ရုရှား၏ တစီးထဲသော လေယာဉ်တင်သင်္ဘောကြီး မီးခိုးလုံးကြီးများ ထွက်နေရသည့် အကြောင်း

Knowledge Military

ရုရှားရဲ့ တစီးထဲသော လေယာဉ်တင် သင်္ဘောဖြစ်တဲ့ Admiral Kuznetsov ဟာ မီးခိုးလုံးကြီးတွေကြောင့် ကျော်ကြားပါတယ်။

၎င်းဟာ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်ပေါ်ခဲ့တဲ့အတွက် အကုန်လုံးကို ဖော်ပြဖို့ရာ ခက်ခဲပေမယ့် မီးခိုးလုံးကြီးတွေ ဘာလို့ ထွက်ရသလဲ ဆိုတာကိုတော့ ပြောပြလိုပါတယ်။

လက်ရှိမှာတော့ ရှရှားလေယာဉ်တင် သင်္ဘောကြီးဟာ အနာအဆာများစွာနဲ့ ပြုပြင်မှုတွေ ပြုလုပ်နေရပါတယ်။

အဲဒီ့အကြောင်းကို “ပျောက်ဆုံးနေသည့် ရုရှား၏ တစင်းထဲသော လေယာဉ်တင် သင်္ဘောကြီး အကြောင်း” တွင် ဖတ်ရှုနိုင်ပါတယ်။

အရည်အသွေးနိမ့် လောင်စာ

ရုရှားတို့ဟာ ၎င်းတို့ရဲ့ တစီးထဲသော လေယာဉ်တင်သင်္ဘောကြီးကို ခုတ်မောင်းနိုင်ဖို့အတွက် ပျစ်နှစ်ပြီး ကတ္တရာကဲ့သို့ မဲနက်နေတဲ့ Mazut လို့ခေါ်တဲ့ လောင်စာကို အသုံးပြုပါတယ်။

Mazut ဟာ ခေတ်နောက်ကျနေတဲ့ အရည်အသွေးနိမ့် ဓာတုလောင်စာ တမျိုး ဖြစ်ပါတယ်။

အဆိုပါ လောင်စာကို ၁၉၆၀ များနှင့် ၁၉၇၀ ခုနှစ်များက စစ်ဘက်ဆိုင်ရာ သင်္ဘောနှင့် အရပ်ဘက် သင်္ဘော အတော်များများမှာ အသုံးပြုခဲ့ကြပြီး ယနေ့ခေတ်မှာတော့ နျူကလီးယားနှင့် ဓာတ်ငွေ့တာဘိုင် အင်ဂျင်များအဖြစ် ပြောင်းလဲပြီး ဖြစ်ပါတယ်။

ဓာတ်ငွေ့တာဘိုင် အင်ဂျင်များဟာ သဘာဝဓာတ်ငွေ့နှင့် ချက်လုပ်ထားတဲ့ လောင်စာဆီများကို လောင်ကျွမ်းစေကာ လည် ပတ် ပါတယ်။

Mazut တွင်တော့ ဆာလ်ဖာပါဝင်မှု မြင့်မားပြီး ၎င်းတို့ကို Kuznetsov ရဲ့ အင်ဂျင်လောင်ကျွမ်းခန်းအတွင်းမှာ တစိတ်တပိုင်း လောင်ကျွမ်းစေပါတယ်။

Mazut

မီးခိုးလုံးကြီးများဟာ အဆိုပါ လောင်ကျွမ်းမှုမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဆိုပါ လောင်စာဟာ ရှုပ်ထွေးတဲ့ ပိုက်များနှင့် ဘွိုင်လာစနစ်များ လိုအပ်ပြီး လေယာဉ်တင်သင်္ဘောပေါ်ရှိ ပိုက်များဟာ အ ရည် အသွေး မပြည့်မီတဲ့အတွက် မကြာခဏဆိုသလို ပျက်စီးလေ့ ရှိပါတယ်။

အင်ဂျင်များဟာလည်း အင်ဂျင် ချောဆီလိုအပ်ပြီး ချောဆီများဟာလည်း လောင်ကျွမ်းမှုတွင် တစိတ်တပိုင်း ပါဝင်တဲ့ အ တွက် မီးခိုးလုံးမဲကြီးများ ထွက်ခြင်းမှာ တစိတ်တပိုင်း တာဝန်ရှိပါသေးတယ်။

ရေလုံလွန်းကျင်းတွင် လွန်းတင် မပြင်ဆင်ခင် အတော်လေး အခြေအနေဆိုးခဲ့

ဒီလေယာဉ်တင် သင်္ဘောရဲ့ ပြဿနာများဟာ တခါတရံမှာ အလွန်ကြီးမားပြီး ကိုယ်တိုင် ခုတ်မောင်းနိုင်စွမ်း မရှိတဲ့ အတွက် ဆွဲသင်္ဘောများနဲ့တောင် ဆွဲယူရပါတယ်။

ဘွိုင်လာစနစ်ဟာ အတော်လေး ဆိုးရွားပြီး တခါတရံမှာ ဘွိုင်လာ ၁ လုံးထဲသာ အလုပ်လုပ်နိုင်တဲ့အတွက် တနာရီကို ရေမိုင် ၄ မိုင် သာသာလောက်ဖြင့် ခုတ်မောင်းခဲ့ရတဲ့ အခြေအနေတွေ ရှိဖူးပါတယ်။

၂၀၁၂ ခုနှစ်လောက်တုန်းကလည်း ပြင်သစ် ကမ်းရိုးတန်းအနီးမှာ ဆွဲသင်္ဘောနှင့် ဆွဲခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

Image: Courtesy of Wikipedia

ပြုပြင်နိုင်ပါ့မလား

၂၀၂၀ ခုနှစ်အတွင်းမှာတော့ ရုရှားဟာ Murmansk ရှိ ရေတပ် သင်္ဘောကျင်းတွင် လေယာဉ်တင် သင်္ဘောမှ ပင်မဘွိုင်လာများနှင့် ဒီဇယ် ဓာတ်အားပေးစနစ်များကို လဲလှယ်မယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီလို အဆင့်မြှင့်တင်မှုမှာ Mazut ကို မီးခိုးလုံးမဲကြီးများ မထွက်အောင် လောင်ကျွမ်းနိုင်ဖို့နှင့် အင်ဂျင် လောင်ကျွမ်းခန်း ပြ ဿနာများကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။

လက်ရှိအနေအထား အရကတော့ သင်္ဘောအတွက် အသုံးပြုနေသည့် ရေလုံ လွန်းကျင်း ပြိုကျမှုကြောင့် နှောင့်နှေးမှုများ ရှိနေပြီး ၂၀၂၃ ခုနှစ်လောက်မှသာ ပြန်လည် အသုံးပြုနိုင်ဖွယ် ရှိနေပါတယ်။

သိသာသည့် ပြဿနာများနှင့် အနာဂါတ်

တကယ်တော့ ရုရှားဟာ Admiral Kuznetsov ကို နျူကလီးယား စွမ်းအင်စနစ် သို့မဟုတ် အနည်းဆုံးတော့ ဓာတ်ငွေတာဘိုင် အင်ဂျင်စနစ်ကို တပ်ဆင်သင့်တာပါ။

တည်ဆောက်စဉ်က ဆောက်လုပ်ရေး စံနှုန်း မပြည့်မှီမှုဟာလည်း အဓိကကျပြီး ဆိုဗီယက် လေယာဉ်တင် သင်္ဘောဟောင်းကို ပြန်လည်ပြုပြင်ထားတဲ့ တရုတ်မှာလည်း ရုရှားလောက် မဆိုးပေမယ့် ဒီလို ပြဿနာတွေ ရှိပါတယ်။

အလွန်အမင်း အခြေအနေ ဆိုးရွားနေသည့် ဘွိုင်လာအိုးအား လဲလှယ်နေပုံ

Liaoning ရဲ့ အင်ဂျင်ဟာ အမြန်နှုန်း အမြင့်ဆုံး ရောက်ရှိရန်အတွက် လိုအပ်သည့် ဖိအား ရရှိဖို့ အချိန် ၂ နာရီခန့် လိုအပ်ပြီး ဗြိတိန်၏ Queen Elizabeth အတန်းအစား လေယာဉ်တင် သင်္ဘောဟာ မိနစ် ၂၀ သာ လိုအပ်ပါတယ်။

ပြန်လည်တည်ဆောက်ထားတဲ့ တရုတ် လေယာဉ်တင်သင်္ဘောဟာ ရုရှားရဲ့ ပင်မလေယာဉ်တင် သင်္ဘောလောက် ပြဿနာ မကြီးမားတာဟာ ၁၉၈၅ လောက်က Admiral Kuznetsov ကိုတည်ဆောက်ပေးလိုက်တဲ့ Mykolaiv မြို့ရှိ Nikolayev ပင် လယ်နက် သင်္ဘောကျင်း၏ ညံ့ဖျင်းတဲ့ လက်ရာကြောင့်ဆိုတာ သိသာနေပါတယ်။

ရုရှားဟာ လေယာဉ်တင်သင်္ဘော သစ်များကို ထပ်မံ တည်ဆောက်ဖို့ ဆန္ဒရှိနေပြီး ၎င်းတို့၏ လေယာဉ်တင် သင်္ဘောသစ်များကို ဆိုဗီယက်ခေတ် Admiral Kuznetsov ၏ နည်းပညာ ညံ့ဖျင်းမှုများကို သင်ခန်းစာယူပြီး တည်ဆောက် ရမှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 0

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *