“Roger that” ဆိုတဲ့စကားလုံးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတာကို မြင်ဖူးကြားဖူးကြမှာပါ။ အထူးသဖြင့် လေယာဉ်မှူးတွေ၊ ရေဒီယိုစက်တွေနှင့် တစ်ဖက်နှင့်တစ်ဖက် ဆက်သွယ်ရာမှာအသုံးပြုပါတယ်။
လူတော်တော်များများဟာ အဓိပ္ပါယ်ကိုရော စကားလုံးကိုရော ရင်းနှီးကြပေမယ့် ဒီစကားလုံးကို ဘယ်ကနေစတင် အသုံးပြုသလဲဆိုတာ မသိကြပါဘူး။
“Roger” ဆိုတာ ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန် နှစ်လိုင်းသွား ရေဒီယိုကို အသုံးပြုတဲ့အခါမှာ ရှင်းရှင်းလင်းလင်းကြားရစေဖို့ စစ်ဘက်နှင့် လေကြောင်းဘက်မှာ အသုံးပြုတဲ့ အသံထွက်အက္ခရာဖြစ်ပါတယ်။
လက်ရှိ NATO အုပ်စုအသုံးပြုတဲ့ အသံထွက် အက္ခရာဖြစ်နှင့် (အယ်လ်ဖာ၊ ဘရာဗို၊ ချာလီ သကဲ့သို့) ရင်းနှီးကောင်း ရင်းနှီးပါလိမ့်မယ်။
လက်ရှိ ‘R” ဆိုသည်မှာ Romeo ရိုမီယို၏ အတိုကောက်ဖြစ်ပြီး ၁၉၅၇ နောက်ပိုင်းမှာ အသုံးပြုလာတာပါ။ ယခင်ကတော့ “R” ကို “R oger” အဖြစ် သတ်မှတ်ထားပါတယ်။
အဓိကကတော့ “Roger” ကို လက်ခံရရှိတာကို အတည်ပြုတဲ့စကား အဖြစ် အသုံးပြုခြင်းဖြစ်ပါတယ်။ ဒီလိုစကားလုံးတိုတွေကို အသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ ရှည်လျှားတဲ့ မက်ဆေ့ချ်တွေကို လဲပေးပို့ဖို့ ခက်ခဲတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
မက်ဆေ့ချ်တစ်ခုကို “R” စကားလုံးဖြင့် တုန့်ပြန်ခြင်းဟာ ရိုးရိုးရှင်းရှင်းနှင့် ပေးပို့သူကို လက်ခံရရှိကြောင်း ပြန်လည်အသိပေးတာဖြစ်ပါတယ်။ နှစ်လိုင်း ရေဒီယိုမှာတော့ “R” လို့ပြောမယ့်အစား “Roger” လို့ပြောပါတယ်။
ဒုတိယကမ္ဘာစစ်ကာလအတွင်း အသုံးပြုခဲ့တဲ့ အသံထွက်အက္ခရာများမှာ Able, Baker, Charlie, Dog, Easy, Fox, George, How, Item, Jig, King, Love, Mike, Nan, Oboe, Peter, Queen, Roger, Sugar, Tare, Uncle, Victor, William, X-ray, Yoke, Zebra တို့ဖြစ်ပါတယ်။
လက်ရှိအသုံးပြုနေတဲ့ အသံထွက် အက္ခရာများကတော့ Alfa, Bravo, Charlie, Delta, Echo, Foxtrot, Golf, Hotel, India, Juliett, Kilo, Lima, Mike, November, Oscar, Papa, Quebec, Romeo, Sierra, Tango, Uniform, Victor, Whiskey, X-ray, Yankee, Zulu တို့ဖြစ်ပါတယ်။
ယခုအခါ ဒုတိယကမ္ဘာစစ်မှာ ကျယ်ကျယ်ပြန့်ပြန့် လူသိများခဲ့တဲ့ ဒီ “Roger” ဆိုတဲ့အသုံးအနှုံးကို “Romeo” အဖြစ်အစားထိုးခဲ့ပေမယ့် (Roger မတိုင်ခင် Robert) ယနေ့အထိ နေရာတော်တော်များများမှာ သုံးနှုံးနေကြဆဲ ဖြစ်ပါတယ်ခင်ဗျာ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။