ကျွန်ုပ်တို့ရောက်နေတဲ့ နေရာပေါ်မူတည်ပြီး ပင်လယ်ကြီးက အပြာရောင်၊ အစိမ်း၊ မီးခိုးရောင် သို့မဟုတ် အညိုရောင် ဖြစ်နေတက်ပါတယ်။
ပင်လယ်ရေကို ပုံးတစ်ပုံးနဲ့ ခပ်ပြီး စုထားမယ် ဆိုရင်တော့ ကြည်လင်နေပါလိမ့်မယ်။
ဒါဆို ကျွန်ုပ်တို့ ကြည့်လိုက်ရင် သမုဒ္ဒရာကြီးက ဘာ့ကြောင့် အရောင်ရှိနေတာလဲဆိုတာ ထူးဆန်းနေမှာ အမှန်ပါပဲ။
သမုဒ္ဒရာကို ကြည့်လိုက်တဲ့အခါ ရောင်ပြန်ဟပ်တဲ့ အရောင်တွေကို ကျွန်ုပ်တို့ရဲ့ မျက်လုံးထဲ ပြန်မြင်ရပါတယ်။
ရေထဲမှာရှိတဲ့ အရာတွေက တစ်ချို့ အရောင်တွေကို စုပ်ယူပြီး ရောင်ပြန်ဟပ်တဲ့ အရောင်တွေကို သမုဒ္ဒရာထဲမှာ မြင်ရတာပဲ ဖြစ်ပါတယ်။
တစ်ခါတစ်ရံ သမုဒ္ဒရာကြီးက စိမ်းလန်းနေပါတယ်။

အလွန်း သေးငယ်သည့် အပင်ငယ်များ (phytoplankton) အများအပြားပါရှိတဲ့ ရေက မြင်နိုင်စွမ်းနည်းပါးပြီး စိမ်းပြာရောင် သို့မဟုတ် မီးခိုးပြာရောင်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ အဆိုပါ အပင်ငယ်တွေမှာ chlorophyll ဆိုတဲ့ ဓာတ်ပေါင်း ပါဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
chlorophyll ဟာ အပြာနှင့် အနီရောင်အလင်းကို စုပ်ယူသော်လည်း ဝါ-စိမ်းရောင် အလင်းတန်းကို ရောင်ပြန်ဟပ်ပါတယ်။
ဒါ့ကြောင့် အပင်များရှိနေတဲ့ ရေက ကျွန်ုပ်တို့အတွက် စိမ်းလန်းနေတာပဲ ဖြစ်ပါတယ်။
တစ်ခါတစ်ရံ သမုဒ္ဒရာကြီးက အနီရောင် ဖြစ်နေတက်ပါတယ်။
သမုဒ္ဒရာရေက နီမြန်းတဲ့ ဒီရေတွေမှာ အနီရောင် သို့မဟုတ် နီညိုရောင် ဖြစ်နေတတ်ပါတယ်။
အနီရောင် ဒီရေအားလုံးဟာ အနီရောင်ရေအဖြစ် မပေါ်ဘဲ နီညိုရောင်ရှိသော dinoflagellate လို့ခေါ်တဲ့ သက်ရှိများ ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။

အများအားဖြင့်၊ ကျွန်ုပ်တို့က သမုဒ္ဒရာကို အပြာရောင်ဟု ယူဆကြပါတယ်။
ဖလော်ရီဒါ တောင်ပိုင်း သို့မဟုတ် ကာရေဘီယံ ကဲ့သို့ အပူပိုင်း သမုဒ္ဒရာကို လည်ပတ်ပြီး သမုဒ္ဒရာရေဟာ လှပတဲ့ စိမ်းပြာရောင်ဖြစ်နေတာကို မြင်တွေ့ရမှာပါ။
ဒါဟာ ရေထဲမှာ အမှုန်အမွှားတွေ မရှိတာကြောင့်ပါ။ နေရောင်ခြည်က ရေကိုဖြတ်သွားသောအခါ ရေမော်လီကျူးများက အနီရောင်အလင်းကို စုပ်ယူသော်လည်း အပြာရောင်အလင်းတန်းများကို ရောင်ပြန်ဟပ်ကာ ရေကို အပြာရောင်အဖြစ် တောက်ပစေတာပဲ ဖြစ်ပါတယ်။
ကမ်းရိုးတန်းနဲ့ နီးကပ်တဲ့ သမုဒ္ဒရာဟာ အညိုရောင်ဖြစ်ပါတယ်။
ကမ်းနီးဒေသများတွင် ပင်လယ်ရေဟာ ရွှံ့အညိုရောင်ဖြစ်ပါတယ်။
ဒါဟာ သမုဒ္ဒရာအောက်ခြေမှ အနည်အနှစ်များ စိမ့်ဝင်ခြင်း သို့မဟုတ် မြစ်ချောင်းများမှတစ်ဆင့် ရေများ သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

ပင်လယ်နက်ထဲမှာတော့ သမုဒ္ဒရာက မှောင်နေပါတယ်။ ဘာလို့လဲဆိုတော့ အလင်း ဝင်ရောက်နိုင်တဲ့ သမုဒ္ဒရာရဲ့ အတိမ် အ နက်ကို ကန့်သတ် ထားတာကြောင့် ဖြစ်ပါတယ်။
ပင်လယ်ရေက ၆၅၆ ပေ (၂၀၀ မီတာ) လောက်မှာ အလင်းရောင် သိပ်မရှိဘဲ ပေ ၃,၂၈၀ (မီတာ ၂,၀၀၀ ) လောက်မှာတော့ လုံးဝမှောင်နေပါတယ်။
သမုဒ္ဒရာဟာ ကောင်းကင် အရောင်ကိုလည်း ရောင်ပြန်ဟပ်ပါတယ်။
အတိုင်းအတာ တစ်ခု အထိ သမုဒ္ဒရာဟာ ကောင်းကင်ရဲ့ အရောင်ကို ရောင်ပြန်ဟပ်လေ့ ရှိပါတယ်။
ဒါ့ကြောင့် သမုဒ္ဒရာကိုဖြတ်ပြီး ကြည့်လိုက်တဲ့အခါ တိမ်ထူတဲ့ နေ့တွေမှာဆိုရင် အညိုရောင်၊ နေထွက်ချိန် သို့မဟုတ် နေဝင်ချိန်ဆိုရင် လိမ္မော်ရောင် ၊ တိမ်ကင်းစင်ပြီး နေသာတဲ့ နေ့မျိုးဆိုရင် အပြာရောင် အဖြစ် မြင်တွေ့ရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။