စနေဂြိုဟ်ဟာ ၎င်း၏ ကွင်းများကို ထင်ထားတာထက် ပိုပြီး လျှင်မြန်စွာ ဆုံးရှုံးနေတဲ့ အကြောင်း

Article Science

စနေဂြိုဟ်ဟာ ၎င်းရဲ့ကွင်းများ ဆုံးရှုံးနေပြီး NASA ရဲ့ ယခင် Cassini အာကာသယာဉ်မှ အချက်အလက် အသစ်အရ အဆို ပါ ကွင်းများဟာ ယခင် ခန့်မှန်းထားတာထက် နှစ်သန်းပေါင်း ၂၀၀ စော၍ ပျောက်ကွယ်သွားမှာဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

Saturn ရဲ့ ကွင်းများနှင့် အဘယ်ကြောင့် ၎င်းတို့ဟာ ယခင် ထင်ထားတာထက် ပိုမိုမြန်ဆန်စွာ ပျောက်ကွယ် သွားရခြင်း အ ကြောင်းကို အောက်မှာ ရှင်းပြထားပါတယ်။

အကယ်၍ ကျွန်ုပ်တို့ဟာ စနေဂြိုလ်နှင့် ပတ်သတ်တဲ့ ကျောင်းမှာ သင်ကြားဖူးခဲ့မယ်ဆိုလျှင် ၎င်းရဲ့ အထင်ကရ ကွင်းများကြောင့် မှတ်မိနိုင်မှာ ဖြစ်ပါတယ်။

၎င်းတို့ဟာ ကျွန်ုပ်တို့ရဲ့ နေအဖွဲ့အစည်းအတွင်း အကြီးမားဆုံး၊ အတောက်ပဆုံးကွင်းများ ဖြစ်ပါတယ်။ အဆိုပါ ကွင်းတွေဟာ ဂြိုလ်မှ ကီလိုမီတာ ၂၈၀,၀၀၀ ကျော် ဖြန့်ကျက်လျက်ရှိပြီး ကမ္ဘာ ၆ လုံး ဆက်တိုက် အံဝင်ခွင်ကျဖြစ်လောက်အောင် ကျယ်ပါတယ်။

သို့သော် စနေဂြိုလ်ဟာ အမြဲတမ်း ဒီပုံစံ အတိုင်း ရှိနေမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူ့ကွင်းတွေဟာ လျင်မြန်စွာ ပျောက်ကွယ်နေတာကြောင့် ဖြစ်ပါတယ်။

Cassini နှင့် စနေဂြိုဟ် သရုပ်ပြပုံ

စနေဂြိုလ်ဟာရဲ့ကွင်းတွေဟာ သိပ္ပံပညာရှင်တွေ အရင် ထင်ထားတာထက် အများကြီး ပိုမြန်နေပါတယ်။

ယခုဆိုလျှင် စနေဂြိုဟ်ရဲ့ ကွင်းတွေဟာ တစ်စက္ကန့်လျှင် ကီလိုဂရမ် ၁၀,၀၀၀ နှုန်းဖြင့် ဂြိုဟ်ပေါ်ကို ရွာသွန်း နေပါသည်။ ဒါဟာ နာရီဝက်အတွင်း အိုလံပစ် အရွယ် ရေကူးကန်ကို ဖြည့်ဖို့ လုံလောက်ပါတယ်။

ဒီရွာသွန်းနေတဲ့ မိုးတွေဟာ အမှန်တကယ်ပဲ စနေဂြိုဟ်ရဲ့ အကြွင်းအကျန်များ ဖြစ်ပါတယ်။ စနေဂြိုဟ်ရဲ့ ကွင်းများကို အများအားဖြင့် ရေခဲနှင့် ကျောက်တုံးများဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပြီး အဆက်မပြတ် ပေါက်ကွဲမှုတွေကို နေမှလာတဲ့ ခရမ်းလွန် ရောင်ခြည်တွေနှင့် ဥက္ကာခဲလေးများကြောင့် ဖြစ်ပေါ်နေပါတယ်။

စနေဂြိုလ်ရဲ့ အကြွင်းအကျန်တွေအချင်းချင်း တိုက်မိတဲ့အခါမှာ ရေခဲမှုန်များဟာ အငွေ့ပျံပြီး စနေဂြိုဟ်ရဲ့သံလိုက်စက်ကွင်းနှင့် တုံ့ပြန်သည့် အားသွင်းရေမော်လီကျူးများ ဖြစ်ပေါ်လာပါတယ်။

နောက်ဆုံးမှာတော့ လေထုထဲတွင် လောင်ကျွမ်းနေတဲ့ စနေဂြိုဟ်ဆီသို့ ကျရောက်သွားတာ ဖြစ်ပါတယ်။

NASA ရဲ့ Voyager မစ်ရှင်ဟာ စနေဂြိုဟ်ရဲ့ သံလိုက်စက်ကွင်းများတွင် ဖမ်းမိသော လျှို့ဝှက်ဆန်းကြယ်ပြီး မှောင်မိုက်နေတဲ့ ကွင်းများကို ၁၉၈၀ ခုနှစ်များကတည်းက စတင်တွေ့ရှိလာတဲ့အခါမှာ ၎င်းတို့ရဲ့ ရွာသွန်းခြင်းအကြောင်းကို သိရှိလာပါတယ်။

ထိုအချိန်က သုတေသီများက အဆိုပါ ကွင်းများဟာ နှစ်ပေါင်း သန်း ၃၀၀ အတွင်း လုံးဝ ယိုယွင်းလာမည်ဟု ခန့်မှန်း ခဲ့ကြပါတယ်။

သို့သော် NASAရဲ့ ယခင် Cassini အာကာသယာဉ်ရဲ့လေ့လာတွေ့ရှိချက်များက ပိုမိုနက်ရှိုင်းတဲ့ ခန့်မှန်းချက်များကို ပေးနေပါတယ်။

၂၀၁၇ ခုနှစ်တုန်းက စနေဂြိုလ်သို့ မရောက်ရှိမီ Cassini အာကာသယာဥ်ဟာ Saturn ရဲ့အီကွေတာရှိ ကွင်း-ဖုန်များရွာသွန်းမှုပမာဏကို ပိုမိုကောင်းမွန်စွာ ကြည့်ရှု နိုင်ခဲ့ပါတယ်။

အရင်က ထင်ထားတာထက် ပိုရွာသွန်းနေတယ်ဆိုတာ သိလိုက်ရပြီး ပိုမိုရှင်းလင်းတဲ့ လေ့လာတွေ့ရှိချက်များအရ အဆိုပါကွင်းများရဲ့ တည်ရှိမှုဟာ နှစ်သန်းပေါင်း ၁၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိပ္ပံပညာရှင်များက တွက်ချက်ခဲ့ပါတယ်။

ဒါ့အပြင် စနေဂြိုဟ်ဟာ လွန်ခဲ့သော နှစ်ပေါင်း ၄.၅ ဘီလီယံခန့်က စတင် ဖွဲ့စည်းခဲ့သော်လည်း လေ့လာမှုများအရ အဆိုပါ ကွင်းများဟာ နှစ်သန်းပေါင်း ၁၀၀ မှ ၂၀၀ အထိ သက်တမ်းရှိပြီ ဖြစ်ပါတယ်။

စနေဂြိုဟ်၏ ဂြိုဟ်ရံလ Enceladus အား သရုပ်ပြထားပုံ

အဲဒါကို တွေးကြည့်လိုက်တော့ ခမ်းနားထည်ဝါတဲ့ ကွင်းတွေကို အနီးအနားမှာ တွေ့ခဲ့ရတာ တော်တော် ကံကောင်းပါတယ်။

ဘာလို့လဲဆိုတော့ ထိုကွင်းများကို လေ့လာဖို့ ကြိုးပမ်းမှုများဟာ ကျွန်ုပ်တို့အား အခြား ရှာဖွေ တွေ့ရှိမှုများ ဆီသို့ ဦးတည်စေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဥပမာ Cassini အာကာသယာဥ်ဟာ စနေဂြိုလ်ရဲ့ Enceladus လကို စူးစမ်းလေ့လာစဉ်က စနေဂြိုလ်ရဲ့ E ring သို့ပြန်သွားသော ရေခဲနှင့် ဓာတ်ငွေ့လမ်းကြောင်းကို တွေ့ရှိခဲ့ပါတယ်။

Enceladus ဟာ ကျွန်ုပ်တို့ရဲ့နေအဖွဲ့အစည်းတွင် အဖြူဆုံးနှင့် အတောက်ပဆုံးသောလ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *