ကျွန်ုပ်တို့ရဲ့ အကောင်းဆုံး မိတ်ဆွေဖြစ်တဲ့ ခွေးလေးတွေအကြောင်း သိကောင်းစရာများ

Knowledge Nature

ခွေးလေးတွေက ကျွန်ုပ်တို့ရဲ့ အကောင်းဆုံး မိတ်ဆွေ ဖြစ်တာတောင်မှ သူတို့လုပ်တဲ့ အရာ တော်တော်များများကို ကျွန်ုပ်တို့အ​နေနဲ့ နားမလည်နိုင်ကြသေးပါဘူး။

ခွေးတွေက မြက်တွေဘာကြောင့်စားကြတာလဲ။ တကယ်ပဲ တစ်ချို့ အရောင်​တွေက ကျွန်ုပ်တို့မြင်တာနဲ့ မတူကြတာလား။

အခွင့်အရေးရတိုင်း ရွံ့ဗွက်အိုင်၊ အညစ်အကြေးတွေမှာ ဘာကြောင့် လူးလိမ့်ဖို့ တောင်းဆိုကြတာလဲ။

ခွေးလေးတွေနှင့်ပတ်သက်ပြီး ပိုင်ရှင်များရဲ့ အကြီးမားဆုံး မေးခွန်းများကို စုစည်းထားပြီး အောက်ဖော်ပြပါ အကြောင်းအရာတွေဟာ ခွေးလေးတွေအကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ အိမ်မွေးတိရစ္ဆာန်က အကောင်းဆုံးလို့ ထင်ကောင်းထင်နိုင်ပေမယ့် ဒါဟာ မှားယွင်းနေနိုင်ပါတယ်။

တစ်ချို့အလွန်တော်တဲ့ ခွေးလေးတွေဟာ ဆေးဘက်ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ထောက်လှမ်းနိုင်ကြပါတယ်။

တစ်ချို့ခွေးလေးတွေဟာ ဆီးချို၊ အဆုတ်ကင်ဆာ သို့မဟုတ် ငဗစ် ပင်ဖြစ်စေ အချို့သော ဆေးဘက်ဆိုင်ရာ ကိစ္စတွေကို အနံ့ခံဖို့ လေ့ကျင့်သင်ကြားထားတဲ့ လိမ္မာပါးနပ်တဲ့ ခွေးလေးတွေ ဖြစ်ကြပါတယ်။

American Osteopathic Association ဂျာနယ်တွင် ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုအရ လေးရက်ကြာ လေ့ကျင့်ပြီးနောက်မှာတော့ ခွေးအုပ်စုတစ်စုဟာ လက်ရှိ ကပ်ရောဂါ ရှိတဲ့သူကို ရှာဖွေတဲ့ နေရာမှာ တိကျမှုနှုန်း 83 နှင့် 100 ရာခိုင်နှုန်းကြားရှိခဲ့ပါတယ်။

“ခွေးတစ်ကောင်က ရောဂါကို အတည်မပြုနိုင်တဲ့ လူနှစ်ယောက်ရဲ့ အနံ့ကို ဖော်ထုတ်နိုင်ခဲ့တယ် ” ဟု ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပရော်ဖက်ဆာ Tommy Dickey က ပြောပါတယ်။

“နောက်နှစ်ပတ်အကြာမှာတော့ အဆိုပါ နမူနာပေးတဲ့သူတွေ နှစ်ယောက်စလုံးကို ငဗစ် နဲ့ ဆေးရုံတင်ထားရကြောင်း တွေ့ရှိခဲ့ပါတယ်။

ခွေးလေးတွေ ဘာကြောင့် မြက်စားကြတာလဲ။

ခွေးလေးတွေဟာ စိတ်ပူပန်တဲ့အချိန်မျိုးတွေမှာ ထိုကဲသို့ အပြုအမူမျိုးတွေ ပြုလုပ်တတ်ကြကြောင်း တိရစ္ဆာန် အမူအကျင့် ဆိုင်ရာ ကျွမ်းကျင် သူ Dr Emily Blackwell က ဆိုပါတယ်။

တနည်းအားဖြင့် မြက်က ခွေးလေးတွေရဲ့ အစာ အာဟာရကို ဖြည့်စွက်ဖို့ ကြိုးပမ်းမှုတွေ သို့မဟုတ် ၎င်းတို့ရဲ့အစာအိမ် အဆိပ်အတောက်ကို ပြေစေနိုင်ပါတယ်။

“အချို့သော သီအိုရီအရ ခွေးလေးတွေဟာ ၎င်းတို့စားတဲ့ အမျှင်ဓာတ်ကို တိုးလာစေဖို့အတွက်လည်း ဒီလိုအပြုအမူကို ပြသလေ့ရှိကြပါတယ်။

ဒါပေမယ့် ဒါက သီအိုရီတစ်ခုပဲ။ အမျှင်ဓာတ်နည်းတဲ့ ခွေးတွေက မြက်စားနိုင်ခြေ ပိုများလားဆိုတာ မစမ်းသပ်ရသေးပါဘူး။”ဟုBlackwell ကဆိုပါတယ်။

ခွေးလေးတွေက ကျွန်ုပ်တို့ကို ဘာလို့နမ်းတာလဲ။

ဒါက သိပ်​တော့အဆင်မပြေပါဘူး။ ခွေးကလေးတွေက သူတို့အမေရဲ့မျက်နှာကို လျှာဖြင့် လျက်လိုက်တဲ့အခါ အမေဖြစ်သူက အစာစားဖို့အတွက် အစာအချို့ကို ပြန်လည် အန်ကျွေးလေ့ရှိပါတယ်။

ဒါဟာ ခွေးလေးတွေရဲ့ ရိုးရှင်းတဲ့ ဆက်ဆံရေးတွေပဲ ဖြစ်ပါတယ်။

များသောအားဖြင့် ခွေးလေးတွေက လျှာနဲ့လျက်တဲ့အခါ သူတို့အတွက် ကျွန်ုပ်တို့ဆီက နေ့လယ်စာအဖြစ် အန်ဖက်ကို မမျှော်လင့်ထားပေမယ့် တစ်ခါတစ်လေ သူတို့ကို ချစ်ခင်လိုစိတ်၊ ဂရုစိုက်လိုစိတ်ဖြစ်အောင်လည်း ပြုမူလေ့ရှိပါတယ်။

ဒါကြောင့် ခွေးပေါက်စလေးကနေ ကြီးအထိ နည်းလမ်းများစွာဖြင့် တစ်သက်လုံး ပြုစုစောင့်ရှောက်သင့်ပါတယ်။

အိမ်မွေးခွေးလေးတွေမှာဆိုရင် ထူးခြားတဲ့ အမူအကျင့်များစွာကို တွေ့မြင်နိုင်ပါတယ်။ ဥပမာ အိမ်မွေးခွေးတွေမှာတွေ့ရတဲ့ ရိုးရိုးအသံက အိမ်မွေးမဟုတ်တဲ့ ခွေးတွေထက် ခွေးပေါက်လေးတွေနဲ့ ပိုတူပါတယ်။

ခွေးလေးတွေက ကျွန်ုပ်တို့နဲ့ မြင်တဲ့အရောင်တွေ တူကြသလား။

လူတွေဟာ ခွေးလေးတွေက မြက်ခင်းစိမ်းစိမ်းတွေ ၊ အရောင်တောက်တောက်တွေ မြင်နိုင်မယ်ထင်နေတာကြောင့် ပိုင်ရှင် တော်တော်များများက အနီရောင်တောက်တောက် ကစားစရာအရုပ်တွေကို အများအပြားဝယ်ကြတယ်” ဟု Blackwell ကဆိုပါတယ်။

ခွေးလေးတွေက မြင်လိမ့်မယ်၊ ဒါပေမယ့် သူတို့အတွက် ဝါညိုရောင်ပဲ မြင်ရတာပါ။ သူတို့က ကျွန်ုပ်တို့နဲ့ တူတဲ့အရောင်ကို မမြင်ကြပါဘူး။

ဒါပေမယ့် သူတို့ရဲ့ အရောင်အမြင်အာရုံက ကျွန်တော်တို့လောက် မကောင်းပေမယ့် ညဘက်မှာ ကျွန်တော်တို့ထက် ပိုပြီး ရှင်းလင်းစွာ မြင်နိုင်​ကြပါတယ်။

ဒါ့ကြောင့် အရုဏ်တက်ချိန်နှင့် နေဝင်ရီတရော အမဲလိုက်တဲ့နေ့တွေလို အလင်းရောင် အားနည်းချိန်တွင် လှုပ်ရှားမှုကို အပြည့်အဝ ထောက်လှမ်းနိုင်ကြပါတယ်။

ခွေး​လေးတေတွေ ဘာကြောင့် ရွံ့ဗွက်အိုင်တွေမှာ လူးလိမ့်ကြတာလဲ။

များသောအားဖြင့် ခွေးတွေဟာ အမဲလိုက်တဲ့အခါတွေမှာ ၎င်းတို့ရဲ့ရနံ့ကို ဖုံးကွယ်ထားဖို့ လူးလိမ့်တတ်ကြပါတယ်။

လူတွေနဲ့ စကားပြောတဲ့အခါ ခွေးလေးတွေက ဘာကြောင့် ခေါင်းစောင်းပြီး နား​ထောင်ကြတာလဲ။

ချစ်စရာကောင်းတဲ့ အမူအရာဖြစ်နေပေမယ့် ခွေးလေးတွေက ကျွန်ုပ်တို့ပြောတာကို နားမလည်တဲ့အတွက်ကြောင့် ခေါင်းစောင်းနေဖို့ မလိုအပ်ပါဘူး။

ခေါင်းကို ဘေးတစ်ဖက်သို့ စောင်းထားတာဟာ ခွေးလေးတွေအတွက် အသံထွက်တဲ့နေရာကို ပိုမို သိရှိနိုင်မှာဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ အသံနေအသံထားကို ဖမ်းစားနိုင်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။

စို​နေတဲ့ ခွေးအနံ့ကို ဘာတွေကဖြစ်စေတာလဲ။

အနံ့က ခွေးဆီကနေ ထွက်လာတာမဟုတ်ပါဘူး။

ကျွန်ုပ်တို့အရေပြားပေါ်ရှိ ဘက်တီးရီးယားပိုးတွေ ပြိုကွဲသွားတဲ့အခါ ကျွန်ုပ်တို့ချွေးနံ့ ထွက်သည့်ပုံစံအတိုင်း၊ စိုစွတ်တဲ့ခွေးအနံ့ကလည်း ၎င်းတို့ရဲ့သားမွေး​ပေါ် ရှိ သေးငယ်တဲ့ဇီဝရုပ်များပြိုကွဲမှုရဲ့ ရလဒ်ဖြစ်ပါတယ်။

အဆိုပါ သေးငယ်တဲ့ဇီဝသက်ရှိတွေဟာ အနံ့အသက်မော်လီကျူးများကို ထုတ်လွှတ်ပြီး ကျွန်ုပ်တို့ခွေးရေစိုလာတဲ့အခါ ရေစက်တွေဟာ အဲဒီ့ မော်လီကျူးတွေကို လေထဲသို့ သယ်ဆောင်သွားပါတယ်။ ဒီလိုနဲ့ အနံ့ထွက်လာခြင်း ဖြစ်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.