Panasonic ၏ စွမ်းအင်သိုလှောင်မှု ငါးဆ ပိုမို ရရှိစေမယ့် Tesla 4680 ဘတ္ထရီဆဲလ်

Innovation Tech

လျှပ်စစ်ကား (EVs) တွေဟာ ကမ္ဘာတစ်ဝှမ်းတွင် တိုးပွားလာနေပါတယ်။

လမ်းမတွေပေါ်ရှိ စဉ်ဆက်မပြတ်တိုးပွားလာတဲ့ EV အရေအတွက်ကို စွမ်းအင်ပေးနိုင်ရန် ကူညီပေးနေတာက Panasonic ရဲ့ ထုလုံးရှည်ပုံသဏ္ဍာန်ရှိတဲ့ မော်တော်ယာဥ် ဘတ္ထရီ လုပ်ငန်းပဲ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ Tesla အတွက် တည်ဆောက်ထားတဲ့ သူ့ရဲ့ 4680 ဘက်ထရီဆဲလ်အသစ်ကို ထုတ်ဖော်ပြသခဲ့ပြီး လာမည့်နှစ်အစောပိုင်းတွင် စမ်းသပ်ထုတ်လုပ်မှုကို စတင်ရန် စီစဉ်ထားပါတယ်။

ဘက်ထရီအသစ်ဟာ စွမ်းအင် ငါးဆ ပိုမိုရရှိပြီး ပါဝါ ခြောက်ဆ ပိုမိုအားကောင်းလာမှာဖြစ်တယ်လို့ ကုမ္ပဏီက အခိုင်အမာဆိုထားပါတယ်။

4680 ဘတ္ထရီ ဆဲလ်အသစ်တွေဟာ စျေးပိုမိုသက်သာပြီး ပိုမိုထိရောက်မှုရှိဖို့ အလားအလာရှိတာကြောင့် ပိုရှည်လျားတဲ့ အကွာအဝေး သို့မဟုတ် ပိုသေးငယ်တဲ့ဘက်ထရီအိတ်တွေကို အထောက်အကူဖြစ်နိုင်စေပါတယ်။

ဘတ္ထရီ ကို ဆီလီကွန်အသစ်ကို အသုံးပြုထားတဲ့ anode အသစ်ဖြင့် ပါဝါပေးပါတယ်။

Panasonic က နီကယ်-ကိုဘော့-အလူမီနီယမ် (NCA) 4860 ဆဲလ်ဖော်မတ်အသစ်ဟာ ဘတ္ထရီရဲ့ အတိုင်းအတာ ၄၆ မီလီမီတာ အကျယ်နဲ့ ၈၀ မီလီမီတာ အမြင့်ကို ကိုယ်စားပြုထားတာဖြစ်ပြီး စွမ်းအင်ပိုမိုသိုလှောင်နိုင်၊ ဘတ္ထရီ ကုန်ကျစရိတ် ၅၀% အထိ လျှော့ချနိုင်ပြီး ၂၀၃၀ ခုနှစ်မှာ ဘတ္ထရီ ထုတ်လုပ်မှု အဆ ၁၀၀ တိုးပွားလာနိုင်တယ်လို့ ပြောပါတယ်။

Tesla တွင် သူ့ရဲ့ကိုယ်ပိုင်ရုံးတွင်း 4680 ဘတ္ထရီ ပရောဂျက်ရှိပြီး Panasonic ကဲ့သို့သော ပြင်ပပေးသွင်းသူတွေက ဖြည့်စွက်ပေးမှာ ဖြစ်ပါတယ်။

၎င်းသည် တောင်ကိုရီးယားရဲ့ LG Energy Solutions နဲ့ တရုတ်ရဲ့ Contemporary Amperex Technology ကုမ္ပဏီ (CATL) တို့နဲ့အတူ သူ့ရဲ့ စံချိန်မီအကွာအဝေးသွားလာနိုင်မယ့် လျှပ်စစ်ကားတွေအတွက် လစ်သီယမ်-သံ-ဖော့စဖိတ် (LFP) ဘက်ထရီတွေ ထုတ်လုပ်ရန် ပေးသွင်းသူ စာချုပ်တွေကို စတင်နေပြီဖြစ်ပါတယ်။

LFP ဘတ္ထရီ တွေကို နီကယ်အခြေခံ ဘတ္ထရီ တွေထက် ပိုမို စျေးသက်သာပြီး ဘေးကင်းတယ်လို့ ယူဆရသော်လည်း စွမ်းအင်သိပ်သည်းဆနည်းပြီး မကြာခဏ အားပြန်သွင်းရန် လိုအပ်ပါတယ်။

Panasonic က LFP ယူနစ်တွေကို တည်ဆောက်ရန် အစီအစဉ်မရှိသော်လည်း Tesla နည်းပညာတစ်ခုက အဆိုပါကားတွေအတွက် စျေးပေါတဲ့ ဘတ္ထရီ တွေ ထုတ်လုပ်ရန် စီစဉ်ထားပါတယ်။

Panasonic ရဲ့ ကားဘက်ထရီတွေဟာ နီကယ်-ကိုဘော့-အလူမီနီယမ် (NCA) ဖြစ်ပါတယ်။

အလုံးအရင်းထုတ်လုပ်လိုက်တာနဲ့ 4680 ဘတ္ထရီ ဟာ လျှပ်စစ်ကားတွေရဲ့ စွမ်းဆောင်ရည်ကို များစွာတိုးတက်စေပြီး သူရဲ့လျှပ်စစ်ကားအကွာအဝေးကို ခန့်မှန်းခြေ ၁၆% တိုးမြင့်စေမယ့် အလားအလာရှိပါတယ်။

4680 ဆဲလ်တွေဟာ ကားတစ်စီးလျှင် ဘတ္ထရီ ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချရန် အလားအလာ ရှိသော်လည်း သူတို့ဟာ ထုတ် လုပ် ရန် ခက်ခဲကြောင်း Panasonic ရဲ့ အဆိုအရ သိရပါတယ်။

ကုမ္ပဏီဟာ လက်ရှိဘဏ္ဍာနှစ် မတ်လကုန်တွင် ဆဲလ်တွေအတွက် ရှေ့ပြေးပုံစံ ထုတ်လုပ်မှုလိုင်းကို ထူထောင်ရန် လုပ်ဆောင်နေပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *