မိုးရွာတဲ့ ရနံ့ကို လူတွေ နှစ်သက်ရတဲ့ အကြောင်းအရင်း

Knowledge Nature

ပူပြင်းလှတဲ့ နွေရာသီမှာ မိုးကို မျှော်ကြသလို သင်္ကြန်မိုးကလည်း အတိုင်းအတာ တခုအထိ အပူဒဏ်ကို ခံနိုင်စေပါတယ်။

လေကလေး တချက်ဝှေ့လိုက်တာနဲ့ မိုးသက်လေညှင်းလေးကို ရလိုက်ရင် ရင်ထဲမှာ လန်းဆန်းသွားသလို ခံစားမိမှာပါ။

အလားတူ မိုးရွာပြီးပါကလည်း မြေသင်းနံ့လေးနှင့် အတူ အခြား ဘယ်ကမှန်း မသိတဲ့ သင်းပျံ့တဲ့ ရနံ့တွေ ရတတ်ပါသေးတယ်။

တကယ်တော့ မိုးရနံ့ကို လူတွေ နှစ်သက်ကြတာဟာ ဘိုးဘေးမျိုးဆက်များမှ ၎င်းတို့၏ ရှင်သန်မှုအတွက် မိုးရာသီကို မှီခိုအားထား ချစ်ခင်မြတ်နိုးမှုမှ အမွေဆက်ခံ လာရတယ်လို့ သိပ္ပံပညာရှင် အချို့က ယုံကြည်ကြပါတယ်။

ဒါပေမဲ့ မိုးရနံကို ဘယ်အရာတွေကို သင်းပျံ့တဲ့ ရနံ့ ဖြစ်စေတာလဲ သိချင်မှာပါ။

မိုးရွာတာနဲ့ ဆက်စပ်နေတဲ့ ရနံ့ တော်တော် များများကို လူတွေက ကြိုက်နှစ်သက်ကြလေ့ ရှိပါတယ်။

မြေသင်းနံ့

အဲဒီ့ ရနံ့များထဲမှ ခြောက်သွေ့သည့် မြေကြီးပေါ်သို့ မိုးရေထိတွေ့သည့် အခါ ထွက်လာတဲ့ မြေသင်းနံ့ကို “petrichor” လို့ခေါ်ပါတယ်။

ဒီအသုံးအနှုန်းကို ၁၉၆၄ ခုနှစ်မှာ စိုစွတ်တဲ့ ရာသီဥတုမှ ထွက်လာတဲ့ အနံ့တွေကို လေ့လာခဲ့တဲ့ ဩစတြေးလျ သုတေသီနှစ်ဦးမှ အမည်ပေးခဲ့တာပါ။

Petrichor ဆိုသည့်အမည်ဟာ ဂရိ စကားလုံး “petra” (ကျောက်တုံး) နှင့် ဒဏ္ဍာရီလာ “ichor” ခေါ် ထာဝရ ရှင်သန်နေသောသွေးကြောများတွင် စီးဆင်းနေသည့် ရွှေရည် ဆိုသည့် စကားလုံး ၂ ခုကို ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ။

သိပ္ပံနည်းပညာအရတော့ ဓာတု ပစ္စည်း ၂ မျိုး ဓာတ်ပြုပြီး ဖြစ်ပေါ်လာတဲ့ ရနံ့ တခု ဖြစ်ပါတယ်။

အချို့သော သစ်ပင်များဟာ ခြောက်သွေ့သည့် ကာလများမှာ အဆီများကို ထုတ်လေ့ရှိပါတယ်။ အဲဒီ့နောက် မိုးရွာလာတဲ့ အ ခါ မှာတော့ အဆိုပါ ဆီများဟာ လေထဲသို့ ရောက်ရှိသွားပါတယ်။

နောက်ထပ် မြေသင်းနံ့ကို ထုတ်ပေးတဲ့ ဒုတိယ တခုကတော့ မြေပြင်မှာ နေထိုင်တဲ့ actinomycetes လို့ခေါ်တဲ့ ဘက်တီးရီးယားတွေကနေ ထွက်လာတဲ့ ဓာတ်တုန့်ပြန်မှု ဖြစ်ပါတယ်။

ကျွန်တော်တို့ မိုးရွာရင် ရရှိလာတဲ့ သင်းပျံ့တဲ့ ရနံ့ဟာ အဆိုပါ ဓာတု ဒြပ်ပေါင်းများ ပေါင်းစပ်ပြီး ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။

မိုးသက်လေနံ့

နောက်ထက် မိုးနှင့် ဆက်စပ်နေတဲ့ လူတွေ နှစ်သက်တဲ့ ရနံ့ကတော့ အိုဇုန်းပဲ ဖြစ်ပါတယ်။

အိုဇုန်းနှင့် ပတ်သက်သည့် အသေးစိတ်ကို “အိုဇုန်းဟာ အကျိုးပြုလား မပြုဘူးလား ဆိုတဲ့ အိုဇုန်းနှင့် ပတ်သက်တဲ့ အမှန်တရား အကြောင်း” ခေါင်းစဉ်နှင့် ဖော်ပြပြီး ဖြစ်ပါတယ်။

မိုကြိုးမုန်တိုင်းအတွင်း လျှပ်စီးများဟာ လေထုအတွင်းရှိ အောက်စီဂျင်နှင့် နိုက်ထရိုဂျင် မော်လီကျူးများကို ခွဲထုတ်နိုင်ပါတယ်။

ထိုကဲ့သို့ လျှပ်စီးများကြောင့် အောက်စီဂျင်နှင့် နိုက်ထရိုဂျင် မော်လီကျူးများဟာ နိုက်ထရစ် အောက်ဆိုက်ဒ် အဖြစ် ပေါင်း စပ်သွားနိုင်ပါတယ်။

အဲဒီ့နောက်မှာတော့ ထိုအရာဟာ ကလိုရင်းလို စူးရှသည့် အနံ့ရှိသော အိုဇုန်း ဖြစ်ပေါ်လာစေရန် လေထုအတွင်းရှိ အခြား ဓာတ်ပြု ပစ္စည်းများနှင့် ဓာတ်ပြုပါတယ်။

တယောက်ယောက်က မိုးရွာခါနီး အနံ့တခု ရတယ်လို့ ဆိုပါက ဒါဟာ နီးကပ်လာသည့် မိုးကြိုးမုန်တိုင်း သို့မဟုတ် မိုးတိမ်တောင် တခုမှ အိုဇုန်းများ ဆင်းလာပြီး လူ့နှာခေါင်းထဲသို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.