင့် D မျိုးကွဲတွေဖြစ်ပြီး ကြားဖြတ် တိုက်လေယာဉ်နေရာက တာဝန်ယူပေးနေတာပါ။

အမေရိကန်လေတပ်ဟာ ၁၉၇၉ ခုနှစ်ကစပြီး F-15 တွေကို အများအပြားမှာယူခဲ့ပြီး လက်ရှိ F-15 များနှင့် နှိုင်းယှဉ်ပါက အရမ်းကို အိုဟောင်းနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံဟာ F-15 တွေကို အနာပေးဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကစပြီး စီစဉ်ခဲ့ပေမယ့် ဆော်ဒီ၊ ကာတာနှင့် တခြားနိုင်ငံများဟာ F-15 တွက် ရင်းနှီးမြှပ်နှံမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

ဒီနိုင်ငံတွေဟာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ လောက်တောင် တိုက်လေယာဉ် အဆင့်မြှင့်တင်မှုတွေ အတွက် အသုံးပြုခဲ့ကြတာပါ။

နောက်ဆုံးရလဒ်ကတော့ F-15 တွေကို နောက်ဆုံးပေါ် လေကြောင်းနည်းပညာများကို သုသေတနတွေ အပိုဆောင်းလုပ်စရာမလိုပဲ ထည့်သွင်းလာနိုင်ခဲ့တာပါ။

ဒီ F-15EX လို့ခေါ်တဲ့ တိုက်လေယာဉ်သစ်ဟာ လေယာဉ်မှူးခန်းစနစ်တွေ လုံးဝပြောင်းလဲသွားပါတယ်။ ဒါ့အပြင် အဆင့်မြှင့်တင်ထားတဲ့ အာရုံခံစနစ်တွေ အပြင် ပေါင် ၂၉၅၀၀ အလေးချိန်ရှိမယ့် ဝေဟင်မှဝေဟင်ပစ် လက်နက်ချိတ်ဆွဲရန် ၁၂ နေရာ သို့မဟုတ် ဝေဟင် မှမြေပြင် ပစ် လက်နက်ချိတ်ဆွဲရန် ၁၅ နေရာ ပါဝင်လာပါတယ်။

တပ်ဆင်ထားတဲ့ အင်ဂျင်အသစ်ကလည်း ယခင်ထက် ပိုမိုစွမ်းဆောင်မှုကောင်းလာပြီး အမေရိကန်ရဲ့ အမြန်ဆုံးတိုက်လေယာဉ်အဖြစ် ဆက်လက် ဗိုလ်စွဲထားပါတယ်။

တချို့တွေက F-15XE လေယာဉ်သစ်နဲ့ F-35 နဲ့ယှဉ်ပြီး ဝေဖန်မှုတွေ ပြုလုပ် နေကြပါတယ်။ ဒါပေမယ့် ဒီ လေယာဉ် ၂ စီးဟာ လုပ်ဆောင် ချက် တွေ မတူပါဘူး။ F-35 ဟာ ပိုပြီး ခေတ်မှီတာ မှန်ပေမယ့် သူဟာ ဘက်စုံသုံးရည်ရွယ်ထားတဲ့ တိုက်လေယာဉ်ပါ။

ကုန်ကားနှင့် ပြိုင်ကားလိုပေါ့။ ကားချင်းအတူတူ ကုန်ကားက ကုန်သယ်ဖို့ အသုံးကျပြီး ပြိုင်ကားက ပြိုင်မောင်းဖို့ အသုံးကျမှာပါ။ ကုန်ကားကို ပြိုင်ကားနဲ့ ယှဉ်မောင်းခိုင်းလို့မရသလို့ ပြိုင်ကားကို ကုန်ကားလို ကုန်တင်ခိုင်းလို့လဲ မရပါဘူး။

F-35 တွေဟာ F-16 တွေလို ဝေဟင်မှမြေပြင် ပစ်မှတ်တွေကို ခက်ခဲတဲ့ ရန်သူ့နယ်မြေထဲကို ထိုးဖောက်တိုက်ခိုက်ဖို့အတွက် ဒီဇိုင်းဆွဲထား တာပါ။ အစ္စရေးတို့ အကြိမ်ကြိမ်သုံးခဲ့တဲ့ ပုံစံမျိုးလိုပေါ့။

အဲဒါကြောင့် F-35 ဟာ ဒီလို စစ်ဆင်ရေးတွေ ဆောင်ရွက်တဲ့အခါ ရေဒါရှောင်ရှား ဖို့ လက်နက်တွေကို အပြင်မှာ ချိတ်မရတဲ့အတွက် ဝမ်းဗိုက်ထဲမှာ ဒုံးကျည် ၄ လုံးသာ တင်ဆောင်နိုင်တာဖြစ်ပါတယ်။

F-15 ရဲ့ ရည်ရွယ်ချက်ကတော့ လေကြောင်းအကဲသာဖို့နဲ့ ရန်သူ့လေယာဉ်တွေကို ခြေမှုန်းဖို့ဖြစ်ပါတယ်။ F-22 တွေဟာ ဒီ့အတွက် ထုတ်လုပ်တာမှန်ပေမယ့် ငွေကုန်ကြေးကျများတဲ့အတွက် လိုအပ်ချက်ရဲ့ တဝက်လောက်သာ ထုတ်လုပ်ခဲ့ပြီး F-15 အသစ်တွေကို ထပ်မံဖြည့်တင်းနေတာ ဖြစ်ပါတယ်။

F-15EX တွေရဲ့ သက်တမ်းဟာ နာရီ ၂ သောင်းရှိပါတယ်။ ဒီသက်တမ်းဟာ တိုက်လေယာဉ် တစ်စီးအတွက် မက်လောက်စရာပါ။ F-22 ဟာ နာရီ ၈၀၀၀ ပဲရှိပါတယ်။ လွန်ခဲ့တဲ့ လက အဆင့်မြှင့်တင်မှုလုပ်မှသာ နာရီ ၈၀၀၀ ထပ်မံဆွဲဆန့်နိုင်တာပါ။ F-15EX ရဲ့ ကုန်ကျစရိတ်ကလဲ F-35 ရဲ့ တစ်ဝက်သာရှိပါတယ်။

အဆုံးအစွန်ထိ အဆင့်မြှင့်တင်ထားတဲ့ F-15EX ဟာ AIM-9X Sidewinder နှင့် AMRAAM တာလတ်ပစ် ဝေဟင်မှဝေဟင်ဒုံးကျည်ပေါင်း ၂၂ ခုထိ သယ်ဆောင်နိုင်ပါတယ်။

ဒီ F-15EX တွေကို F-35 တွေနဲ့ တွဲဖက် စစ်ဆင်စေမှာဖြစ်ပါတယ်။ စနိုက်ပါ နှင့် spotter တွဲဖက် သလိုမျိုးပဲ F-35 တွေဟာ spotter တွေလို ၎င်းကို ရေဒါမှာ မမြင် ရစေဘဲ ရန်သူ့လေ ယာဉ်တွေကို ရှာဖွေပေးမှာဖြစ်ပြီး F-15EX တွေဟာ sniper ရဲ့နေရာမျိုး ရန်သူက မမြင်ရတဲ့ အကွာအဝေးကနေ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ရှေ့မှ ကြိုတင်သတင်းပေးမယ့် AI drone system တွေနဲ့ပါ တွဲဖက်လာဦးမှာပါ။ ဒါ့ကြောင့် အနာဂါတ် လေကြောင်း တိုက်ပွဲ တွေ ဟာ ပိုမို နက်နဲလာပြီး နည်းပညာပိုမြင့်တဲ့သူက လက်ဦးမှုရနိုင်မှာပဲဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *