Stridsvagn 103 သို့မဟုတ် ဆွီဒင်လုပ် ဆုံလည်မပါသောတင့်ကား

Knowledge

ဆုံလည်မပါသောတင့်ကားဆိုပါက မည်သို့မြင်မည်မသိပါ။ ဒါကို ထိုးဖောက်ရေးအမြောက် သို့မဟုတ် တင့်ဖျက်ယာဉ် အဖြစ်သာ မြင်ကြမည်ထင်ပါတယ်။

စစ်အေးကာလ ဆွီဒင်လုပ် S-Tank လို့ခေါ်တဲ့ Stridsvagn 103 ကတော့ တခြားတင့်ကားတွေနဲ့မတူ တမူထူးခြားနေပါတယ်။

တင့်ကားများရဲ့အဓိက ဆုံလည်စနစ် မပါဝင်သော်လည်း အဆင့်မြှင့်ထားတဲ့ suspension စနစ်နဲ့ အမြှောက် ကိုလိုသလိုရွှေ့လျှားနိုင်သလို၊ ပိုမိုစစ်ကစားနိုင်စွမ်းနှင့် တိကျစွာပစ်ခတ်နိုင်စွမ်းကို ပါရရှိထားပါတယ်။

ဒါ့အပြင် စစ်အေးကာလ အရှိန်မြင့်တက်နေချိန်မှာ တခြား ပင်မတိုက်ပွဲဝင်တင့်ကားများနေရာကိုပါ နေရာယူခဲ့ပါတယ်။

S-Tank တွေဟာ ဒုတိယကမ္ဘာစစ်ပြီးနောက် ဆုံလည်ကိုအသုံးမပြုတဲ့ တစ်ခုတည်းသော တင့်ကားအမျိုးအစား ပဲဖြစ်ပါတယ်။ ဒီလို ရဲရဲဝင့်ဝင့်နဲ့ သမားရိုးကျနည်းကိုဖောက်ထွက်ဖို့ရာကတော့ အကြောင်းပြချက်တစ်ခုတော့ လိုအပ်မှာပဲဖြစ်ပါတယ်။

ဒီလို ထူးထူးဆန်းဆန်း ဒီဇိုင်းကတော့ S-Tank တွေရဲ့မြင်ကွင်းကိုကျဉ်းမြောင်းစေပြီး၊ တစ်နာရီကို ၆၀ ကီလိုမီတာနှုန်း သို့မဟုတ် ၃၇ မိုင်နှုန်းဖြင့် မြန်နှုန်းမြင့်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

တခြားနိုင်ငံများမှစစ်ဘက် ဆိုင်ရာအဖွဲ့အစည်းများက အမြင့်ဆုံး ဖျက်ဆီးနိုင်နှုန်းအပေါ်တွင် အာမခံမှုပေးနိုင်တဲ့ တင့်ကားများထုတ်လုပ် နေချိန်မှာ ဆွီဒင်ကတော့ မတူညီတဲ့ ဦးတည်မှုနဲ့ တင့်ကားများကိုထုတ်လုပ်ခဲ့ပါတယ်။

ဆွီဒင်အနေနဲ့ တင့်ကားတွေအပေါ်မှာ အဓိကစိုးရိမ်တဲ့အချက်ကတော့ တင့်ကားရဲ့ Fire Power မဟုတ်ပါဘူး။ တင့်ကားကို ပစ်ခတ်မောင်းနှင်မယ့် စစ်သည်တွေရဲ့လုံခြုံရေးကို စိုးရိမ်တာပါ။

ဘာလို့လဲဆိုတော့ S-Tank တွေရဲ့ ပစ်အား ဟာကောင်းမွန်ပြီးသားပါ။ ဒါကြောင့် အလျှင်အမြန် ရွေ့လျား နိုင်ခြင်း၊ ဘက်စုံအသုံးပြုနိုင် ခြင်း၊ ပစ်မှတ်များကိုတိကျစွာပစ်ခတ်နိုင်ခြင်း နှင့် အလွယ်တကူ ပုန်းကွယ်လို့ရနိုင်ခြင်းများနှင့် ပြည့်စုံသော တင့်ကားမျိုးကို လိုချင်ခဲ့တာဖြစ်ပါတယ်။

သို့မှသာ ဆိုဗီယက်တို့ ကျူးကျော်လာပါက S-Tank များရဲ့ စွမ်းရည် ကို အင့်အားသင့်သွားစေနိုင် ကာ စစ်ပွဲတွင် အသာစီးရယူနိုင်မှာဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်များမှာ ဒီဖြစ်ရပ်ဟာ တကယ်ကိုဖြစ်နိုင်တဲ့ အနာဂတ် ဖြစ်နိုင်ချေတစ်ခု ဖြစ်ခဲ့ပါတယ်။

ဆွီဒင်ဟာ အဲဒီ့တုန်းက NATO အဖွဲ့ဝင် မဟုတ် ပါဘူး။ ယခုထိလည်း NATO အဖွဲ့ဝင်မဟုတ်ဘဲ ဘက်မလိုက်ကြားနေအဖြစ်နေခဲ့တဲ့ သမိုင်းကာလရှည်လျှားစွာ ရှိခဲ့ပါတယ်။

ထိုသို့ကြားနေနိုင်ငံအဖြစ်ရှိနေခဲ့သော်လည်း အရှေ့နှင့်အနောက် သံတမန်ရေးအဆိုးဆုံး အနေနဲ့ တင်းမာနေတဲ့ စစ်အေးကာလမှာ ဆိုဗီယက်တို့ရဲ့မခန့်မှန်းနိုင်တဲ့စစ်ရေးခြိမ်းခြောက်မှုတွေကြုံတွေ့ခဲ့ရပါတယ်။

Stidsvagn 103 တွေကို ၁၉၆၇ မှ ၁၉၇၁ ခုနှစ်အထိ အစီးရေ ၂၉၀ လောက်ထုတ်လုပ်ခဲ့ပါတယ်။ ဒီတင့်ကား တွေဟာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာဖြင့် ပုန်းကွယ်နိုင်ရန် အမြင့် ၇ ပေ (၂.၁၄ မီတာ) ထက် မပိုသည့် အမြင့်သည့် အကောင်းဆုံးဖြစ်ကြောင်း စံနမူနာပြ ဖြစ်ခဲ့ပါသည်။

ဆုံလည်စနစ်ကို မထည့်သွင်းဖို့ကို ဒုတိယကမ္ဘာစစ်နှင့် ကိုရီးယားစစ်ပွဲများအတွင်း တင့်ကားများ ပျက်စီးဆုံးရှုံးမှုအနေအထားများကို လေ့လာပြီးနောက်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ့စစ်ပွဲနှစ်ခုစလုံးမှာ ဆုံလည်ကို တိုက်ရိုက်ထိမှန်ခံရတဲ့ တင့်ကားများဟာ အများဆုံး ဖျက်ဆီးခံခဲ့ ရလို့ဖြစ်ပါတယ်။

S-Tank များတွင် အဓိကတပ်ဆင်ထားတဲ့အမြှောက်ကတော့ Bofors 105 mm L74 rifled ဖြစ်ပြီး အလတ်စား စက်ကလေး ၃ လက် ဖြင့် ပေါင်းစပ်တပ်ဆင်ထားပါတယ်။

အဲဒီ့ စက်ကလေး ၃ လက်ထဲမှ ၂ လက်ကတော့ ခြေလျင် ပစ်ကူဖို့ အတွက်ဖြစ်ပြီး နောက်တစ်လက်ကတော့ လေယာဉ်နှင့် ရဟတ်ယာဉ် များရန်မှကာကွယ်ရန်ဖြစ်ပါတယ်။

S-Tank များဟာ အတတ်နိုင်ဆုံး တင့်ကားအတွင်းမှ စစ်သည်များ မထိခိုက် အောင် ဒီဇီုင်းဆွဲထားပြီး သံချပ်ကာကို ၁၉၂ မှ ၃၃၇ မီလီမီတာ သံချပ်ကာအထူရှိသော အကာအကွယ်နှင့် ညီမျှသည့် လျှောစောက်များဖြင့် ဒီဇိုင်းဆွဲထားပါတယ်။

တကယ့်သံချပ်ကာအထူသည် ၉၀ မှ ၁၀၀ မီလီမီတာ ထိသာရှိသော်လည်း လျှောဇောက်ဒီဇိုင်းကြောင့် သံချပ်ကာသိပ်သည်းဆကို ယခုလို တိုးမြှင့်နိုင်ခဲ့တာပါ။ ဒါ့အပြင် တင့်ကားကို နေ့အလင်းရောင်တွင် ထင်ထင်ရှားရှားမတွေ့မြင်နိုင်အောင် ဒီဇိုင်းဆွဲထားသောကြောင့် တိုက်ရိုက်ထိမှန်ခံရမှုကိုလည်း လျှော့ချနိုင်ခဲ့ပါတယ်။

S-Tank များဟာ အခြား တင်ကားများလိုပဲ ကုန်း၊ ရေ နှစ်သွယ် မောင်းနှင်နိုင်ပါသေးတယ်။ ဒါ့ကြောင့် Stridsvagn 103 ရဲ့စွမ်းရည်ဟာ ကြမ်းတမ်းတဲ့ မြေပြင် အနေအထားမှာတောင် ကောင်းမွန်စွာ စစ်ဆင်နိုင်ပြီး ထိုကာလအတွင်း ဆွီဒင်ရဲ့ အလားအလာရှိတဲ့ ခြိမ်း ခြောက်မှုတွေအတွက် လုံလောက်စွာ ကာကွယ်နိုင်စွမ်းရှိခဲ့ပါတယ်။

နိဂုံးချုပ်အနေဖြင့် စစ်ပွဲအတွင်း တစ်ခါမှမမြင်ခဲ့ရတဲ့ ဒီ S-Tank တွေဟာ ဆွီဒင်ရဲ့ အမာခံတင့်ကားတွေအဖြစ် ၁၉၆၇ မှ ၁၉၉၇ အထိ နှစ် ၃၀ တိုင်အောင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါ ဆွီဒင်လုပ် Stridsvgn 122 နှင့် Leopard 2 များဖြင့် အစားထိုးပြီးခဲ့ပြီဖြစ်ပါတယ်။

ထိုသို့ နှစ် ၃၀ ကြာအောင် တာဝန်ထမ်းဆောင် ခဲ့သည်မှာ လုံလောက်တဲ့စိတ်ချရမှုရှိသောကြောင့်ဖြစ်သဖြင့် Stridsvagn 103 ၏ စွမ်းရည်နှင့် ထူးခြားသော အသွင်အား ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *