ROLEX နာရီနှင့် ပတ်သတ်ပြီး လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အချက်များ

Knowledge Tech

Rolex နာရီတွေဟာ ကမ္ဘာပေါ်မှာ အထင်ရှားဆုံး ဇိမ်ခံနာရီ အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး ၎င်းတို့ရဲ့ ထုတ်လုပ်မှုဟာ ရာစုနှစ် တစ်ခုကျော် ရှိနေပြီပဲ ဖြစ်ပါတယ်။

၎င်းတို့နှင့် ပတ်သတ်ပြီး လူသိနည်းတဲ့ အချက်အလက် အချို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

လက်ဖြင့် အနုစိတ် ပြုလုပ်ထားခြင်း

Rolex နာရီတစ်လုံးထုတ်လုပ်ဖို့ တစ်နှစ်ခန့်ကြာပါတယ်။ လက်ပတ်နာရီတိုင်းကို ဆွစ်ဇာလန်နိုင်ငံမှာ လက်ဖြင့် အနုစိတ် ပြုလုပ်ထားတာပါ။

လိုချင်တပ်မက်ဖွယ် အမှတ်တံဆိပ် နှင့် စံနှုန်းတွေကို ကိုက်ညီအောင် သေချာ အနုစိတ် ပြင်ဆင်ထားတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။

နာရီရဲ့အစိတ်အပိုင်းအားလုံးနီးပါးကို အိမ်တွင်းရှိ အခြေခံပစ္စည်းများမှ ပြုလုပ်ထားပြီး အစိတ်အပိုင်းအားလုံး ပြီးစီးတာနဲ့ လက်ဖြင့် အနုစိတ်ဆုံး တပ်ဆင်ကာ သီးခြားစမ်းသပ်မှုတွေ ပြုလုပ်တာပဲ ဖြစ်ပါတယ်။

နာရီအတွက် အရည်အသွေး အာမခံမှု လုပ်ငန်းစဉ်ကလည်း အတော်လေး ကောင်းမွန်ပါတယ်။

နာရီတိုင်းကို စျေးကွက်သို့ မတင်ပို့မီ ဖိအားဖြင့် စမ်းသပ်

ရေစိုခံနည်းပညာဟာ နာရီတိုင်းအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းလို ဖြစ်လာပါပြီ။ Rolex နာရီတိုင်းမှာ လေယိုစိမ့်မှု ရှိမရှိ ဆုံးဖြတ်ဖို့အတွက် အရေးကြီးတဲ့ လေဖိအားပေးခန်း တစ်ခုကို အသုံးပြုပါတယ်။

တကယ်လို့ နာရီမှာ ငွေ့ရည်ဖွဲ့တာဖြစ်ဖြစ် ဒါမှမဟုတ် ရေစိမ့်ဝင်တာဖြစ်ဖြစ် တွေ့ရှိမယ်ဆိုရင် ချက်ချင်း ဖျက်သိမ်းတယ်လို့ သိရပါတယ်။

904L ဟုခေါ်တဲ့ ကမ္ဘာ့စျေးအကြီးဆုံး သံမဏိကို အသုံးပြုထား

အခြားအဆင့်မြင့်အမှတ်တံဆိပ်နာရီတွေဟာ ၎င်းတို့ရဲ့ဒီဇိုင်းတွေမှာ stainless steel အဆင့် (316L) ကိုအသုံးပြုသော်လည်း 904L ကတော့ Rolex နာရီအတွက် သီးသန့်ထုတ်လုပ်မှု ဖြစ်ပါတယ်။

အဆိုပါ သံမဏိဟာ ပို၍စျေးကြီးပြီး သံချေးတက်ခြင်းတို့ကို ခံနိုင်ရည်ရှိတယ်ဟု ဆိုပါတယ်။ သံချေးတက်ခြင်းဟာ ဆားငန်ရေငုပ်သမား​တွေအတွက် တကယ့်ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။

စျေးအကြီးဆုံး Rolex နာရီကို $ 17.75 သန်းဖြင့် ရောင်းချခဲ့

6239 Daytona ဟာ သံမဏိနှင့် သားရေဖြင့် ပြုလုပ်ထားတဲ့ အထင်ရှားဆုံး Rolex မော်ဒယ်များထဲမှ တစ်ခုဖြစ်ပါတယ်။ ၂၀၁၇ အောက်တိုဘာလတုန်းက New York City ရှိ ဖီးလစ်နာရီလေလံပွဲမှာ ၎င်းကို ဒေါ်လာ 18 သန်းနီးပါးဖြင့် လေလံတင် ရောင်းချခဲ့တာပါ။

အိမ်တွင်း သတ္တုအရည်ကျိုရုံ တစ်ခုမှာ Rolex နာရီ​တွေ အတွက် လိုအပ်တဲ့ ရွှေအားလုံးကို ပြုလုပ်

Rolex နာရီတွေအတွက် လိုအပ်တဲ့ ရွှေတွေကို ကိုယ်တိုင်ပြုလုပ်တာ ဖြစ်ပါတယ်။

၎င်းတို့ဟာ ရွှေထုတ်လုပ်မှုနှင့် စက် ပစ္စည်း တွေကို ထိန်းချုပ်ထားတဲ့ အတွက်ကြောင့် အရည်အသွေးကို တင်းကြပ်စွာ အာမ ခံနိုင်ကြပါတယ်။

၎င်းဟာ လိုအပ်တဲ့ ရွှေ​တွေကို ကိုယ်တိုင်ပြုလုပ်တဲ့ တစ်ခုတည်းသော နာရီ ထုတ်လုပ်သူ ဖြစ်ပါတယ်။

ရုံးအ​ခြေစိုက်ဋ္ဌာနဟာ အဆင့်မြင့်လုံခြုံရေးထောင်တွေ အားလုံးထက် သာလွန်

Rolexဟာ ဒေါ်လာ ၁ သန်း တန်ကြေးရှိတဲ့ Everose ရွှေတုံးများကို ကိုင်ဆောင်ထားတဲ့အတွက်ကြောင့် Rolex အစိတ်အပိုင်း​​တွေကို တစ်နေရာမှတစ်နေရာသို့ ရွှေ့တဲ့နေရာမှာ ဝန်ထမ်းလက်ဗွေဖတ်စက်၊

ဘဏ်ခန်းတံခါးတွေ၊ မျက်လုံး စကင်နာတွေ နှင့် အမှတ်အသား မပါတဲ့ သံချပ်ကာ ထရပ်ကားများဖြင့် သယ်ဆောင်တာကြောင့် လုံခြုံရေး တင်းကျပ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Rolex အဓိပ္ပါယ်ရဲ့ အမှန်တကယ် ဆိုလိုရင်းကို မသိကြပါဘူး

တကယ်တော့ အဆိုပါ နာမည်ဟာ ပြင်သစ်အသုံးအနှုန်း horlogerie exquise မှ ဆင်းသက်လာပြီး လက်ရာမြောက်တဲ့ နာရီလက်ရာဟု အဓိပ္ပာယ်ရပါတယ်။

သို့သော် Rolex ကို တည်ထောင်သူ Hans Wilsdorf က Rolex ဟာ နာရီမျက်နှာပြင်ပေါ်မှာ ခပ်တိုတိုနှင့် ကြည့်ကောင်းတဲ့ စကားလုံးကို အလိုရှိ၍ အဆိုပါ အမည်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

ဂျနီဗာရှိ Rolex ရုံးချုပ် Image: Courtesy of Millenarywatches

Rolex ဟာ ဆွစ်ဇာလန် ဇိမ်ခံကုမ္ပဏီတစ်ခု ဖြစ်သော်လည်း လန်ဒန်မှ စတင်လာတာ ဖြစ်

ကုမ္ပဏီဟာ နာရီ​တွေကို မထုတ်လုပ်ဘဲ စတင်တပ်ဆင်ခဲ့တာပါ။ ညီအကိုနှစ်ယောက်ဖြစ်တဲ့ Hans Wilsdorf နှင့် Alfred Davis တို့ဟာ “Wilsdorf and Davis” အဖြစ် စတင်ခဲ့ပြီး ဇိမ်ခံပစ္စည်းကြိုက်နှစ်သက်သူတွေအတွက် လှုပ်ရှားမှု​​တွေကို စတင်ခဲ့ပါတယ်။

သို့သော် ဇိမ်ခံပစ္စည်းတွေ တင်သွင်းမှုအပေါ် ကောက်ခံတဲ့ စစ်အတွင်း အခွန်တွေ ကောက်ခံမှုကြောင့် ၁၉၁၉ ခုနှစ်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

Rolex နာရီတွေရဲ့ ရောမဂဏန်း ဒိုင်ခွက်တွေမှာ IV အစား IIII ကို ဆက်လက်အသုံးပြုဆဲဖြစ်

IIII ကို “Watchmaker’s Four” ဟုလူသိများပြီး ၎င်းဟာ အလှတရားနှင့် အမြင်အာရုံအချိုးကျတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

Rolex နာရီတွေဟာ သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ခဲ့ပြီးဖြစ်

James Cameron ဟာ ၂၀၁၂ တုန်းက မာရီယာနာ ချောက်ထဲသို့ ဆင်းသက်ခဲ့စဉ်က Rolex Deepsea Challenge ကို ပြု လုပ်ခဲ့ပြီး အနက် 12,000 မီတာ (39,370 ပေ) အထိ ရေစိမ်ခံကြောင်း အာမခံခဲ့ပါတယ်။

နာရီဟာ ရေအောက်ခရီး ၇ နာရီတစ်လျှောက်လုံး အချိန်ပြည့် ထိန်းသိမ်း ထားနိုင်တာကို တွေ့ခဲ့ရပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *