လူ့ဆံပင်နဲ့ ပတ်သတ်၍ စိတ်ဝင်စားဖွယ်‌ ကောင်းသည့် အချက် ၅ ချက်

Article Nature

ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ အမွှေးအမျှင်ပေါင်း ၅သန်းခန့် ရှိတယ်ဆိုတာ သင်သိပါသလား?
ကျွန်တော်တို့အားလုံးမှာ အမွှေးအမျှင်များရှိကြပါတယ်။

ကျွန်တော်တို့ရဲ့ ဦးခေါင်းများ၊ မျက်နှာများ၊ ခြေ၊လက်များနဲ့ ဖုံးကွယ်ထားတဲ့ နေရာတွေ ပေါ်မှာဖြစ်ပြီး ၎င်းဟာ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝအစိတ် အပိုင်းများသာ ဖြစ်ကြပါတယ်။

ကျွန်တော်တို့ ကြီးထွားဖွံ့ဖြိုးလာတာနဲ့အမျှ ဆံပင်ဟာ ကျွန်တော်တို့ရဲ့ နွေးထွေးမှုကို ထိန်းသိမ်းခြင်း အားဖြင့် ကျွန်တော်တို့ ရှင်သန်မှုရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုကနေ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြတဲ့အရာ တစ်ခုအဖြစ် အသွင်ကူးပြောင်းလာပါတယ်။

ကျွန်တော်တို့မှာ အဲဒါ ဘာကြောင့်ရှိတယ်၊ ဒါမှမဟုတ် အဲဒါက ဘာကိုဆိုလိုတာလဲလို့ သင်တခါတလေ တွေးမိဖူးပါသလား။


ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်သို့ ထိုအမွှေးအမျှင်များ တိုးချဲ့မှုဟာ သင်‌တွေးထားတာထက် ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။

၁။ ကျွန်တော်တို့မှာ ရေတွက်ဆဲ ဆံပင်ပေါင်း တစ်သိန်းလောက် ရှိပါတယ်။

ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ ဆံပင်ပေါင်း တစ်သိန်းခန့် ရှိနိုင်တာကို သင်သိပါသလား?

ဒါတင်မကသေးပါဖူး ကျွန်တော်တို့ရဲ့ ဦးခေါင်းမှာ မွှေးညင်းပေါက် ပေါင်း တစ်သိန်းခွဲအထိရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ ၅သန်းခန့်ရှိပါတယ်။

သင်ဟာ သင့်ရဲ့ခန္ဓာကိုယ်မှာ မွှေးညင်းပေါက် အရေအတွက် အတိအကျနဲ့ မွေးဖွားလာခဲ့ပြီး အသက်ကြီးလာတာနဲ့အမျှ ပိုပေါက်ဖွားလာတာ မဟုတ်ပါဘူး။

သင့်မှာရှိတဲ့ မွှေးညင်းပေါက် အရေအတွက်ဟာ မျိုးရိုးလိုက်ပြီး သင့်ရဲ့ ဆံပင်အရောင် အပေါ် မူတည်၍ ကွဲပြားနိုင်ပါတယ်။

သဘာဝအတိုင်း ဆံပင် ရွှေရောင်ဆံပင်ရှိသော သူများသည် ဦးခေါင်းတွင် ခန့်မှန်းခြေအားဖြင့်ဆံပင်ပေါင်း ၁၅၀၀၀၀ ခန့်ရှိပြီး သဘာဝအရ အနီရောင်ဆံပင်ရှိသော သူများမှာတော့ မွေးညင်းပေါက် ၉၀၀၀၀ ခန့်သာရှိပါတယ်။

သင့်ခန္ဓာကိုယ်ပေါ်ရှိ ဆံပင်အရေအတွက်ကို သက်ရောက်စေသော အခြားအရာများလည်းရှိပြီး အများစုမှတော့ လူသားတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့်ဖြစ်ပါတယ်။

ဒါဟာ ‌ကင်ဆာကဲ့သို့ ရောဂါများအတွက်‌ ဆေးသောက်နေရခြင်း သို့မဟုတ် စိတ်ဖိစီးမှုများကြောင့် ဆံပင်ကျွတ်ခြင်း တို့ဖြစ်ပါတယ်။

၂။ သတင်းအချက်အလက်များကို ကျွန်တော်တို့ရဲ့ဆံပင်တွေမှာ သိမ်းထားနိုင်ပါတယ်

အခု သင်ဟာ ဒါကိုရူးနေပြီလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ကျွန်တော်တို့ဆံပင်တွေမှာ သိမ်းစရာ hard drive တစ်ခုဒါမှမဟုတ် cloud တစ်ခုမှမရှိတာ ဒါဆို ဒါက ဘယ်လိုမှန်နိုင်မှာလဲ။

ကျွန်တော်တို့ ဆံပင်ပေါက်လာတာနဲ့ အမျှ ၎င်းဟာ ကျွန်တော်တို့ရဲ့ ဇီဝဗေဒ တည်ဆောက်ပုံကို သူနဲ့အတူ သယ်ဆောင်လာပါတယ်။

ဥပမာအားဖြင့် ကျွန်တော်တို့လက်သည်းတွေရှည်လာတဲ့အခါ အဖြူရောင်အစက်ကလေးကိုမြင်ရခြင်းသည် လက်သည်း အစိတ်အပိုင်း ဖွဲ့စည်းချိန်တွင် ခန္ဓာကိုယ်၌ အာဟာရဓာတ် (သို့) ဗီတာမင်ချို့တဲ့ခြင်းရဲ့ လက္ခဏာများဖြစ်ပါတယ်။

တစ်စံတစ်ယောက်ဟာ အာဟာရချို့တဲ့‌နေလား ဒါမှမဟုတ် သူတို့ရဲ့အစားအစာတွင် ချို့တဲ့နေလား စစ်ဆေးရန် ဤနည်းလမ်းကို နှစ်ပေါင်းများစွာအသုံးပြုခဲ့ပါတယ်။

သို့သော် ဆံပင်၌ ဤပြောင်းလဲခြင်းကို သာမန်မျက်စိနဲ့ မမြင်နိုင်သော်လည်းပဲ ပေါက်လာတဲ့ ဆံပင်တစ်ချို့ ပြောင်းလဲသွားတာကို ကြည့်ပြီး စစ်ဆေးတဲ့ နည်းလမ်းများလည်းရှိပါတယ်။

အချို့ဆေးများ သောက်သုံးနေလျှင် အစားအစာများတွင် အာဟာရနဲ့ ဗီတာမင်ဓာတ်များ ချို့တဲ့နေလျှင် ဆံပင်နမူနာများကနေ ကျွန်တော်တို့တွေ့နိုင်ပါတယ်။


ဒါတွေကတော့ သင့်ဆံပင်ဟာ သင်စားလိုက်တဲ့ အရာတွေရဲ့ အချက်အလက်တွေကို ဘယ်လို သိမ်းမလဲဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

ကျွန်တော်တို့ တစ်ခုခု စားသုံးလိုက်သောအခါ အဲ့တာတွေက အမှုန်များအဖြစ် ကွဲထွက်သွားပြီး အချို့‌အရာများသည် သွေးစီးကြောင်းထဲသို့ ဝင်သွားပါတယ်။

အမှုန်များသည် ကျွန်တော်တို့ ခန္ဓာကိုယ်အနှံ့လှည့်ပတ်နေတာကြောင့် ပေါက်လာမယ့် ဆံပင်တွေရဲ့ follicles ထဲသို့ စုပ်ယူနိုင်ပါတယ်။

ဓာတုအမှုန်များသည် သူတို့ စုပ်ယူ ခံထားရတဲ့ မွှေးညင်းပေါက် ထဲမှာကျန်ခဲ့ပြီး ဆံချည်မျှင်များ အဖြစ် စတင်ပေါက်လာပါတယ်။
အမှုန်များသည် ၎င်းကိုယ်တိုင် ဆံချည်မျှင်၏ အပြင်လွှာ (cortex)ထဲသို့ စိမ့်ဝင်သွားပါတယ်။

ဆံပင်တွေပေါက်ပြီး ခန္ဓာကိုယ်အပြင်ဘက်ထွက်လာသည်နှင့် ၎င်းတို့ကိုဖွဲ့စည်းသောအခါ ဆံပင်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ဓာတုအမှုန်များကိုသူတို့နဲ့အတူ သယ်ဆောင်လာပါတယ်။

ဓာတုအမှုန်များသည် တိကျသော ဆံပင်ရဲ့အစိတ်အပိုင်း တစ်ခုအဖြစ် ထာဝရ ကျန်ရှိနေပါတယ်။

၃။ လူ့ဆံပင်သည် ဆွဲဆန့်အားကောင်းပါတယ်

လူ့ဆံပင်သည် သံကဲ့သို့ မသန်မာသော်လည်း ဆံချည်မျှင်တစ်ခုတည်းနဲ့ အရှည်နဲ့အကျယ် တူညီသော ကြေးနီကြိုးတစ်ချောင်းထက် အလေးချိန်ပိုမို ထိန်းထားနိုင်ပါတယ်။

ခေါင်းတစ်ခေါင်းလုံးမှာရှိတဲ့ ဆံပင်အားလုံးပေါင်းဟာ ဆင်နှစ်ကောင်ရဲ့ အလေးချိန်နဲ့ညီမျှတဲ့ ၁၂,၃၄၅ မှ ၁၈,၅၁၈ ပေါင် (၅,၆၀၀ မှ ၈,၄၀၀ ကီလိုဂရမ်) အထိ သယ်ဆောင်နိုင်တယ်လို့ ပြောကြပါတယ်။

လူ့ဆံပင်တစ်ချောင်းတည်းနဲ့ ထိန်းနိုင်သော ပျမ်းမျှအလေးချိန်သည် ၃ အောင်စ (၈၅ ဂရမ်) ရှိပါတယ်။ လူ့ဆံပင်သည် အလွန်ဆန့်ထုတ်နိုင်ပါတယ်။

သင်ဟာ ဆံပင်ကောက်တဲ့သူဆိုရင် အဲ့တာဟာဖြောင့်တဲ့အထိဆန့်ထုတ်နိုင်တယ်ဆိုတာ သတိထားမိပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းရဲ့ဆံပင်ဟာ တစ်ချိန်မှာ ကျွတ်တတ်ပါတယ်။

ခြောက်သွေ့သောဆံပင်များသည် မူလအရှည် ၁.၂ မှ ၁.၃ဆ ပတ်လည်ကို ဆန့်ထုတ်နိုင်ပြီး ၎င်းသည် ပုံမှန်အရှည်သို့ ပြန်ရောက်နိုင်စွမ်းလည်းရှိပါတယ်။

ကျွန်တော်တို့ရဲ့ဆံပင်များစိုစွတ်နေတဲ့အခါ ပိုပြီးတော့တောင် ဆန့်နိုင်ပါတယ်၊ တခါတရံမှာ ၎င်းတို့ရဲ့ ပုံမှန်အရှည်ထက် ၁.၅ဆအထိရှည်နိုင်ပါတယ်။

၄။ follicle ပေါက်ဖွားမှုစက်ဝန်းဟာဘာလဲ

ပထမအဆင့်ဟာ ဆံပင်ပေါက်ဖွားမှုပဲဖြစ်ပါတယ်။ သင်၏ မွှေးညင်းပေါက် ၈၅ မှ ၉၀ရာခိုင်နှုန်းသည် တချိန်တည်းတွင် ပေါက်ဖွားမှု အဆင့်၌ရှိပါတယ်။

ဆံပင်များအပြည့်ပေါက်လာသည်နှင့် ၎င်းတို့ဟာ အသွင် ကူးပြောင်းရေး အဆင့်သို့ ရောက်လာပါတယ်။ ၎င်းတို့သည် ကြီးထွားမှု ရပ်တန့်သွားပြီး ကျွတ်ရန် အဆင်သင့် ဖြစ်သည်အထိ မွှေးညင်းပေါက် တွင်ရှိနေပါတယ်။

ဆံပင်တစ်ချောင်းဟာ မကျွတ်မီ ၅နှစ်ခန့် ပျမ်းမျှသက်တမ်းရှိနိုင်ပါတယ်။ မွှေးညင်းပေါက် အရေအတွက်သည် သင့်ဘ၀ တစ်လျှောက်လုံးတူနေသော်လည်း အသက်ကြီးလာသည်နှင့်အမျှ သင့်ဆံပင်များသည် သဘာဝအတိုင်းကျွတ်နိုင်ပါတယ်။

ဆိုလိုသည်မှာ သင့်ရဲ့ ဦးခေါင်း ဒါမှမဟုတ် ခန္ဓာကိုယ်ပေါ်မှာ အမွှေးအမျှင် အနည်းငယ်သာ ရှိသော်လည်း folliclesများ ရှိနေပါသေးတယ်။

ဒါဟာ ဘာကြောင့်လည်းဆိုရင် မွှေးညင်းတွင်း ပေါက်ဖွားမှုစက်ဝန်းသည် အနားယူတဲ့ အဆင့်ရှိတာကြောင့် ဖြစ်ပါတယ်။ ဒီနေရာမှာ မွှေးညင်းပေါက် တွေက ဆံပင်တွေကို ချွတ်ချပါတယ်။

စက်ဝန်းအတွက် အနှောင့်အယှက်များရှိလျှင် ၎င်းသည် ခန္ဓာကိုယ်မှ ထုတ်လုပ်သော ဆံပင်ထက်ပိုကျွတ်စေပြီး ဦးရေပြားကိုပါးစေနိုင်ပါတယ်။

လူတစ်ယောက်ဟာ တရက်လျှင် ပျမ်းမျှဆံချည်မျှင် ၅၀မှ ၁၀၀ ကြား ဆုံးရှုံးပါတယ်။

၅။ အပူချိန်ဟာလည်း ဆံပင်ပေါက်ဖွားမှုကို သက်ရောက်စေပါတယ်။

ပူတဲ့ရာသီဥတုက သင့်ဆံပင်ကို ပိုပြီးမြန်မြန် ပေါက်စေနိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုလည်းရှိပါတယ်။

ဒါဟာ ဖြစ်နိုင်တယ်ဆိုတာကို လေ့လာမှုတစ်ချို့မှာ သက်သေပြခဲ့ပြီး ဖြစ်သော်လည်းပဲ ထည့်သွင်း စဉ်းစားရမယ့် အရာတွေ အများကြီးရှိနေတာကြောင့် ဒါကို မှန်တယ်လို့ ပြောနိုင်တဲ့ ခိုင်လုံတဲ့ အ‌ထောက်အထား ဖြစ်စေရန် မလုံလောက်သေးပါဘူး။

သို့သော်လည်း အေးတဲ့ရာသီဥတုတွေမှာ သင့်ဆံပင်က ပိုပြီးထိခိုက်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ လေအေးသည် လေထု စိုထိုင်းမှု မရှိတာကြောင့် သင့်ဆံပင်ကို ခြောက်သွေ့စေပါတယ်။

ဆံပင်ဟာ ကြွပ်ဆပ်လာတာနဲ့ အမျှ နှစ်ခွ သုံးခွ စသည်ဖြင့် ကွဲထွက်လာနိုင်ပါတယ်။

အေးတဲ့ရာသီဥတုတွေမှာ ဆံပင်များသန်မာစေရန် ဆံပင်ဖုများအနီးတဝိုက်ရှိကြွက်သားများသည် ကြက်သီးဖု (Goosebumps) သို့ ချမ်းတုန်ခြင်းကို ကျွန်တော်တို့ ခံစားရပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်သည် ကျွန်တော်တို့အေးလာသောအခါ နွေးထွေးသောလေများကို ဆံပင်များကြားတွင်ပိတ်မိစေပြီး နွေးထွေးမှုကို ဖန်တီးပါတယ်။

သင်ဟာ ဆံပင်ကို ကျွန်တော်တို့ရဲ့ လူသားအဖြစ် တည်ဆောက်ပုံမှာ အရေးမပါတဲ့ အစိတ်အပိုင်းလို့ တွေးကောင်းတွေးနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ တော်တော်မိုက်တဲ့ အင်္ဂါရပ်တခုပါ။

ကျွန်တော်တို့ စားသုံးထားတဲ့ အရာတွေကို စုံစမ်းရန် ဒါကို သုံးနိုင်ပါတယ်။ ဒါသာ အေးသော ရာသီဥတုတွင် နွေးထွေးစေပြီး ကျွန်တော်တို့ ကိုယ်ပိုင်လက္ခဏာရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.