ကြွက်ထီးများက သီချင်းများနှင့် ဆင်တူသည့် အသံလှိုင်းနှုန်းများဖြင့် ကြွက်မများကို ဆွဲဆောင်ကြပါတယ်။
လူတွေရဲ့ အကြားအာရုံက တော်တော် ကောင်းပါတယ်။ အမှန်တော့၊ နို့တိုက် သတ္တဝါများအနေနှင့် ကျွန်ုပ်တို့ အပါ အဝင် ကမ္ဘာပေါ်ရှိ တိရိစ္ဆာန်များ အကြားတွင် အကြားအာရုံ အကောင်းဆုံး တိရစ္ဆာန်တွေ အများအပြား ရှိပါတယ်။
သို့သော် နှုန်းလွန် အသံလှိုင်း Ultrasound ကဲ့သို့သော အချို့သော ကြိမ်နှုန်းတွေကတော့ ကျွန်ုပ်တို့ လူသားတွေရဲ့ အကြားအာရုံ ပြင်ပမှာပဲ ရှိနေပါတယ်။
ကြွက်တွေ ကဲ့သို့ အခြားသော နို့တိုက် သတ္တဝါတွေကတော့ ultrasonic ကြိမ်နှုန်းများဖြင့် ပုံမှန်ဆက်သွယ်ကြပါတယ်။
ကြွက်တွေ သီချင်းဆိုခြင်း
ကြွက်တွေဟာ မကြာခဏဆိုသလို ခွေးပေါက်လေးများ ကဲ့သို့ပင် အသံထွက်လေ့ရှိပြီး ဥပမာ အသိုက်နှင့် ကွဲကွာသည့် အခါ သို့မဟုတ် အအေးဒဏ်ခံစားရချိန်တို့မှာ ကြားရလေ့ရှိပါတယ်။
ကြွက်တွေဟာ ကွဲပြားတဲ့ အာရုံစိုက်မှုမျိုး ရရှိဖို့ ရှုပ်ထွေးသော ခေါ်ဆိုမှုများကို ဆန့်ကျင်ဘက် အဖော်တွေ အတွက် အသုံး ပြုကြပါတယ်။

အရွယ်ရောက်ပြီးတဲ့ ကြွက်ထီးများက ကြွက်မများ အနီးတွင် ရှုပ်ထွေးတဲ့ ခေါ်ဆိုမှုများ ပြုလုပ်ကြပါတယ်။
၂၀၀၅ ခုနှစ် PLoS ONE ဂျာနယ်တွင် ခွဲခြမ်းစိတ်ဖြာထားသော လေ့လာမှု တစ်ခုအရ အမ pheromones များကို တွေ့ရှိတဲ့အခါမှာ ခွဲခြမ်းစိပ်ဖြာမှု ပြုလုပ်ခဲ့တယ်ဟု သိရပါတယ်။
လေ့လာမှုမှာ သုတေသီ Timothy E. Holy နှင့် Zhongsheng Guo တို့က ခေါ်ဆိုမှုတွေဟာ တကောင်ချင်း အလိုက် ကွဲပြားရုံသာမက ကြွက်တကောင်ချင်းဆီရဲ့ ကွဲပြားတဲ့ အသံတွေ၊ ဆင့်ပွားအသံတွေ နှင့် ထပ်တလဲလဲ အသံတွေကို ခွဲခြား သိရှိနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
သုတေသီများက ဖုန်းခေါ်ဆိုမှုများကို မှတ်တမ်းတင်ပြီး အသံများကို နှေးကွေးသော နှုန်းများဖြင့် အသံပြန်ဖွင့်တဲ့အခါ ထွက်လာတဲ့ အသံထွက်ဟာ ငှက်သံနှင့် များစွာ တူညီကြောင်း တွေ့ရှိခဲ့ကြပါတယ်။
လူတစ်ဦးက အချို့သော ဒေသဆိုင်ရာစကားတွေကို လေယူလေသိမ်းဖြင့် ပြောဆိုတတ်သကဲ့သို့ ဒီ “သီချင်း ဆိုနေသည့်ကြွက်များ” ကလည်း ထူးခြားသည့် အသံအမျိုးအစားများကို အသုံးပြုကြတာပဲ ဖြစ်ပါတယ်။

မြေကြွက်များ၏ ယားယံသည့်အခါ ရယ်မောသလို တုန့်ပြန်မှု
မြေကြွက်တွေကလည်း ultrasonic အသံများကို ထုတ်နိုင်ပါတယ်။
သို့သော် မိတ်လိုက်စဉ် သို့မဟုတ် အခြား ရန်လိုသည့် အခြေအနေများတွင် အသံ ထွက်လေ့ရှိသည့် အသံများဟာ တိကျ သော စိတ်ပိုင်း ဆိုင်ရာတုံ့ပြန်မှုကို ညွှန်ပြနိုင်ပါတယ်။
အရွယ်ရောက်ပြီးတဲ့ မြေကြွက်တစ်ကောင်ဟာ သားကောင် တစ်ကောင်ကို ခံစားမိတာဖြစ်ဖြစ်၊ ခြိမ်းခြောက်မှု ခံစားရတဲ့ အခါ ဖြစ်ဖြစ် သို့မဟုတ် နာကျင်နေသောအခါတွေမှာ ကြိမ်နှုန်း ၂၂ ကီလိုဟတ်ဇ်ဖြင့် ခေါ်ဆိုမှုများ ထုတ်လွှတ်မှာ ဖြစ်ပါတယ်။
ကစားခြင်း သို့မဟုတ် မိတ်လိုက်ခြင်းကဲ့သို့ အပြုသဘော ဆောင်သော လှုံ့ဆော်မှုကို တုံ့ပြန်သည့်အနေနဲ့ ၎င်းတို့ရဲ့ ခေါ်ဆိုမှု အကြိမ်ရေက ၅၀ ကီလိုဟတ်ဇ် အထိ ခုန်တက်သွားတာကို တွေ့ရပါတယ်။
ပြီးတော့ အရွယ် ရောက်ပြီးတဲ့ မြေကြွက်တွေက ယားယံတာကို တုံ့ပြန်တဲ့ အနေနဲ့ ၅၀ ကီလိုဟတ်ဇ် လောက်ရှိတဲ့ အသံပြုမှု တွေကို လုပ်ဆောင်လေ့ ရှိပါတယ်။

သုတေသီတွေက ဒါဟာ လူသားတွေ ရယ်မောခြင်းနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ဓာတ်ခွဲခန်းမှာ စမ်းသပ်ထားတဲ့ လေ့လာမှုတွေလည်းရှိပါတယ်။
၂၀၀၀ ခုနှစ် Behavioral Brain Research ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုက ဒီယူဆချက်ကို စမ်းသပ်ခဲ့ပြီး “က စား နေစဉ်မှာ ဖြစ်လေ့ရှိတဲ့ လူငယ်လူရွယ်တွေရဲ့ ရယ်မောခြင်း” နဲ့ ဆင်တူတဲ့ အသံကို ကြွက်လေးတွေက ပြင်းထန်တဲ့ အသံတုံ့ပြန်မှုဖြင့် ပြသခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။
ဘာပဲပြောပြော အထီးကျန်တဲ့သူ ဖြစ်ဖြစ်၊ စိတ်ဓာတ်ကျ အားငယ်နေတဲ့သူတွေ ဖြစ်ဖြစ် ရယ်မောခြင်းက အကောင်းဆုံးဆေးပဲ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။