ဆင်စွယ် သို့မဟုတ် ကြံ့ချိုတွေ ပြန်ပေါက်နိုင်သလား

Knowledge Nature

ကြံ့ဦးချိုဟာ အာဖရိကနှင့် အာရှရဲ့ unicorn (ဒဏ္ဍာရီလာ ဦးချိုတချောင်းနှင့် မြင်း) ဖြစ်လာစေပြီး ဆင်ရဲ့ အစွယ်တွေ ကလည်း ကြီးမားတောင့်တင်းပြီး ခန့်ငြားတဲ့ပုံ နှင့်တူပါတယ်။

ဦးချို​တွေနှင့် အစွယ်တွေက ကြံ့​​တွေနှင့် ဆင်​​တွေကို ၎င်းတို့ရဲ့ အထင်ကရ အသွင်အပြင်ကို ပေးစွမ်းသော်လည်း ဒီအင်္ဂါရပ်တွေကြောင့်ပဲ ၎င်းတို့ဟာ မျိုးသုဉ်းလု နီးပါးဖြစ်စေခဲ့ပါတယ်။

အတိုချုပ်ပြောရရင် မုဆိုးတွေဟာ ကြံ့​တွေကို ၎င်းတို့ရဲ့ ဦးချိုအတွက် ပစ်မှတ်ထား​ကြပြီး လူတွေကို ကုသနိုင်တဲ့ အစွမ်းရှိတယ်ဟုသော မှားယွင်းတဲ့အယူအဆတွေ ရှိပါတယ်။

အလားတူ ဆင်တွေကလည်း ၎င်းတို့ရဲ့ ဆင်စွယ်အတွက် ဆုံရှုံးရပြီး အထူးသဖြင့် အာရှမှာဆိုရင် အဆင့်အတန်း သင်္ကေတနှင့် ငွေကြေးရင်းနှီးမြုပ်နှံမှုအဖြစ် မြင်လေ့ရှိကြပါတယ်။

သို့သော် အဖိုးမဖြတ်နိုင်တဲ့ အဆိုပါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ပြန်လည်ပေါက်ဖွားတတ်သလား သို့မဟုတ်

လူသားတွေအနေနဲ့ ၎င်းတို့ရဲ့ ဦးချို​တွေနှင့် အစွယ်​တွေကို တပ်မက်နေသမျှကာလပတ်လုံး အဆိုပါ တိရစ္ဆာန်လေးတွေဟာ အသက်ဆုံးရှုံးဖို့ ကံကြမ္မာရှိ​နေသလား ဆိုတာ မွေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဆင်စွယ်​တွေဟာ ပြန်မပေါက်သော်လည်း ကြံ့ချိုတွေကတော့ ပေါက်နိုင်ပါတယ်။

အတိအကျပြောရရင် ဆင်ရဲ့ အစွယ် အများစုဟာ ၎င်းတို့ရဲ့ သွားများ ဖြစ်ကြသည့် အပြင် ၎င်းတို့မှာ dentin၊ လို့ခေါ်တဲ့ မာ ကျောပြီး သိပ်သည်းတဲ့ အရိုးတစ်သျှူးများပါဝင်ပြီး အစွယ်တစ်ခုလုံးကို လူသိအများဆုံးတိရစ္ဆာန်တစ်သျှူးဖြစ်တဲ့ ကြွေလွှာဖြင့် ဖုံးအုပ်ထားကြောင်း World Wildlife Fund မှ ပြောကြားချက်အရ သိရပါတယ်။

၎င်းတို့ရဲ့အစွယ်ကြောင့် နာမည်ကြီးတာကို အံ့သြစရာမဟုတ်ပါဘူး။ အစွယ်တွေဟာ တိရိစ္ဆာန်တွေအတွက် အလွန်အသုံးဝင်ပါတယ်။

ဆင်တွေဟာ ၎င်းတို့ရဲ့အစွယ်ကို ကာကွယ်ဖို့၊ အရာဝတ္တုများကို လွှင့်ပစ်ဖို့၊ သစ်ပင်မှ အခေါက်​တွေကို ဖယ်ထုတ်ဖို့တို့အတွက် အသုံးပြုကြတယ်ဟု World Wildlife Fund မှ သတင်းထောက် Rachel Nuwer က ပြောပါတယ်။

“အစွယ်တွေကို ရယူဖို့ မဖြစ်နိုင်တဲ့ နည်းလမ်းတော့ မရှိပါဘူး၊ အစွယ်တွေဟာ တိရစ္ဆာန်တွေရဲ့ ဦးခေါင်းခွံမှာ မြှုပ်နှံထားပြီး ၎င်းတို့ရဲ့အလယ်ဗဟိုသို့ စီးဆင်းနေတဲ့ အာရုံကြောတစ်ခု ရှိတယ်” လို့ Nuwer က ရေးသားထားပါတယ်။

ရှေးယခင်က ဆင်စွယ်တွေကို လူသားနေထိုင်ရာနေရာတွေ နှင့် သီးနှံစိုက်ခင်းတွေကို ရန်ပြုတက်တာကြောင့် ဆင်တွေကို သုတ်သင်ခြင်း နှင့် သဘာဝအတိုင်း အသက်ဆုံးရှုံးမှုတွေ ကနေ ရရှိပါတယ်။

ဆင်တွေကို သုတ်သင်ခြင်းဟာ ကောင်းတဲ့ရွေးချယ်မှုမဟုတ်ပါဘူး။

သို့သော် ယခုခေတ်မှာတော့ ဆင်တွေဟာ မျိုးပွားပြီး ကြီးထွားမှုနှေးကွေးကာ စျေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းရန် မဖြစ်နိုင်တဲ့အတွက်ကြောင့် စျေးအလွန်ကြီးပြီး လူသားတွေရဲ့ အမဲလိုက်ခြင်းကို ခံနေရကြောင်း Current Biology ဂျာနယ်တွင် ထုတ်ဝေသည့် 2016 လေ့လာမှုတစ်ခုအရ သိရပါတယ်။

ဆင်တွေရဲ့ အစွယ်တွေက ပြန်မပေါက်ဘူးဆိုတာ လူတိုင်းမသိကြပါဘူး။

ဥပမာ နိုင်ငံတကာ တိရစ္ဆာန်စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (IFAW) က ၂၀၀၇ ခုနှစ်တုန်းက တရုတ်နိုင်ငံရှိ မြို့ကြီးခြောက်မြို့တွင် နေထိုင်သော လူပေါင်း ၁၂၀၀ ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။

ဖြေဆိုသူ ၇၀ ရာခိုင်နှုန်းက ဆင်စွယ်က ဆင်တွေရဲ့ ​ပါးစပ်မှ အန္တရာယ်ကင်းစွာ ပေါက်နေတယ်ဟု ထင်မြင်ယူဆခဲ့ကြောင်း Nuwer က ဆိုပါတယ်။

သို့ပေမယ့်လည်း ဆင်အစွယ်များကို ဖယ်ရှားခြင်းဟာ ၎င်းတို့ကို အသက်ဆုံးရှုံးစေနိုင်တယ်ဟု IFAW စေတနာ့ဝန်ထမ်းမှ ပြောကြားပြီးနောက် ဖြေဆိုသူ 80 ရာခိုင်နှုန်းကျော်က ဆင်စွယ် မဝယ်လိုကြောင်း ပြောကြားခဲ့ပါတယ်။

စစ်တမ်းကောက်ယူပြီးနောက် မကြာမီ ၂၀၀၈ ခုနှစ်တုန်းကလည်း IFAW က တရုတ်နိုင်ငံတွင် ပိုစတာလှုပ်ရှားမှုတစ်ခုကို စတင်ခဲ့တယ်ဟု Nuwer က ဖော်ပြခဲ့ပါတယ်။

ပိုစတာပေါ်မှာ ဆင်ကလေးက သွားများရှိကြောင်း မိခင်ဖြစ်သူအား ဝမ်းသာအားရပြောကာ “မပျော်ဘူးလား” ဟု မေးပါတယ်။ အမေဖြစ်သူက ကျေနပ်ပျော်ရွှင်တဲ့ အပြုံးလေးနဲ့ ပြန်ကြည့်ပါတယ်။

“သွားများရှိတဲ့ ကလေးငယ်တွေက မိခင်တစ်ဦးအတွက် ပျော်ရွှင်မှုကို ယူဆောင်လာပေးတယ်” ဟု ပိုစတာတွင် ဖော်ပြထားပါတယ်။

လူတွေရဲ့ မလိုအပ်တဲ့ ဆင်စွယ်ကို လိုချင်တပ်မက်မှုကြောင့် ဆင်ကောင်ရေ ရာနဲ့ချီပြီး ဆင်စွယ်ရောင်းဝယ်မှုမှာ အသက်ဆုံးရှုံးမှုတွေ တွေ့ကြုံနေရပါတယ်။

ဆင်စွယ်များနှင့်မတူဘဲ ကြံ့ချိုတွေကတော့ ပြန်ပေါက်တတ်ပါတယ်။ ၎င်းချိုများကို keratin ဖြင့် ပြုလုပ်ထားပြီး လက် သည်း နှင့်ဆံပင်ကို ဖန်တီးပေးတဲ့နေရာမှာ တူညီတဲ့ပစ္စည်း ဖြစ်ပါတယ်။

ဦးချိုလေးတင် ဖြတ်လိုက်ခြင်းဟာ ကြံ့တွေရဲ့ အသက်ကို ထိန်းသိမ်းနိုင်ပြီး လတ်ဆတ်သော ဦးချိုကို မွေးမြူနိုင်စေမှာ ဖြစ်သော်လည်း မုဆိုးတွေက ဦးချိုအတွက် ကြံ့များကို မကြာခဏ အသက်ဆုံးရှုံးသည်အထိ ပြုလုပ်လေ့ရှိပါတယ်။

ဒီထက်ဆိုးရွားတာက မွေးကင်းစသန္ဓေသားကို ထုတ်ယူပြီး သူတို့ရဲ့ ဦးချိုငုတ်တိုလေးတွေကို ဖြတ်ဖို့ ကိုယ်ဝန်ဆောင်ကြံ့တွေကို ဖမ်းယူတဲ့အထိ ပြင်းထန်တဲ့ ဖြစ်ရပ်တွေရှိတယ် ဟု Nuwer က ဆိုပါတယ်။

တခါတရံ မုဆိုးများက ကျန်ရှိသော ဦးချိုငုတ်နောက်သို့ လိုက်နေကြဆဲဖြစ်တဲ့အတွက်ကြောင့် အမြဲတမ်းတော့ အလုပ်မဖြစ်ပါဘူး။

ဦးချိုမရှိတဲ့ အခါ ကြံ့တွေဟာ ၎င်းတို့ရဲ့ နယ်မြေများကို ကာကွယ်ခြင်း၊ နွားများကို လမ်းပြခြင်း ကဲ့သို့သော နေ့စဉ် လုပ်ငန်း ဆောင်တာများအတွက် အသုံးမပြုနိုင်မှာ မဟုတ်တော့ပါဘူး။

သို့သော်လည်း ၎င်းက ကြံ့​တွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ အသုံးဝင်သော အဟန့်အတား တစ်ခုတော့ ဖြစ်နေ ပါသေးတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.