Jewel beetle လို့ခေါ်တဲ့ ရွှေပိုးကောင်တွေဟာ ၎င်းတို့ရဲ့ တောက်ပတဲ့ အတောင်တွေကို ပတ်ဝန်းကျင်နှင့် တသားထဲဖြစ်အောင် အယောင်ဖျောက် ဖုံးကွယ်တဲ့ ပုံစံတစ်ခုအဖြစ် အသုံးပြုတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
အရောင်တောက်ပတဲ့ မျိုးစိတ်တွေဟာ ၎င်းတို့ကို သိသာထင်ရှားစေခြင်းက အဖော်တွေရှာဖို့ ဒါမှမဟုတ် အဆိပ်ရှိတဲ့ သားရဲတွေကို သတိ ပေးဖို့ စတဲ့ အဓိကရည်ရွယ်ချက် နှစ်ခု ဖြင့် ပြောင်းလဲကြတာပါ။
ဒါပေမယ့် သိပ္ပံပညာရှင်တွေက ရွှေပိုးကောင်လေးတွေမှာ ရှိတဲ့ ခြွင်းချက်တစ်ခု တွေ့ရှိခဲ့ပါတယ်။
ဥဒေါင်းငှက်ထီးတွေက အဖော်တွေကို ဆွဲဆောင်ရန် ရောင်စုံ အတောင်တွေကို ပြသပြီး Monarch butterfly လိပ်ပြာတွေကတော့ သူတို့ အဆိပ်တွေ သယ်ဆောင်လာတဲ့ ပုံစံနဲ့ သားရဲတွေကို သတိပေးဖို့ သူတို့ရဲ့ အတောင်တွေကို အသုံးပြုပါတယ်။
ရွှေပိုးကောင်လေးများ၏ တောက်ပတဲ့ အတောင်ပံတွေရဲ့ အထက်ပါ အချက်များနှင့် မတူတဲ့ ရည်ရွယ်ချက်ကတော့ ပုန်းကွယ် လိုတဲ့ အ တွက် ဖြစ်တယ် ဆိုတာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
သူတို့ကို သိသာ ထင်ရှားစေမယ့်အစား ပိုးကောင်တွေရဲ့ ရောင်ပြေး အတောင်ပံတွေက မြင်သာတဲ့ နေရာတွေမှာ သူတို့ကို ပုန်းကွယ် နိုင်စေတယ်လို့ သုတေသီတွေက ပြောပါတယ်။

Bristol တက္ကသိုလ်မှ ဆင့်ကဲဖြစ်စဉ်နဲ့ အပြုအမူဆိုင်ရာ ဂေဟဗေဒပညာရှင် ဒေါက်တာ Karin Kjernsmo က ကျွန်မတို့ရဲ့ လေ့လာမှုဟာ ရောင်ခြည်ဖြာထွက်မှုဟာ အလွန်ထိရောက်တဲ့ ပုံဖျောက်ပုံစံအဖြစ် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အယူအဆအတွက် ပထမဆုံး ခိုင်မာတဲ့ အ ထောက်အထားဖြစ်ပြီး နောက်ဆုံးတွင် ဒါဟာ အရောင်ပြေးတွေက များစွာသော တိရစ္ဆာန်မျိုးစိတ်တွေမှာ ဘာလို့ ပြောင်းလဲလာလဲဆိုတာကို ရှင်းပြနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ရွှေပိုးကောင်ရဲ့ အတောင်ပံတွေဟာ သူတို့ ကြည့်ရှုတဲ့ ထောင့်ပေါ် မူတည်၍ စီဒီ သို့မဟုတ် ဆပ်ပြာပူဖောင်းကဲ့သို့ နေ့စဉ်အရာဝတ္ထုတွေမှာ တွေ့မြင်ရတဲ့ တောက်ပတဲ့ သက်တံ့ကဲ့သို့သော အရောင်ကို ဖန်တီးပြီး အရောင်ပြောင်းနိုင်ပါတယ်။
ပိုမိုသိရှိရန် အဖွဲ့ဟာ ရွှေပိုးကောင်တွေရဲ့ တောင်ပံ အခြေအနေတွေကို စုဆောင်းပြီး တောထဲရှိ အရွက်တွေပေါ် မထားမီ သူတို့ကို ပိုးကောင်တွေနဲ့ တွဲထားပါတယ်။
နှိုင်းယှဉ်မှုအရ သူတို့ဟာ အခြားပိုးမွှားအုပ်စုကို အရောင်မှိုင်းတဲ့ တောင်ပံ အခြေအနေတွေနဲ့ ချဉ်းကပ်ပြီး အုပ်စု တစ်ခုစီကို ငှက်တွေ တိုက် ခိုက်လေ့ ရှိပုံကို လေ့လာခဲ့ပါတယ်။
ဒေါက်တာ Kjernsmo နဲ့ သူမရဲ့ အဖွဲ့ဟာ ရောင်ပြေး တောင်ပံများ ပါဝင်သော ပိုးကောင် တွေဟာ ငှက်တွေ သာမက လူတွေဆီက ထောက် လှမ်းခြင်းတွေကို ရှောင်ကြဥ်ရာတွင် ပိုမို ကောင်းမွန်တာကို တွေ့ရှိခဲ့ပါတယ်။

သူမက “အကြီးမားဆုံး အံ့အားသင့်စရာက လူသားတွေနဲ့ တူညီတဲ့ စမ်းသပ်ချက်ကို လုပ်လိုက်တဲ့အခါ သူတို့က အရောင် တောက်တောက်ကောင်လေးတွေကို တွေ့ဖို့ တော်တော် ရုန်းကန်ခဲ့ရတယ်လို့ ထင်တယ်” လို့ ပြောပါတယ်။
ဒေါက်တာ Kjernsmo က ဒါဟာ အရောင်ပြေးတွင် သားရဲတွေကို ရှုပ်ထွေး နိုင်ခြေရှိတဲ့ အသွင်အပြင်တွေနဲ့ အတိမ်အနက်ကို ဖုံးကွယ်နိုင်စွမ်းရှိတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
တိရစ္ဆာန်လောကတွင် အရောင်ပြေးလေးတွေနဲ့ ပုန်းကွယ်နိုင်တဲ့ အခြားမျိုးစိတ်တွေ ရှိနိုင်တယ်လို့ အဖွဲ့က ယုံကြည်ပါတယ်။
ဒေါက်တာ Kjernsmo က အရောင်ပြေးလေးတွေဟာ ရွှေပိုးကောင်လေးတွေအတွက် ထူးခြားတဲ့ အရာတစ်ခုလို့ တစ်မိနစ်တည်းနဲ့ စိတ်ကူးယဉ်တာ မဟုတ်ပါဘူး။ တကယ့်ကို အဲ့လိုသာဆိုရင် စိတ်ပျက်မိလိမ့်မယ်လို့ ပြောပါတယ်။
ဒီပိုးကောင်လေးတွေကို သူတို့ရဲ့အရောင်တွေနဲ့ ဖုံးကွယ်ထားနိုင်တယ်ဆိုတာကို တွေ့ခဲ့တာဆိုရင် အရောင်တောက်တဲ့ မျိုးစိတ် တော်တော်များများက သူတို့ရဲ့အရောင်ကို ဒီနည်းနဲ့သုံးနိုင်တဲ့ အခွင့်အလမ်းကို ပိုများလာစေပါတယ်။
တွေ့ရှိချက်တွေကို Current Biology ဂျာနယ်တွင် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။