ရုရှား သမ္မတ ပူတင် ရှင်သန်ဖို့ ၃ နှစ်လောက်သာ ရှိတော့တယ်လို့ ၎င်း၏ ဆရာဝန်က ပြောတဲ့ အကြောင်း

News World

ရုရှား သမ္မတ၏ ကျန်းမာရေးဟာ တနေ့တခြား ဆုတ်ယုတ်လာကြောင်းကို သတင်း တော်တော်များများမှာ ဖော်ပြလာပါတယ်။

၎င်း၏ ဆရာဝန်မှ ရုရှား သမ္မတ ပူတင်အနေဖြင့် ၎င်းရှင်သန်နိုင်ဖို့ နောက်ထက် သုံးနှစ်လောက်သာ ရှိတော့မယ်လို့ ပြောကြားထားကြောင်း သတင်းများက ပြောပါတယ်။

အသက် ၆၉ နှစ်အရွယ်ရှိတဲ့ သမ္မတ ပူတင်ဟာ ကင်ဆာရောဂါကို ခံစားနေရပြီး ကျန်းမာရေးဟာလည်း လျှင်မြန်စွာ ဆိုးရွားလာတယ်လို့ အတည်မပြုနိုင်သည့် သတင်းတွေ များပြားစွာ ထွက်ပေါ်နေပါတယ်။

ရုရှား ဖက်ဒရယ် လုံခြုံရေး ဝန်ဆောင်မှု ဌာန FSB မှ အရာရှိ တဦးကလည်း ပူတင်အား “သူ့အနေနှင့် ရှင်သန်ဖို့ အချိန် နှစ်နှစ် နှင့် သုံးနှစ်ထက် မပိုတော့ပါဘူး” လို့ ပြောကြားခဲ့သည့် အပြင်

၎င်းခံစားနေရသည့် ကင်ဆာဟာ မြန်မြန်ဆန်ဆန် ဆိုးရွားလာနေတဲ့ ကင်ဆာတမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းစကားကို ရုရှား FSB မှ ဗြိတိန်သို့ ဘက်ပြောင်းလာသည့် အရာရှိ Boris Karpichkov အား အမည် မဖော်လိုသည့် ရုရှားသူလျှိုတဦးက ပြောပြခဲ့တာ ဖြစ်ပါတယ်။

၎င်းမှ ပူတင်ဟာ အမြင်အာရုံပါ ကွယ်ပျောက်နေပြီး ခေါင်းကိုက်ဝေဒနာလည်း ခံစားနေရတယ်လို့ ပြောပါတယ်။

“ပူတင်ဟာ ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီး ရုပ်မြင်သံကြားတွင် ထွက်ပေါ်လာသည့်အခါမှာ သူပြောဆိုဖို့ အတွက် စာလုံး ကြီးကြီးဖြင့် ရေးထားတဲ့ စာတွေ စာရွက်ပေါ်မှာ ရေးထား ရတယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်” လို့ ရုရှား အရာရှိက တနင်္ဂနွေနေ့က Mirror သတင်းဌာနကို ပြောပါတယ်။

“စာလုံးများဟာ အလွန်ကို ကြီးသည့်အတွက် စာမျက်နှာ တမျက်နှာလျှင် စာကြောင်း အနည်းငယ်သာ ဆန့်တာကြောင့် သူ့အနေဖြင့် အမြင်အာရုံ အတော်လေး ဆိုးနေတယ်” လို့ ဆိုပါတယ်။

သူလျှိုမှ အခုအချိန်မှာ ပူတင်၏ ခြေလက်များဟာလည်း ထိန်းချုပ်လို့ မရနိုင်အောင် တုန်နေတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ယခုနှစ် အစောပိုင်း တွင် တွေ့ရှိခဲ့ရသည့် ဗီဒီယို ဖိုင် တခုမှာ ပူတင်၏ လက်တွေဟာ တုန်နေပြီး ဧပြီလ အတွင်းက ထုတ်လွှင့်ခဲ့သည့် အစည်းအဝေး တခုမှာလည်း မိမိကိုယ်ကို ထိန်းထားနိုင်ဖို့ စားပွဲတခုကို လက်ဖြင့် ဆုပ်ကိုင်ထားရတာကို တွေ့မြင်ခဲ့ကြရပါတယ်။

ပူတင်၏ ကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုးတိုးတိတ်တိတ် ပြောဆို လာတာဟာ နာမည်ကြီး ရုရှား Telegram ချန်နယ် General SVR မှ အစပြုခဲ့ပုံ ရပါတယ်။

သမ္မတ ပူတင်၏ ဆရာဝန်များကတော့ ၎င်းအတွက် ခွဲစိတ်မှုမှာ အချိန်တိုအတွင်း မသန်စွမ်း ဖြစ်သွားနိုင်သည်ကို သတိပေးထားပါတယ်။

ဒါ့ကြောင့် အဆိုပါ ကာလ အတွင်းမှာ ၎င်း၏ လက်ထောက်တဦးအား အာဏာကို ခေတ္တလွှဲပြောင်းပေးထားမယ်လို့ သိရပါတယ်။

ဗြိတိန် ထောက်လှမ်းရေး အရာရှိဟောင်း Christopher Steele မှ ပူတင်ဟာ ဆေးဘက်ဆိုင်ရာ ကုသမှုခံယူဖို့ အစည်း အ ဝေးများကို ရပ်နားထားခဲ့ရတယ်လို့ ပြောကြားပြီးနောက် ယခုလို ၎င်း၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အလေးထားလာကြပါတယ်။

“တနာရီလုံး ကြာလောက်မယ့် လုံခြုံရေးကောင်စီ အစည်းအဝေးတွေကို အပိုင်းတော်တော်များများ ခွဲပစ်လိုက်ရတယ်” လို့ အမေရိကန် သမ္မတဟောင်း ထရမ့် ရွေးကောက်ပွဲ ကိစ္စတွင် မော်စကိုမှ ဝင်ရောက်စွက်ဖက်သည် ဟူသည့် စာတမ်းများကို ရေးသားခဲ့သူ Mr. Steele က LBC ရေဒီယိုမှာ ပြောခဲ့ပါတယ်။

“သူနှင့်အတူ ဆရာဝန် အဖွဲ့ တဖွဲ့ဟာလည်း အမြဲတမ်း အနားမှာ အဆက်မပြတ် လိုက်နေရတယ်” လို့လည်း ၎င်းက ဆိုပါတယ်။

ယခုလ အစောပိုင်း ပူတင်နှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိတဲ့သူတဦးကလည်း ပူတင်ဟာ “သွေးကင်ဆာကြောင့် အလွန် အ မင်း နေမကောင်း ဖြစ်နေတယ်” လို့ ပြောဖူးပါတယ်။

အမေရိကန် အခြေစိုက် မဂ္ဂဇင်းတခု ဖြစ်တဲ့ New Lines တွင်လည်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ယူကရိန်းကို ကျူးကျော်ဖို့ အမိန့်မပေးမီ အချိန်လေးမှာ ပူတင်ဟာ ကျောကို ခွဲစိတ်ခဲ့ရကြောင်း အမည်မဖော်လိုသူ ရုရှားနိုင်ငံသား တဦးက ပြောခဲ့ပါတယ်။

ဒီလို သတင်းတွေဟာ အတည်ပြုဖို့ ခက်ခဲနေဆဲ ဖြစ်ပေမယ့် ပူတင်နှင့် နီးစပ်သည့် အချို့လူများမှ တောင် ထွက်ပေါ်လာတာ ဖြစ်လို့ စစ်ရေးအတွက် ပရိယာယ်လား တကယ်ဖြစ်နေတာလား ဆိုတာ အချိန်က စကားပြောသွားမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *