Cambridge တက္ကသိုလ်မှ သုတေသီတွေဟာ လူသားတစ်ယောက်ကဲ့သို့ အစာစားခြင်းလုပ်ငန်းစဉ်ရဲ့ မတူညီသောအဆင့်တွေဖြင့် အစားအစာကို မြည်းစမ်းဖို့ စက်ရုပ်စားဖိုမှူးတစ်ဦးအား လေ့ကျင့်ပေးခဲ့ပြီး လုံလောက်တဲ့ အရသာရှိမရှိ ဆုံးဖြတ်ပေးနိုင်တယ်ဟု ဆိုပါတယ်။
၎င်းဟာ လူသား အရသာ မြည်းစမ်းသူရဲ့ အကြံပြုချက်အပေါ် အခြေခံထားပြီး ဖြစ်နိုင်သမျှ အကောင်းဆုံး အစားအစာကို ရရှိစေဖို့ဖြစ်ပါတယ်။
စက်ရုပ်စားဖိုမှူးကို omelets ပြုလုပ်ဖို့ လေ့ကျင့်ထားတယ်ဟု ဆိုပါတယ်။ လူတွေက အရသာကြိုက်နှစ်သက်ပုံခြင်း မတူကြပါဘူး။
တချို့က အစပ်ပါတဲ့ အစားအစာကို နှစ်သက်ကြပြီး တချို့ကတော့ ချိုမြိန်တဲ့ အစားအစာကို နှစ်သက်ကြပါတယ်။

သုတေသီတွေက လူသားနမူနာများမှတစ်ဆင့် စက်ရုပ်တုံ့ပြန်ချက်ပေးသည့် စက်ရုပ်သင်ယူမှုဆိုင်ရာ အယ်လဂိုရီသမ် အ သစ်ကို တီထွင်ခဲ့ပြီး၊ ၎င်းဟာ ထုတ်ကုန်ကို အချိန်နှင့်အမျှ မြှင့်တင်နိုင်စေဖို့၊ ပြုလုပ်ပုံ နည်းလမ်းများကို ပြုပြင်ပြောင်းလဲဖို့နှင့် အဆုံးမှာ အရသာရှိတဲ့ အစားအစာကို ရရှိစေတယ်ဟု ဆိုပါတယ်။
ယခုအခါမှာတော့ သုတေသီတွေဟာ စက်ရုပ်စားဖိုမှူးရဲ့ ကိုယ်ပိုင် အရသာ စမ်းသပ် နိုင်စွမ်းဖြင့် ဗားရှင်းအသစ်ကို ထုတ်လုပ်ဖို့ အိမ်တွင်းသုံး ပစ္စည်းများထုတ်လုပ်သည့် Beko နှင့် ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ပါတယ်။
အစားအစာဝါးတဲ့အခါ အသားနဲ့ တခြားအရသာ ပြောင်းလဲသွားတာကို သတိထားမိကြမှာပါ။
ယခု ဟင်းလျာရဲ့ မတူညီတဲ့ ပါဝင်ပစ္စည်းတွေက ဝါးနေစဉ်အတွင်း အပြောင်းအလဲများ ကြုံတွေ့ရပါတယ်။
ဥပမာ လတ်ဆတ်တဲ့ ခရမ်းချဉ်သီးတစ်လုံးကို ကိုက်လိုက်လျှင် အရည်များ ထွက်လာပြီး တံတွေးနှင့် အစာခြေအင်ဇိုင်း နှစ်မျိုးလုံးဟာ ဝါးစားလိုက်သည်နှင့် ခရမ်းချဉ်သီးရဲ့ အရသာအပေါ် ခံယူချက်က ပြောင်းလဲသွားမှာဖြစ်ပါတယ်။
ဒါ့အပြင်၊ ဝါးနေစဉ်ထွက်လာတဲ့တံတွေးတွေက ဓာတုဒြပ်ပေါင်းများကို သယ်ဆောင်ပေးပါတယ်၊ အများအားဖြင့် လျှာပေါ်တွင် အရသာခံနိုင်သော receptors များသယ်ဆောင်ဖို့ ကူညီပေးပါတယ်။

အရသာလက်ခံတဲ့အရာများမှ အချက်ပြမှုများကို ဦးနှောက်သို့ ပေးပို့ပေးပြီး အရသာရှိမရှိ ဆုံးဖြတ်ပေးပါတယ်။
သုတေသီတွေက ၎င်းတို့ရဲ့ စက်ရုပ်စားဖိုမှူးတွင် ဝါးခြင်းနှင့် မြည်းစမ်းခြင်းဆိုင်ရာ ပိုမိုလက်တွေ့ကျတဲ့ လူသားလုပ်ငန်းစဉ်ကို ပုံတူကူးဖို့အတွက် ဆားငန်မငန် ဆုံးဖြတ်ပေးတဲ့ အာရုံခံကိရိယာအဖြစ် လုပ်ဆောင်တဲ့ စက်ရုပ်လက်မောင်းတစ်ခုကို စစ်ဆေးရေး ကိရိယာတခုနှင့် ချိတ်တွဲထားပါတယ်။
စမ်းသပ်မှုတွင် စက်ရုပ်စားဖိုမှူးဟာ ဟင်းတစ်မျိုးစီတွင် ခရမ်းချဉ်သီး အရေအတွက်နှင့် ဆားပမာဏကွဲပြားသည့် ကြက်ဥနှင့် ခရမ်းချဉ်သီးများကို ရောနှောထားသော ရိုးရှင်းသော ဟင်းလျာကိုးမျိုးကို မြည်းစမ်းကြည့်စေခဲ့ပါတယ်။
စက်ရုပ်ဟာ ဇယားကွက်ပုံစံဖြင့် ဟင်းပွဲများကို မြည်းစမ်းခဲ့ပြီး စက္ကန့် အနည်းငယ်အတွင်း အရသာမျိုးကွဲများကို ဖတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။
ရလဒ်တွေဟာ ဆားငန်မှုကို အကဲဖြတ်ဖို့ စက်ရုပ်ရဲ့ စွမ်းရည်တွင် သိသာထင်ရှားစွာ တိုးတက်မှုရှိတာကိုလည်း တွေ့ရပါတယ်။

“စက်ရုပ်တစ်ရုပ်က တခြားချက်ပြုတ်နည်းတွေလိုပဲ ချက်ပြုတ်နည်းကို သင်ယူနေတဲ့အခါ၊ ဘယ်လောက်ကောင်းတယ်ဆိုတာ ညွှန်ပြဖို့လိုတယ်” ဟု အင်ဂျင်နီယာဌာနမှ တွဲဖက်ဒေါက်တာ Arsen Abdulali က ဆိုပါတယ်။
“ကျွန်တော်တို့အနေနဲ့ စက်ရုပ်တွေကို အရသာပိုကောင်းအောင် ချက်ပြုတ်ပေးမယ့် အရသာသဘောတရားကို နားလည်စေချင်ပါတယ်။
ကျွန်ုပ်တို့ရဲ့စမ်းသပ်မှုမှာ စက်ရုပ်တွေဟာ မြည်းစမ်းလိုက်တာနဲ့ အစားအစာရဲ့ ခြားနားချက်ကို တွေ့မြင်နိုင်ပြီး အရသာခံနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်”ဟု ဆိုပါတယ်။
အနာဂတ်မှာ သုတေသီတွေဟာ စက်ရုပ်စားဖိုမှူးအား အမျိုးမျိုးသောအစားအစာများကို မြည်းစမ်းနိုင်စေဖို့နှင့် အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ဖို့အပြင် ၎င်းဟာ ချိုသော သို့မဟုတ် အဆီများသောအစားအစာများကို မြည်းစမ်းနိုင်မှာဖြစ်တယ်ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။