ချစ်ခွင့်ပန် သို့မဟုတ် လက်ထပ်ခွင့်ပန် တဲ့အခါတွေမှာ ဒူးတဖက်ထောက်ရတဲ့ အကြောင်း

History Knowledge

သင်ဟာ မကြာခင်မှာ လက်ထပ်ခွင့် အတောင်းခံရဖို့ မျှော်လင့်နေတဲ့အချိန်မှာ သင့်ရဲ့ချစ်သူက ဒူးတစ်ဖက်ထောက်လိုက်တာဟာ လက်ထပ်ခွင့်ပန်တာလား၊ ဖိနပ်ကြိုး​ပြေ တာလားဆိုပြီး ရင်ခုန်စေမှာပါ။

လက်ထပ်ခွင့်တောင်းတာ ဟုတ်ဟုတ် မဟုတ်ဟုတ် yes or no ဖြေဖို့ သင့်ကိုသင် ခိုင်ခိုင်မာမာ ပြင်ဆင်ထားသင့်ပါတယ်။

ထပ်ပေါင်းပြောဆိုရမည်ဆိုရင် ဒီအသုံးဝင်တဲ့ ဒူးတစ်ဖက်ထောက်ပြီး ချစ်ခွင့်ပန်တာဟာ တစ်ချို့သော ခေတ်ဟောင်း သမိုင်းအစဥ်အလာများစွာ ပေါင်းစပ်ထားတယ်ဟု ယူဆရပါတယ်။

MarthaStewart ဝက်ဆိုဒ် ကထောက်ပြတဲ့အချက်က လူတွေဟာ လွန်ခဲ့တဲ့ နှစ်​ပေါင်းထောင်ချီထဲက ရိုသေလေးစားမှုကို ပြသဖို့အတွက် genuflecting လို့ခေါ်တဲ့ လက်တင်ဘာသာစကားအရ ဒူးတစ်ဖက်ကွေးခြင်းဖြင့် ရိုသေလေးစားမှုကို ပြသကြပါတယ်။

သင့်လျော်တဲ့ နှုတ်ဆက်စကားများဟာ လူမှုအဆင့်အတန်းကို မူတည်ကြောင်း ပါရှန်းအင်ယာမှ ဆင်းသက်ခဲ့ခြင်း ဖြစ်နိုင်ပါတယ်။

ဘီစီ ၄၃၀ဝန်းကျင်က ဂရိသမိုင်းပညာရှင် Herodotus က“ တစ်ယောက်က အခြားတစ်ယောက်ထက် အနည်းငယ်နိမ့်ပါးတဲ့အခါ ရိုသေလေးစားမှုပြတဲ့အနေဖြင့် ပါးကိုနမ်း​ကြတယ်” ဟုဆိုပါတယ်။

ရာထူးအဆင့် မြင့်မားသူတွေနဲ့ ဆက်ဆံရာမှာ အဆင့်နိမ့်တဲ့သူတွေက မြေကြီးပေါ် ဝပ်တွားပြီး ရိုသေလေးစားမှု ပြကြရပါတယ်။

proskynesis ဟု လူသိများသော မြေကြီးပေါ်ဝပ်တွားပြီး နှုတ်ခွန်းဆက်စကားစနစ်ကို Great Alexander ဟာ ရာစုနှစ်တစ်ခု အကြာ အင်ပါယာကို အုပ်စိုးတဲ့ အချိန်မှာ လက်ခံကျင့်သုံးခဲ့ပါတယ်။

သမိုင်းပညာရှင်တစ်ချို့က genuflecting လို့ခေါ်တဲ့ လက်တင်ဘာသာစကားအရ ဒူးတစ်ဖက်ကွေးခြင်းဖြင့် ရိုသေလေးစားမှုကို ပြသတဲ့ စနစ်အတွက် မြေကြီးပေါ် ဝပ်တွား နှုတ်ဆက်ခြင်းဟာ တစ်စိတ်တစိပိုင်းဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

အလက်ဇန်းဒါးရဲ့ လက်ရှိ ဂရိ နှင့် မက်ဆီဒိုးနီးယားလူမျိုးများဟာ ရိုးရာဓလေ့အသစ် ကိုလက်မခံကြပါဘူး။

ထိုကဲ့သို့သော အမူအရာတွေဟာ နတ်ဘုရားများအတွက် သီးသန့်ထားသင့်တယ်ဟု ယူဆနေကြပါတယ်၊ ဒါကို လူတိုင်းက လက်ခံ​ကြမှာ မဟုတ်ကြပါဘူး။

သို့သော် ဒီလေးစားရိုသေမှုကိုပြသတဲ့ genuflecting ရဲ့ အယူအဆ ဟာ နောင််အနာဂတ်မှာ ဘာသာရေးနဲ့ လောကိရေးရာနယ်ပယ်နှစ်ခုလုံးမှာ လူကြိုက်များလာကြောင်း သက်သေပြနေပါလိမ့်မယ်။

ဥပမာအားဖြင့် ကတ်တလစ်ဘာသာဝင်တွေဟာ Eucharist လို့ခေါ်တဲ့ ယေရှုရဲ့ ခန္ဓာကိုယ်ကို ကောင်းချီးပေးတဲ့ ခရစ်တော်နောက်ဆုံးညစာအထိမ်းအမှတ်ပွဲမှာ ကျွေးတဲ့ မုန့်ကြွပ်ဝိုင်း ပါဝင်တဲ့ ခရစ်ယာန်အသင်းတော်များ ဘုရားဝတ်ပြုတဲ့နေရာနဲ့ မျက်နှာခြင်းဆိုင်တဲ့အခါ ဒူးတစ်ဖက်ကို ထောက်၍ ဝတ်ပြုလေ့ရှိပါတယ်။

ဥရောပတိုက်သူရဲ​​ကောင်းများကို စစ်တိုက်ပြီး သူရဲကောင်းဘွဲ့ ချီးမြှင့်တဲ့အခါ သူတို့ရဲ့ တပ်မှူးရှေ့ ဒူးတစ်ဖက်ထောက်ပြီး ဓားရှည်ဖြင့် ပုခုံးထက်ကိုရွယ်ပြီး ချီးမြှင့်လေ့ရှိပါတယ်။

အမှန်တော့ ဘုရင်မကြီးအဲလိဇဘက်သ် ၂ ရဲ့ သူရဲကောင်းဘွဲ့ချီးမြှင့်ခံရတဲ့ နိုင်ငံသားတွေဟာ နာမည်ခေါ်တဲ့အခါ ဒူးထောက်ဖို့ မျှော်လင့်နေတုန်းဘဲ ဖြစ်ပါတယ်။

Bustle ရဲ့ အဆိုအရ သူရဲကောင်းတွေရဲ့ မဂ်လာရှိတဲ့အချိန်အတွင်းမှာ ဒူးတစ်ဖက်​ထောက် ချစ်ရေးဆိုခြင်းဟာ အချစ်ရေးမှာလည်း ပထမဆုံးအရေးပါမှု ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

၁၁ရာစုရဲ့ သူရဲကောင်းတွေဟာ တရားရုံးမှာရှိတဲ့ အမျိုးသမီးတွေနဲ့ ရင်းနှီးချစ်ခင်တဲ့ နှောင်းကြိုးများ ယှက်ခဲ့ကြပါတယ်။

နောက်ပိုင်းဓလေ့ထုံးတမ်းများအရ ” တရားမျှတတဲ့ ချစ်ခြင်း” ဟုအမည်ပေးခဲ့ကြပါတယ်။

အိမ်ထောင်ကျပြီးတဲ့ အမျိုးသမီးဟာ relationship ရဲ့သဘောသဘာဝဟာ လိင်ပိုင်းဆိုင်ရာကြောင့်မဟုတ်ဘဲ ဒါဟာ အမြဲတမ်း လေးနက်တဲ့ ကတိကဝတ် တစ်ခုကြောင့်ဘဲ ဖြစ်ပါတယ်။

သူရဲကောင်းတွေဟာ သူတို့ရဲ့ အရှင်သခင်တွေ၊ ဘုရင်တွေ အပေါ် စိတ်ဓာတ်ပြင်းပြစွာ အသုံးတော်ခံသကဲ့သို့ သူတို့ရဲ့ ကြင်သူချစ်သူအပေါ်လည်း တူညီစွာ စောင့်ရှောက်ဖို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။

Lancelot နှင့် Guinevere တို့၏ အချစ်ဇာတ်လမ်းသည် Tristan နှင့် Isolde တို့၏ပုံပြင်ကဲ့သို့ပင် ယဥ်ကျေးတဲ့ ချစ်ချင်းမေတ္တာကိုဖော်ဆောင်ပေးတဲ့ ဥပမာကောင်းတစ်ခုဘဲ ဖြစ်ပါတယ်။

အလယ်ခေတ် နဲ့ ယခုမျက်မှောက်ခေတ် ချစ်ခွင့်၊ လက်ထပ်ခွင့်ပန်တဲ့ ဓလေ့ အကြား ရှင်းလင်းပြတ်သားတဲ့ ဆက်နွယ်မှု မရှိသော်လည်း တရားမျှတ လွတ်လပ်တဲ့ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ ဓာတ်ပုံ တော်တော်များများတွင် ယောကျာ်းတစ်ယောက်က အမျိုးသမီးတစ်ယေက်ရှေ့မှာ ဒူးတစ်ဖက်ထောက် လက်ထပ်ခွင့်ပန်ကြပါတယ်။

ယခုမျက်မှောက်ခေတ် စေ့စပ်ပွဲဓာတ်ပုံတော်တော်များများမှာ မြင်တွေ့ရတဲ့ ဓာတ်ပုံတွေဘဲ ဖြစ်ပါတယ်။

တိုတိုပြောရရင် ဒူးတစ်ဖက်ထောက်ပြီး ချစ်ခွင့်၊ လက်ထပ်ခွင့်ပန်တာ က သင်နဲ့ ထာဝရ အတူနေဖို့ တစ်စုံတစ်ယောက်ကို တောင်းဆိုတဲ့အခါ သင့်ရဲ့သစ္စာရှိမှု နဲ့ နှိမ့်ချမှုကို ဖော်ပြတာဘဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *