အိုဇုန်းဟာ အကျိုးပြုလား မပြုဘူးလား ဆိုတဲ့ အိုဇုန်းနှင့် ပတ်သက်တဲ့ အမှန်တရား အကြောင်း

Knowledge Science

အခြေခံအားဖြင့် အိုဇုန်း (O3) ဟာ မတည်မငြိမ်ဖြစ်ပြီး အောက်ဆီဂျင်ဓာတ်လွန်ကဲတဲ့ ပုံစံဖြစ်ပါတယ်။

အိုဇုန်းမော်လီကျူးကို အောက်ဆီဂျင်အက်တမ်သုံးခုဖြင့် ဖွဲ့စည်းထားပြီး ကျွန်ုပ်တို့အသက်ရှူတဲ့ အောက်ဆီဂျင် (O2) တွင် အောက်ဆီဂျင်အက်တမ်နှစ်ခုသာ ပါ၀င်ပါတယ်။

လူသားတွေရဲ့ ရှု့ထောင့်က ကြည့်ရင် အိုဇုန်းဟာ အထောက် အကူလည်း ဖြစ်စေသလို ၊ အန္တရာယ်လည်း ဖြစ်စေပါတယ်။

ကောင်းတဲ့အိုဇုန်းရဲ့ အကျိုးကျေးဇူးများ

ကမ္ဘာ့အထက်လေထုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ stratosphere တွင် သဘာဝအတိုင်းဖြစ်ပေါ်တဲ့ အိုဇုန်းဓာတ်ပါဝင်မှုကို တွေ့ရပါတယ်။

ထိုအဆင့်မှာ အိုဇုန်းလွှာဟာ နေမှ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပြီး ကမ္ဘာပေါ်မှ သက်ရှိများကို ကာကွယ်ပေးပါတယ်။

အထူးသဖြင့် ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကင်ဆာ နှင့် မျက်စိ အတွင်းတိမ်ရောဂါတွေအပြင် ကောက်ပဲသီးနှံများကို ပျက်ဆီးစေပြီး တစ်ချို့သော အဏ္ဏဝါသက်ရှိများကိုပါ ဖျက်ဆီးနိုင်ပါတယ်။

Illustration

ကောင်းတဲ့အိုဇုန်းရဲ့ မူလအစ

နေမှခရမ်းလွန်ရောင်ခြည်ဟာ အောက်ဆီဂျင် မော်လီကျူး တစ်ခုကို သီးခြားအောက်ဆီဂျင် အက်တမ် နှစ်ခု အဖြစ် ပိုင်းခြားသွားတဲ့အခါ အိုဇုန်းဟာ stratosphere အလွှာ တွင် ဖြစ်ပေါ်လာပါတယ်။

အဆိုပါ အောက်ဆီဂျင် အက်တမ် တစ်ခုစီဟာ အောက်ဆီဂျင် မော်လီကျူး တစ်ခုနှင့် ပေါင်းပြီး အိုဇုန်း မော်လီကျူး တစ်ခုဖြစ်လာပါတယ်။

stratospheric အိုဇုန်းလွှာပျက်စီးခြင်းဟာ လူသားများအတွက် ဆိုးရွားတဲ့ အန္တရာယ်များ နှင့် ကမ္ဘာကြီးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်များကို ဖြစ်စေပါတယ်။

ဒါကြောင့် နိုင်ငံတော်တော်များများကို အိုဇုန်းလွှာပျက်စီးခြင်းကို အထောက်အကူ ဖြစ်စေဖို့အတွက် CFC အပါအ၀င် ဓာတု ပစ္စည်းများ အသုံးပြုမှုကိုတားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ လုပ်ဆောင်ထားကြပါတယ်။

မကောင်းတဲ့ အိုဇုန်းရဲ့ မူလအစ

အိုဇုန်းကို ကမ္ဘာ့လေထုရဲ့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ troposphere မှာလည်း ပိုမိုနီးကပ်စွာ တွေ့နိုင်ပါတယ်။

stratosphere မှာ သဘာဝအလျောက်ဖြစ်ပေါ်တဲ့ အိုဇုန်းလွှာနှင့် မတူဘဲ tropospheric အိုဇုန်းလွှာဟာ လူတွေမှပြုလုပ်တာဖြစ်ပြီး စက်ရုံတွေ နှင့် ဓာတ်အားပေးစက်ရုံ​တွေမှ ထုတ်လွှတ်တဲ့ လေထုညစ်ညမ်းမှုရဲ့ သွယ်ဝိုက်တဲ့ ရလဒ်ဘဲ ဖြစ်ပါတယ်။

ဓာတ်ဆီ နှင့် ကျောက်မီးသွေး စသည်တို့ လောင်ကျွမ်းတဲ့အခါ နိုက်ထရိုဂျင် အောက်ဆိုဒ် ဓာတ်ငွေ့များ နှင့် မတည်ငြိမ်တဲ့ အော်ဂဲနစ်ဒြပ် ပေါင်းများ တို့ကို လေထဲသို့ ထုတ်လွှတ်ပါတယ်။

နွေဦး၊ နွေရာသီနှင့် ဆောင်းဦးအစောပိုင်းကာလများတွင် နိုက်ထရိုဂျင်အောက်ဆိုဒ်ဓာတ်ငွေ့များ နှင့် မတည်ငြိမ်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းများဟာ အောက်ဆီဂျင်နှင့် ပေါင်းစပ်ကာ အိုဇုန်းဖွဲ့စည်းပုံ ပိုဖြစ်နိုင်ပါတယ်။

ကမ္ဘာ့ လေထု အလွှာများ Photo: Courtesy of Randy Russell, UCAR

ထိုရာသီတွေမှာဆိုရင် အိုဇုန်း စုစည်းမှု ပိုများပြီး မွန်းလွဲပိုင်းနှင့် ညနေ အစောပိုင်း အပူချိန်ကြောင့် ကောင်းကင်မှာ မီးခိုးမှိုင်းတွေရဲ့ အစိတ်အပိုင်းတွေ အဖြစ် မြင်တွေ့ရတတ်ပါတယ်။ ညနေပိုင်းတွင် လေအေးလာသည်နှင့် အမျှ အဆိုပါ မီးခိုးမှိုင်းတွေဟာ ပျောက်ကွယ်သွားလေ့ရှိပါတယ်။

အိုဇုန်းလွှာဟာ ကျွန်ုပ်တို့ရဲ့ရာသီဥတုကို သိသိသာသာ အန္တရာယ်ဖြစ်စေသလား

အမှန်တော့မဟုတ်ပါဘူး၊ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုတွင် အိုဇုန်းဟာ သေးငယ်တဲ့ အခန်းကဏ္ဍမှ ပါဝင်နေသော်လည်း အန္တရာယ်အများစုကတော့ အခြားနေရာတွေက လာတာဖြစ်ပါတယ်။

မကောင်းတဲ့ အိုဇုန်းရဲ့ အန္တရာယ်များ

troposphere တွင်ဖြစ်ပေါ်လာတဲ့ လူလုပ်အိုဇုန်းဟာ အလွန်အဆိပ်သင့်စေပြီး ပျက်စီးထိခိုက်စေနိုင်ပါတယ်။

အဆိုပါ အိုဇုန်းကို ထပ်တလဲလဲထိတွေ့မိသူတွေ နှင့် ရှူရှိုက်မိသူတွေဟာ ၎င်းတို့ရဲ့ အဆုတ်ကို အပြီးအပိုင် ပျက်စီးစေခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်းတို့ကို ခံစားရစေနိုင်ပါတယ်။

အဆိုပါ အိုဇုန်းထိတွေ့မှုဟာ အဆုတ်ရဲ့လုပ်ဆောင်မှုကို လျော့ကျစေခြင်း သို့မဟုတ် ပန်းနာရင်ကျပ်ရောဂါ ၊ အဆုတ်ရောင် ရောဂါတို့အပြင် လက်ရှိ အသက်ရှူ လမ်းကြောင်းဆိုင်ရာ အခြေအနေ ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း ၊ လည် ချောင်းယားယံခြင်းစသည်တို့ကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

မြေပြင်အဆင့် အိုဇုန်းရဲ့ဆိုးကျိုးတွေဟာ ပူနွေးတဲ့ရာသီဥတုမှာ အလုပ်လုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် အပြင်ဘက်တွင် အချိန်များစွာဖြုန်းခြင်းတို့အတွက် အထူးအန္တရာယ်ရှိပါတယ်။

Illustration

သက်ကြီးရွယ်အို နဲ့ ကလေးတွေဟာ အဆုတ်စွမ်းရည်အားနည်းတက်တာကြောင့် တခြားအရွယ်တွေထက် အန္တရယ်ပိုများပါတယ်။

မြေပြင်အဆင့်အိုဇုန်းလွှာဟာ အပင် နှင့် တိရိစ္ဆာန်​တွေကိုပါ ထိခိုက်​စေနိုင်ပါတယ် ၊ ဂေဟစနစ်ကို ထိခိုက်စေပြီး သီးနှံ နှင့် သစ် တောအထွက်နှုန်းကိုလည်း လျော့ကျစေပါတယ်။

ဥပမာအနေနဲ့ အမေရိကန် ပြည်ထောင်စု တစ်ခုတည်းမှာဘဲ မြေပြင်အဆင့် အိုဇုန်းလွှာကြောင့် နှစ်စဉ် ကောက်ပဲ သီးနှံ ထုတ် လုပ် မှုဟာ ကျဆင်းလာပြီး ၎င်းဟာခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၉ ဘီလီယံခန့်ရှိပါတယ်။

မြေပြင်အဆင့်အိုဇုန်းဟာ ပျိုးပင် နှင့် အပင်အများအပြားအတွက် ရောဂါတွေ ၊ ပိုးမွှားတွေ နှင့် ပြင်းထန်တဲ့ ရာသီဥတုကိုဖြစ်ပေါ်စေပြီး ပျက်စီးစေပါတယ်။

မြေပြင်အဆင့် အိုဇုန်းမှ လုံးဝဘေးကင်းတဲ့ နေရာမရှိပါဘူး

မြေပြင်အဆင့်အိုဇုန်း ညစ်ညမ်းမှုဟာ မြို့ပြနှင့် ဆင်ခြေဖုံးဒေသများတွင် အဓိကဖြစ်ပေါ် တဲ့အတွက်ကြောင့် မြို့ပြပြဿနာအဖြစ် ယူဆလေ့ရှိပါတယ်။

မည်သို့ပင် ဆိုစေကာမူ မြေပြင်အဆင့်အိုဇုန်းကို လေတိုက်နှုန်းကြောင့် မိုင်နဲ့ချီပြီး သယ်ဆောင်ခြင်း သို့မဟုတ် တခြားဒေသများရှိ လေထုညစ်ညမ်းတွေရဲ့ အရင်းအမြစ်များ အလိုအလျောက် ထုတ်လွှတ်ခြင်းတို့ကြောင့် ကျေးလက်ဒေသတွေမှာလည်း တွေ့ရတက်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *