ဂျပန်နိုင်ငံ ယာမာနာရှီ စီရင်စုရှိ အလွန်လှပတဲ့ တောင်ခြေ နေရာလေးမှာ နီရှီးယားမ ဟိုတယ်လေး ရှိနေခဲ့တာဟာ နှစ်ပေါင်း ၁၃၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။
ဒီ ဟိုတယ်လေးကို အေဒီ ၇၀၅ ခုနှစ် ကတည်းက စတင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ တလွှား ခရီးသွားလောကမှာ အလွန် ကျော်ကြားပါတယ်။
Nishiyama Onsen Keiunkan ဟိုတယ်ဟာ ဂျပန်ရိုးရာ ဟိုတယ်တခုဖြစ်ပြီး စတင် တည်ဆောက် ကတည်းက ယခုအချိန်ထိ မိသားစု တခုထဲမှ ပိုင်ဆိုင်ခဲ့တာ မျိုးဆက် ၅၂ ဆက်တိုင်နေပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့ပေါ်မှာ သက်တမ်း အကြာရှည်ဆုံး ဟိုတယ်အဖြစ် ဂင်းနစ်စံချိန်တင်ထား ဖြစ်ကာ အေဒီ ၇၁၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ၎င်းကဲ့သို့ ဟိုတယ်ဖြစ်တဲ့ Hoshi Ryokan ဟာလည်း ဒုတိယအနေဖြင့် ရပ်တည်နေပါတယ်။
နီရှီယာမ အိုစန် နီးရုက ဟိုတယ် အာကိုင်းရှိ တောင်ခြေမှာ တည်ရှိတာဖြစ်ပြီး ဟကူဟို စမ်းချောင်းမှ ရေပူကို တိုက်ရိုက် အလွယ်တကူ ရရှိထားပါတယ်။
ပိုင်ရှင်ဟာလည်း နယ်နယ်ရရ ထဲမှ မဟုတ်ဘဲ ဂျပန်အင်ပါယာ ၃၈ ဆက်မြောက် ဘုရင် တန်းဂျီထံတွင် အမှုထမ်းသည့် လက်ရုံးတော်၏ သားဖြစ်သည့် ဖူဂျီဝါယာ မာဟီတို မှ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
တောင်ခြေတွင် ရေပူစမ်းနှင့်အတူ တောင်ခြေတွင် ဖွင့်လှစ်ခဲ့ရာ ဒီရေပူစမ်း၏ အနာရောဂါ ပျောက်ကင်းနိုင်မှုကြောင့် ဂျပန်နိုင်ငံ တဝှမ်းမှာ ကျော်ကြားခဲ့ပါတယ်။

အဆိုပါ ရိုးရာ ဟိုတယ်သို့ တည်းခိုခဲ့သည့် နာမည်ကြီး ပုဂ္ဂိုလ်များတွင် ဂျပန်နိုင်ငံ၏ ပထမဆုံး ရှိုးဂန် တည်ဆောင်သူ တိုကူဂါဝါ လီယာဆူ နှင့် ဒိုင်မီယို တာကီဒါး ရှင်းဂန် တို့ ပါဝင်ပါတယ်။
ဒီဟော်တယ်လေးမှာ အခန်းပေါင်း ၃၇ ခန်း ပါဝင်ပြီး ကိုင်ဆက်ကီ စာသောက်ဆိုင်နှင့် လသာဆောင်တို့ ပါဝင်ပါတယ်။
၁၉၉၇ ခုနှစ်က အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ယခင် ရိုးရာမပျက် အဆင်အပြင်အတိုင်း ဆက်လက်ထားရှိခဲ့ပါတယ်။
ဒီလို လှပတဲ့ တောင်ကြား ဒေသလေးမှာ ရေပူစမ်း နှင့် သာယာလှတဲ့ နှစ် ၁,၃၀၀ ကျော်ပြီဖြစ်တဲ့ ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ဂျပန်ရိုးရာ ဟိုတယ်လေး အကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။
Knowledgeworms Copyright © 2021