ချွေးမထွက်တဲ့ ဝက်များ၏ အပူချိန် ထိန်းသိမ်းပုံ အကြောင်း

Article Nature

ဝက်တွေမှာ ချွေးဂလင်းများ အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နိုင်တဲ့အတွက်ကြောင့် ချွေးအနည်းငယ်သာ ထွက်ပြီး ချွေးအနည်းငယ်ထွက်တာဟာ ၎င်းတို့ရဲ့ ခန္ဓာကိုယ်အပူချိန်ကို များစွာထိခိုက်စေမှာ မဟုတ်ပါဘူး။

ဒါဆို ဝက်တွေက သူတို့ကိုယ်သူတို့ အေးအောင် ဘယ်လိုလုပ်ကြမလဲ။

ဝက်တွေဟာ အပူလွန်ကဲခြင်း သို့မဟုတ် သွေးနွေး သတ္တဝါများဖြစ်တဲ့အတွက်ကြောင့် ၎င်းတို့ဟာ ၎င်းတို့ပတ်ဝန်းကျင်ရှိ အပူချိန်မည်မျှပင်ရှိစေကာမူ တည်ငြိမ်တဲ့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းထားပါတယ်။

အခြေအနေအများစုမှာ endothermic တိရိစ္ဆာန်များရဲ့ခန္ဓာကိုယ်အပူချိန်ဟာ ၎င်းတို့ရဲ့ပတ်ဝန်းကျင်ထက် ပိုမိုနွေးထွေးပါတယ်။

အပြန်အလှန်အားဖြင့်၊ ectotherms သို့မဟုတ် သွေးအေးတိရစ္ဆာန်များကတော့ ပြင်ပအပူအရင်းအမြစ်များပေါ်တွင် အဓိကမူတည်တဲ့အတွက်ကြောင့် ၎င်းတို့ရဲ့ခန္ဓာကိုယ်အပူချိန်ဟာ ၎င်းတို့ရဲ့ ပတ်ဝန်းကျင် အပူချိန်နှင့်အတူ ပြောင်းလဲသွားပါတယ်။

တိရစ္ဆာန်များအတွက် ၎င်းတို့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးသည့် နည်းလမ်း နှစ်သွယ်ကတော့ ဇီဝဖြစ်ပျက်မှုနှင့် အပြု အမူပဲ ဖြစ်ပါတယ်။

အပူချိန်ထိန်းညှိမှု အမျိုးအစား နှစ်ခုကြား အဓိက ကွာခြားချက်က တစ်မျိုးမှာ ဇီဝဖြစ်ပျက်မှု လျှင်မြန်ခြင်း နှင့် နောက်တစ်မျိုးမှာ အချိန်ကြာမြင့်စေခြင်း ဖြစ်ပါတယ်။

“အပူထိန်းညှိခြင်းအတွက် ဇီဝဖြစ်စဉ်ချဉ်းကပ်မှုဟာ တကယ့်ကို နှေးကွေးတယ်” ဟု UK ရှိ Cambridge တက္ကသိုလ်မှ တိရ စ္ဆာန်ဆေးကု ပါမောက္ခ Dan Tucker က ဆိုပါတယ်။

ဒီကိစ္စမှာ သိုင်းရွိုက်ဂလင်းမှ ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်သော thyroxine ဟာ ဝက်လေးတွေရဲ့ အခြေခံဇီဝဖြစ်ပျက်မှုကို ထိန်းချုပ်ဖို့ ကူညီပေးပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်မှ စားသုံးလိုက်တဲ့ ကယ်လိုရီများကို စွမ်းအင်အဖြစ် ပြောင်းလဲပေးသည့် လုပ်ငန်းစဉ်ကို ကူညီပေးပါတယ်။ တစ်ဖန် ဇီဝဖြစ်စဉ်စက်ဝန်းများက အပူကိုထုတ်ပေးပါတယ်။

၂၀၀၆ ခုနှစ်က လေ့လာမှုအရ ဝက်တွေဟာ ရက်များ သို့မဟုတ် သီတင်းပတ်များ အတွင်း တသမတ်တည်း ပူသော သို့မ ဟုတ် အေးသော အပူချိန်နှင့် ထိတွေ့သောအခါ၊ အပိုအပူထုတ်ပေးဖို့ သို့မဟုတ် အေးသွားစေဖို့ thyroxine ဖြင့် ဒီသံသရာများကို အဖွင့် သို့မဟုတ် အပိတ်လုပ်နိုင်တယ်ဟု သိရပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ အပြုအမူဆိုင်ရာ အပူချိန်ထိန်းညှိခြင်းဟာ အချိန်တိုအတွင်း ခန္ဓာကိုယ်အပူချိန်ကို ပိုမို အေးမြစေခြင်း သို့မဟုတ် မြှင့်တင်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

ပူပြင်းတဲ့ ရာသီဥတုတွင် ဝက်တွေဟာ ခန္ဓာကိုယ်အပူချိန်ကို သက်ရောက်စေသည့် ရေ သို့မဟုတ် ရွှံ့ထဲတွင် လူးနေတတ်ကြတယ်ဟု Tucker က ဆိုပါတယ်။

ရေ သို့မဟုတ် ရွှံ့နွံများဟာ ဝက်လေးတွေရဲ့ ခန္ဓာကိုယ်မှ အငွေ့ပျံသွားတာနှင့်အမျှ ၎င်းတို့ကို အေးမြစေပါတယ်။

ဝက်တွေဟာ အရိပ်ရသောနေရာများကို ရှာဖွေနိုင်ကြပြီး သို့မဟုတ် အေးမြတဲ့ မျက်နှာပြင်ပေါ်တွင် ပြားပြားဝပ် နေခြင်းဖြင့် ၎င်းတို့ရဲ့ခန္ဓာကိုယ်မှ အပူကို ထိန်းညှိကြတယ် ” ဟု Tucker မှ ပြောပါတယ်။

သို့သော်လည်း ကမ္ဘာကြီးရဲ့ အပူပိုင်းဒေသများတွင် နေထိုင်ကြသည့် ဝက်တွေဟာ အေးစေဖို့အတွက် စွမ်းအင် ပိုမို သုံးစွဲကြရတယ် ဟု Tucker က ဆိုပါတယ်။

အေးတဲ့ရာသီဥတုမှာ ဝက်တွေဟာ နွေးထွေးဖို့ အသိုက် ဆောက်လုပ် တတ်ကြပါတယ်။

အအေးပိုင်းဒေသတွေမှာ မွေးပြီး နာရီပိုင်းအကြာတွင် တုန်တုန် ယင်ယင် ဖြစ်နေကြတာဟာ ဝက်ကလေးများ တွေ့ရလေ့ရှိသည့် အပြုအမူတစ်ခုလည်း ဖြစ်ပါတယ်။

မြင့်မားသောအပူချိန်နှင့် ထိတွေ့တဲ့အခါ ဝက်လေးတွေဟာ အစားအစာများကို လျှော့စားခြင်းဖြင့် အစာချေခြင်း နှင့် အစာမကြေစဉ်အတွင်း ထွက်လာတဲ့ အပူပမာဏကို လျော့နည်းစေတဲ့အတွက်ကြောင့် ၎င်းဟာ အအေးခံသည့် အခြားနည်းလမ်းတစ်ခု ဖြစ်တယ်ဟု Tucker မှ ပြောကြားခဲ့ပါတယ်။

ဝက်လေးတွေရဲ့ ခန္ဓာကိုယ်အရွယ်အစားကလည်း ၎င်းတို့ရဲ့အပူချိန်ထိန်းညှိမှုအတွက် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

ဝက်ငယ်လေးတွေဟာ မျက်နှာပြင်ဧရိယာနှင့် ခန္ဓာကိုယ်ထုထည်အချိုးအစား ပိုနည်းတဲ့အတွက် ဝက်ကြီးများရဲ့ အရေပြားထက် ၎င်းတို့ရဲ့အရေပြားမှတဆင့် အပူဆုံးရှုံးမှုပိုနည်းပါတယ်။ ဒါ့ကြောင့် အပူပျောက်ဖို့ မျက်နှာပြင်ဧရိယာ ပိုလိုအပ်တယ် ” ဟု Tucker ကမှတ်ချက်ချခဲ့ပါတယ်။

ပျမ်းမျှကမ္ဘာ့အပူချိန်များ မြင့်တက်လာတာနှင့်အမျှ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုများကို ဝက်မွေးမြူရေးသမားများက စိုးရိမ်လာပါတယ်။

အမှန်တော့၊ အပူဖိစီးမှုကြောင့် ဝက်များတွင် မျိုးပွားရန် အရည်အသွေး ကျဆင်းခြင်း၊ အရွယ်အစား သေးငယ်ခြင်းနှင့် မျိုး စေ့များ သန္ဓေ မတည်နိုင်ခြင်းတို့ကို ဖြစ်ပေါ်စေတယ်ဟု Acta Veterinaria Scandinavica ဂျာနယ်တွင် ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

ပူပြင်းတဲ့ အပူချိန်ကို ကြာရှည်စွာ ထိတွေ့ခြင်းဟာ ဝက်များရဲ့ ခုခံအားစနစ်များကို အားနည်းစေပြီး အလွန်အမင်း ပြင်းထန်မှုတွေမှာ hyperthermic shock ခံစားရနိုင်ပါတယ်။

ဒါဟာ ၎င်းတို့ရဲ့ သွေးပေါင်ချိန် ကျဆင်းသွားတာကြောင့် သတိလစ် မေ့မြောပြီး အသက်အန္တရာယ် ဖြစ်စေတဲ့အထိ ဖြစ်စေနိုင်တာကိုလည်း တွေ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *